တရားမဝင်သစ်မျိုးစုံ၊ လူသုံးကုန်ပစ္စည်း၊ စားသောက်ကုန်ပစ္စည်း၊စက်မှုကုန်ကြမ်းပစ္စည်းနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်   သြဂုတ်   ၃၁


တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ် ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက် စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၂၉ ရက် တွင်  ချင်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော ပူးပေါင်းစစ်ဆေး ရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဟားခါး-ဂန့်ဂေါကားလမ်း ကားကြီးကွင်းအတွင်း ဖလမ်းမြို့မှ  ဟားခါးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်နှစ်စီးပေါ်၌  တရားမဝင်သယ်ဆောင်လာသော အရက် မျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၂၈၀၀၀) ကို  ဖမ်းဆီးရမိခဲ့ပြီး ချင်း ဝိသေသတိုင်းအက်ဥပဒေနှင့်အညီ   အရေးယူဆောင်ရွက်လျက်ရှိသည်။ 

 


ထို့ပြင် ဩဂုတ် ၃၀  ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှု ဖြင့် မွန်ပြည်နယ် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကုန်တင်ယာဉ်သုံးစီး ပေါ်၌ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားခြင်းမရှိသော လူသုံးကုန်ပစ္စည်းမျိုးစုံ၊ စက်မှုကုန်ကြမ်းပစ္စည်းများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၈၀၂၃၅၃၂)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့်  ကုန်တင်ယာဉ်  သုံးစီး   (ခန့်မှန်းတန်ဖိုးငွေကျပ်   ၂၇၀၀၀၀၀၀၀)နှင့် နောက်တွဲယာဉ် သုံးစီး (ခန့်မှန်းတန်ဖိုးငွေကျပ်    ၇၅၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၇၃၀၂၃၅၃၂) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။

 


ယင်းအပြင်    စစ်ကိုင်းတိုင်းဒေသကြီး    တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏    စီမံခန့်ခွဲမှုဖြင့်   မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘုတလင်မြို့ မြို့မစျေးရှေ့၌ Pajero အမျိုးအစား လိုင်စင်မဲ့မော်တော် ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 


အလားတူ ရခိုင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သံတွဲခရိုင် သစ်တောဦးစီးဌာန ဦးဆောင် သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ  တောင်ကုတ် မြို့နယ်နှင့် သံတွဲမြို့နယ်တို့အတွင်း  တရားမဝင်သစ်မျိုးစုံ  ၁၃ ဒသမ ၉၀၄၄ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၇၈၂၈၄)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 


၎င်းအပြင် နေပြည်တော်ကောင်စီ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် လယ်ဝေးမြို့နယ်သစ်တောဦးစီးဌာန ဦးဆောင်သော    ပူးပေါင်းစစ်ဆေးရေးအဖွဲ့က      တောင်တွင်းကြီး-ပျဉ်းမနား အစုန်စာပို့ရထား ဆိုက်ရောက်စဉ် ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အဆိုပါရထားပေါ်တွင် တရားမဝင်သယ်ဆောင်လာ သော ကျွန်းသစ် တန် ၀ ဒသမ ၂၄၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။ 

 


ထို့အတူ သြဂုတ် ၃၁ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်  တိုင်းဒေသကြီး အကောက်ခွန်ဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က ကင်းလှည့် စစ်ဆေးမှုများဆောင်ရွက်စဉ် မန္တလေး-ပြင်ဦးလွင်ကားလမ်း မိုင်တိုင် အမှတ်(၁၈)မိုင် (၆)ဖာလုံ အနီးတွင် လမ်းဘေး၌ ပိုင်ရှင်မဲ့စုပုံထားသော စက္ကူဖဲထုပ် ၅၃၈ ဖာ   (ခန့်မှန်းတန်ဖိုးငွေကျပ်   ၁၆၁၄၀၀၀၀)  ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ  အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 


ယင်းအပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သာယာဝတီခရိုင်    မင်းလှမြို့နယ်အတွင်း      တရားမဝင်ကျွန်းသစ် ၇ ဒသမ ၃၀၇၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၄၁၇၁၆)ကို ဖမ်းဆီး ရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ 

 


သို့ဖြစ်ပါ၍  သြဂုတ်  ၂၉  ရက်၊ ၃၀   ရက်နှင့်  ၃၁ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ  အမှုတွဲ ၁၇ မှု၊   (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၉၉၉၄၆၅၃၂ ) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။            

    သတင်းစဉ်