တရားမဝင်သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်း၊ မော်တော်ကားအပိုပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်   ဒီဇင်ဘာ   ၂၄
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး   ဦးဆောင် ကော်မတီ၏   ကြီးကြပ်ကွပ်ကဲမှုဖြင့်   တရားမဝင် ကုန်သွယ်မှုများကို   ဥပဒေနှင့်အညီ   ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး    ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏   စီမံခန့်ခွဲမှုဖြင့်   စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၂၀  ရက်တွင် တာဝန်ကျ ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက      ဘုရားကြီးမြို့ အထွက် ရွှေသံလွင်တိုးဂိတ်၌ မော်တော်ယာဉ်တစ်စီး ပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် မော်တော်ကားအပိုပစ္စည်း များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၄၄၀၀၀၀)နှင့် အဆိုပါ ပစ္စည်းများတင်ဆောင်လာသော ISUZU အမျိုးအစား မော်တော်ယာဉ်တစ်စီး  (ခန့်မှန်းတန်ဖိုး   ငွေကျပ် ၄၀၀၀၀၀၀၀)ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းအရ လည်းကောင်း၊ ဒီဇင်ဘာ ၂၃ ရက်တွင် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေး ရေးအဖွဲ့များက တောင်ငူခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ်နှင့်သစ်မာ ၁၈ ဒသမ ၈၆၀၈ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၇၄၄၄၄၁၂)ကို သစ်တောဥပဒေအရ လည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၂၈၈၄၄၁၂ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက် ရှိသည်။
အရေးယူဆောင်ရွက်လျက်
အလားတူ ဒီဇင်ဘာ ၂၂ ရက်တွင် တနင်္သာရီတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏     စီမံခန့်ခွဲမှုဖြင့်    ထားဝယ်မြို့နယ် ကျောက်ရပ်ကျေးရွာ   မြိတ် - ထားဝယ် ကားလမ်း ပေါက်တိုင်းတံတားစစ်ဆေးရေးဂိတ်၌   တာဝန်ကျ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က      စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရား၀င်စာရွက်စာတမ်း အထောက် အထား    တင်ပြနိုင်ခြင်းမရှိသည့်   ရော်ဘာကြိတ် ရာတွင် ထည့်သွင်းရသော ဓာတုဆေးရည်တစ်မျိုး ဖြစ်သည့် Concentrated  Acid for Rubber ၅၀ ကီလိုဂရမ်  (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော Golden Dragon MINI BUS အမျိုးအစား မော်တော်ယာဉ် တစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၉၃၀၀၀၀၀ ကို သိမ်းဆည်းရမိ ခဲ့ပြီး    အကောက်ခွန်  လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ 
ထို့အပြင်  မကွေးတိုင်းဒေသကြီး   တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့်   တာဝန်ကျ  ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ငဖဲမြို့နယ် ပျဉ်းဝ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ TOYOTA Wish နှင့် HONDA Fit အမျိုးအစား မော်တော်ယာဉ်နှစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၅၀၀၀၀၀)နှင့် မကွေးမြို့  မြို့အဝင်(မြောက်ဘက်ဂိတ်)      ကံပြားကျေးရွာ၌ လိုင်စင်မဲ့   Subaru   Sambar  TT2  အမျိုးအစား မော်တော်ယာဉ် တစ်စီး  (ခန့်မှန်းတန်ဖိုး  ငွေကျပ် ၃၅၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊   သရက်မြို့နယ်  သရက်-ကိုးပင်ရွာသွား ကားလမ်းဝဲဘက်ခြမ်း      နှစ်ဖာလုံခန့်အကွာ၌ တရားမဝင် ကျွန်းခွဲသားဆိုက်စုံ ၁ ဒသမ ၅၀၄၆ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၉၃၀၃၆)ကို သစ်တော ဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ်  ၁၄၉၉၃၀၃၆ ကို ဖမ်းဆီးအရေးယူဆောင် ရွက်လျက်ရှိသည်။
တရားမဝင်သစ်ဖမ်းဆီး
ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့်   တာဝန်ကျ  ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၂၂ ရက်တွင် ကန့်ဘလူမြို့နယ်၌ လိုင်စင်မဲ့ Toyota Dyna အမျိုး အစား  မော်တော်ယာဉ် တစ်စီး   (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ ဒီဇင်ဘာ ၂၂ ရက်တွင် ကသာမြို့ မိုးတားလေးကျေးရွာအနီး ဧရာဝတီမြစ်ဆိပ်အနီး၌ အင်နှင့်ကညင်သစ်ခွဲသား   ၃၅  ဒသမ ၁၂၀၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၂၆၈၀၉၀)နှင့် ဒီဇင်ဘာ ၂၃ ရက်တွင် တမူး - ချောင်းဆုံသွားလမ်း စစ်တောင်း လမ်းဆုံအနီး တောစပ်၌ တရားမဝင် ကညင်သစ်ခွဲ သား ၂ ဒသမ ၉၄၈ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄၂၂၀၀)ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်း  ခန့်မှန်းတန်ဖိုးငွေကျပ်    ၆၇၁၀၂၉၀  ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဒီဇင်ဘာ ၂၀ ရက်၊ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၃ မှု ခန့်မှန်းတန်ဖိုးငွေကျပ် ၈၃၈၈၇၇၃၈ ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး   ဦးဆောင် ကော်မတီမှ သိရသည်။ 
သတင်းစဉ်