တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာလမ်းကြောင်းသစ်မှ တစ်နှစ်အတွင်း တန်ချိန်တစ်သောင်းကျော် ကုန်စည်ကူးသန်း

 

ရန်ကုန်   ဩဂုတ်  ၂၅


တရုတ်- မြန်မာ- အိန္ဒိယသမုဒ္ဒရာ လမ်း ကြောင်းသစ် (ရန်ကုန်-လင်ချန်း-ချန်တူး) ရေကြောင်း၊ ကားလမ်း၊ရထားလမ်း ပူးတွဲ သယ်ယူပို့ဆောင်ရေး စတင်ဆောင်ရွက် သည့် တစ်နှစ်တာကာလအတွင်း သယ်ယူ ပို့ဆောင်ရေး အခေါက်ရေ ၁၄ ကြိမ်ခန့်ရှိ လာပြီး  စုစုပေါင်းကုန်စည်  တန်ချိန် ၁၀၅၀၀ ခန့် ကူးသန်းခဲ့ကြောင်း   မြန်မာ နိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သိရသည်။

 


သယ်ယူမှုအခေါက်   ၁၄    ကြိမ်မှ ကုန်စည်တန်ဖိုးမှာ ယွမ်သန်း ၂၀၀ နီးပါး ရှိခဲ့ပြီဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် ဩဂုတ်လ က    တရုတ်-  မြန်မာ -  အိန္ဒိယသမုဒ္ဒရာ လမ်းကြောင်းသစ်ကို စမ်းသပ်စတင်ခဲ့ ကြောင်း၊    ပထမဆုံး   ကွန်တိန်နာကို စင်ကာပူနိုင်ငံမှ     စတင်ပို့ဆောင်ထား ကြောင်း သိရသည်။

 


နိုင်ငံတကာ        ကုန်စည်များသည် မြန်မာနိုင်ငံ၏     ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပြီး          မော်တော်ကားလမ်း ပို့ဆောင်ရေးဖြင့် မြန်မာနိုင်ငံအထက်ပိုင်း မှတစ်ဆင့်           ချင်းရွှေဟော်နယ်စပ်မှ လင်ချန်းသို့ရောက်ရှိကာ    ထိုမှတစ်ဆင့် အထူး မီးရထားပို့ဆောင်ရေးဖြင့် ချန်တူး အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ ပို့ဆောင် ရောက်ရှိခြင်းဖြစ်သည်။                

သီရိ