တရားဥပဒေစိုးမိုးရေး   

 

“အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” ဆိုသည့်အတိုင်း စာသင်ကျောင်းမှ အမျိုးသားစည်းကမ်းများကို ဆောင်ရွက်ပေးနိုင် ရန်နှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစည်းကမ်းများကို လိုက်နာရန်လိုကြောင်း၊  ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ပညာသင်ကြားရေးကိုသာ အလေးထားစေလိုကြောင်း၊ သူ့နေရာနှင့်သူသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊  တရားဥပဒေ စိုးမိုးရေးအတွက် အဓိကအားဖြင့် ပြည်သူများအနေဖြင့် ဥပဒေကိုနားလည်ရန် အရေးကြီးကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် တက္ကသိုလ်၊ ကောလိပ်များတွင်  ဥပဒေပညာရပ်များ သင်ကြားရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်တွင် ဥပဒေအား လေးစားလိုက်နာခြင်းမရှိပါက တရားဥပဒေစိုးမိုးရေး မဖြစ်နိုင်သကဲ့သို့ လွတ်လပ်ပြီးတရားမျှတသည့် သန့်ရှင်းသည့် ဒီမိုကရေစီစနစ် မဖြစ်နိုင်ကြောင်း။


(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၄-၅-၂၀၂၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  အစည်းအဝေး၌  ပြောကြားသည့်အမှာစကားမှ ကောက်နုတ်ချက်)