တရုတ်စက္ကူကွန်တိန်နာ ၉၀ နီးပါးကို ကျင်းကျိုး (Qinzhou) ဆိပ်ကမ်းမှတစ်ဆင့် အာဆီယံဈေးကွက်များဆီသို့ နေ့စဉ်တင်ပို့

 

 

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိ   ထိပ်တန်းစက္ကူ စက်ရုံ၌   ယခုနှစ်အတွင်း   အာဆီယံ နိုင်ငံများမှ   အမှာစာများမြင့်တက်နေ သဖြင့် ထုတ်လုပ်မှုလိုင်းများ အပြည့်အဝ လည်ပတ်နေကြောင်း၊ “စက်ရုံမှ ထုတ်လုပ် သော အဖြူရောင်ကတ်ထူပြားများနှင့် ပြည့်နေသော ကွန်တိန်နာ ၉၀ နီးပါးကို ကျင်းကျိုး (Qinzhou) ဆိပ်ကမ်းမှတစ်ဆင့် အာဆီယံဈေးကွက်များဆီသို့   နေ့စဉ် တင်ပို့နေပြီး   အရေအတွက်တိုးလာနေ ကြောင်း အင်ဒိုနီးရှားနိုင်ငံ Asia Pulp & Paper Sinar Mas   က   ပိုင်ဆိုင်သော အဆိုပါစက္ကူစက်ရုံ၏       ထောက်ပံ့ ပို့ဆောင်ရေးဌာန  ဒါရိုက်တာ  ကျိုးက ပြောသည်။  

 


မြင်သာထင်သာသော အကျိုးခံစားခွင့်များ


၂၀၂၂ ခုနှစ်  ဇန်နဝါရီလက    ဒေသ တွင်း ဘက်စုံစီးပွားရေး      ပူးပေါင်း ဆောင်ရွက်မှု (RCEP) စတင်အသက်ဝင် ချိန်မှစ၍ အဖွဲ့ဝင်နိုင်ငံများနှင့် ဆက်စပ် ကုမ္ပဏီများအကြား ကုန်သွယ်မှုကုန်ကျ စရိတ်များကို ပိုမိုလျှော့ချခဲ့ပြီး ဆက်စပ် ကုမ္ပဏီများသည် မြင်သာထင်သာသော အကျိုးခံစားခွင့်များကို    မြင်တွေ့ခဲ့ရ ကြောင်း၊ အကောက်ခွန်ဆိုင်ရာ အချက် အလက်များအရ ယခုနှစ် ပထမနှစ်ဝက် တွင် အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံ ၏ ကုန်သွယ်မှုသည်  ယွမ် ၂ ဒသမ ၉၅ ထရီလီယံ (အမေရိကန်ဒေါ်လာ  ၄၃၇ ဒသမ ၈ ဘီလီယံခန့်) ရှိပြီး တစ်နှစ်ထက် တစ်နှစ် ၁၀ ဒသမ ၆   ရာခိုင်နှုန်းတိုးမြင့် လာသည်ကို တွေ့ရကြောင်း၊ အာဆီယံ နိုင်ငံများမှ တင်သွင်းလာသော သစ်သား ပြားများ၊ သစ်သားပျော့ဖတ်နှင့် ကော်မှုန့် (ကစီဓာတ်) ကဲ့သို့သော ကုန်ကြမ်းများ သည်   RCEP   သဘောတူညီချက်များ ကြောင့်      ဦးစားပေးအကောက်ခွန် သက်သာခွင့်များ         ရရှိနေပြီဖြစ်ပြီး  ၎င်းသည် ကုမ္ပဏီ၏ကုန်ကျစရိတ်ကို   များစွာသက်သာစေကြောင်း    ၎င်းက ပြောကြားခဲ့သည်။

 


အင်ဒိုနီးရှားကုမ္ပဏီသည်  တရုတ်၊ လာအိုနှင့်   ကမ္ဘောဒီးယားနိုင်ငံတို့ရှိ သစ်တောရေးရာများကို   စီမံခန့်ခွဲရန် အတွက် ဇန်နဝါရီလတွင် ရုံးခွဲတစ်ခုကို တည်ထောင်ခဲ့ပြီး တရုတ်နှင့် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP)  နိုင်ငံများကြား    စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အလားအလာကို စောင့်ကြည့်နေသောကြောင့်   ကုမ္ပဏီ အနေဖြင့်    စက်မှုလုပ်ငန်းကွင်းဆက် များ တိုးချဲ့ရန်ကြိုးပမ်းခဲ့သည်။  RCEP အကောင်အထည်ဖော်မှုသည် အာဆီယံ နိုင်ငံများနှင့် တရုတ်စီးပွားရေးလုပ်ငန်း များကို       ပိုမိုပွင့်လင်းမြင်သာသော ပတ်ဝန်းကျင်တွင် စီးပွားရေးလုပ်ဆောင် နိုင်စေ၍၊  အကောက်ခွန်ရှင်းလင်းရေး လုပ်ထုံးလုပ်နည်းများကို ရိုးရှင်းစေပြီး ကုန်သွယ်မှုနှင့်    စီးပွားရေးဖလှယ်မှု များကို    လွယ်ကူချောမွေ့စေသည်ဟု  မလေးရှားနိုင်ငံမှ      စားသုံးနိုင်သော ငှက်သိုက်များကဲ့သို့   ကုန်ကြမ်းများကို တင်သွင်းနေသည့်   ကုမ္ပဏီတစ်ခုမှ လက်ထောက်အထွေထွေမန်နေဂျာလီ က ပြောကြားသည်။

 


RCEP သယ်ဆောင်လာသော ရိုးရှင်း သော အကောက်ခွန်ရှင်းလင်းမှုကြောင့် လုပ်ငန်း၏ထုတ်လုပ်မှုနှင့် လည်ပတ်မှု စွမ်းဆောင်ရည်မှာ    အလွန်တိုးတက် ကောင်းမွန်လာကြောင်း၊ မလေးရှားနိုင်ငံ မှ ကုန်ကြမ်းမှာယူမှုမှစ၍    ကုန်ပစ္စည်း လက်ခံသော အချိန်ကာလမှာ ယခင်က ၁၅ ရက် ကြာမြင့်ခဲ့သော်လည်း ယခုအခါ ငါးရက်အထိ တိုတောင်းခဲ့၍ သိုလှောင်ရုံ ကုန်ကျစရိတ်    များစွာလျှော့ချပေးခဲ့ ကြောင်း၊ ကွမ်ရှီးရှိ တရုတ်ကုမ္ပဏီများက RCEP ကြောင့်   အာဆီယံနိုင်ငံများနှင့် နက်ရှိုင်းစွာ  ပူးပေါင်းဆောင်ရွက်နိုင်မှု ရှိ၍  ၎င်းတို့၏ယုံကြည်မှုကို   မြှင့်တင် ပေးကြောင်း၊ ထိုင်းနိုင်ငံနှင့်    ပူးပေါင်း ဆောင်ရွက်နေသည့် တရုတ်ကုမ္ပဏီများ က ပြောသည်။

 


ကုန်းကြောင်း၊   ရေကြောင်းများဖြင့်  အာဆီယံနိုင်ငံများနှင့်      ချိတ်ဆက် ထားသော ကွမ်ရှီးသည် တရုတ်နိုင်ငံနှင့် RCEP အဖွဲ့ဝင်များကြား အပြန်အလှန် ဖလှယ်မှုနှင့်     ပူးပေါင်းဆောင်ရွက်မှု အတွက် အရေးကြီးသော ပြတင်းပေါက် တစ်ခုဖြစ်လာကြောင်း၊      ကွမ်ရှီးနှင့် အာဆီယံနိုင်ငံများကြားတွင် လေကြောင်း ကုန်စည်ပို့ဆောင်ရေး   လမ်းကြောင်း စုစုပေါင်း  ၁၂   ခုကို     ဖွင့်လှစ်ထားပြီး အဓိက အာဆီယံနိုင်ငံအားလုံးနီးပါးကို လွှမ်းခြုံထားကြောင်း သိရသည်။  
 

 

သတင်းရင်းမြစ်များ- မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွား‌ရေးသံမှူးများ၏ ပေးပို့မှုအချက်အလက်များ။   ခင်ရတနာ စုစည်းဖော်ပြသည်၊၊