တရုတ် - မြန်မာ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဂုဏ်ပြုညစာစားပွဲ ကျင်းပ

 

နေပြည်တော်   မေ   ၂၅
တရုတ်-  မြန်မာ  စီးပွားရေးနှင့်   ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်  ရည်ရွယ်၍ မြန်မာ နိုင်ငံဆိုင်ရာ          တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr. Chen Hai က တည်ခင်းဧည့်ခံသည့်  ဂုဏ်ပြု ညစာစားပွဲအခမ်းအနားကို ယနေ့ ညနေ ၆ နာရီက နေပြည်တော်ရှိ Horizon Lake View Resort  ၌ ကျင်းပသည်။ 
အခမ်းအနားသို့       ပြည်ထောင်စုဝန်ကြီး  ဦးသန်းဆွေ၊ ဒေါက်တာ ကံဇော်၊ ဦးကိုကိုလှိုင်နှင့် ဦးအောင်နိုင်ဦး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့ သမ္မတနိုင်ငံ   သံအမတ်ကြီး  H.E.Mr. Chen Hai၊ အမြဲတမ်း အတွင်းဝန်များနှင့်  တာဝန်ရှိသူများ တက်ရောက်ကြသည်။ 
အခမ်းအနားတွင်      နိုင်ငံခြားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ (ယာပုံ)နှင့်    မြန်မာနိုင်ငံဆိုင်ရာ   တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr. Chen Hai တို့က  ဂုဏ်ပြုအမှာစကားများ ပြောကြားကြသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ Economic and Commercial Counsellor များ  ဖြစ်ကြသည့် Mr. Tan Shufu နှင့် Mr.OuyangDaobing တို့က နှုတ်ခွန်းဆက်စကားများ ပြောကြားသည်။ 
ယင်းနောက်       ပြည်ထောင်စုဝန်ကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ      တရုတ်ပြည်သူ့သမ္မတနိုင်ငံ    သံအမတ်ကြီးတို့သည်    အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ     ဂုဏ်ပြုညစာကို   အတူတကွ သုံးဆောင်ကြသည်။
သတင်းစဉ်