တရားမဝင်ကုန်သွယ်မှု တားဆီး/ဖမ်းဆီးနိုင်ရေးအတွက် တားဆီး/ဖမ်းဆီးဆုငွေနှင့် သတင်းပေးဆုငွေချီးမြှင့်နိုင်ရေး အသိပေးထုတ်ပြန်ခြင်း

 

၁။    မြန်မာနိုင်ငံအတွင်းသို့ လမ်းကြောင်းအသီးသီးမှ  စားသုံးရန်မသင့် သည့် စားသောက်ကုန်များ၊ အရည်အသွေးနိမ့်လူသုံးကုန်ပစ္စည်းများ၊ တရားမဝင်ဆေးဝါးများနှင့် အခွန်ပေးဆောင်ထားခြင်း မရှိ သော အကောက်ခွန်မဲ့ကုန်ပစ္စည်းများ ဝင်ရောက်မှုအား ကုန်သွယ် ရေးစခန်းများ၊ စစ်ဆေးရေးစခန်းများနှင့်   တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး  အထူး အဖွဲ့များ ဖွဲ့စည်း၍ တားဆီး/ဖမ်းဆီးခြင်းများ ဆောင်ရွက်လျက် ရှိပါသည်။

 

၂။    တရားမဝင်ကုန်သွယ်မှုများကြောင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် များစွာထိခိုက်ခြင်း၊ တရားမဝင်ကုန်သွယ်မှု ကြောင့် တရားဝင်လုပ်ကိုင်နေသော လုပ်ငန်းများကို အဟန့်အတား ဖြစ်စေခြင်း၊ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်နေသည့်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား  စီးပွားရေးလုပ်ငန်းများ အနေဖြင့်  တရားမဝင် ကုန်စည်များနှင့် ပြိုင်ဆိုင်ရောင်းချနိုင်စွမ်း နည်းပြီး ရေရှည်ရပ်တည်ရန် ခက်ခဲလာခြင်းတို့ကြောင့်  တရားမဝင် ကုန်သွယ်မှုလုပ်ငန်းများ   တားဆီးထိန်းချုပ်နိုင်ရေးလုပ်ငန်းစဉ် များ၌ ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်မှသာ ပိုမိုထိရောက် စွာ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

 


၃။    တရားမဝင်  တင်သွင်း/တင်ပို့မှုများနှင့်  ပတ်သက်၍  တားဆီး/ဖမ်းဆီးပစ္စည်းများအပေါ် ရွေးယူဒဏ်ငွေတပ်ရိုက်ခြင်း သို့မဟုတ် လေလံတင်ရောင်းချခြင်းမှ ရရှိငွေ၏ ၃၀ ရာခိုင်နှုန်းအား ဖမ်းဆီးသူ များအားလည်းကောင်း၊ ၂၀ ရာခိုင်နှုန်းအား သတင်းပေးသူများအား လည်းကောင်း  ပြည်ထောင်စုအစိုးရအဖွဲ့၏  အမိန့်ကြော်ငြာစာ အမှတ် ၇၀/၂၀၂၀ လုပ်ထုံးလုပ်နည်းနှင့်အညီ  ဆုငွေချီးမြှင့်လျက် ရှိပါသည်။

 


၄။    တရားမဝင်  တင်သွင်း/တင်ပို့မှုများ တွေ့ရှိပါက  တင်သွင်း/တင်ပို့ ပစ္စည်းများနှင့်ပတ်သက်၍   တားဆီး/ဖမ်းဆီးနိုင်သည့် သတင်း အချက်အလက်တိတိကျကျဖော်ပြ၍ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များထံသို့   တရားမဝင်  တင်သွင်း/တင်ပို့ခြင်းအား ဖမ်းဆီးနိုင်ရေး လျှို့ဝှက်လုံခြုံစွာ သတင်းပေး၊ တိုင်ကြားနိုင်ပါသည်။ 

 


၅။    သတင်းပေးပို့သူနှင့်       ပတ်သက်သော       အချက်အလက်များကို လျှို့ဝှက်စွာ ထိန်းသိမ်းထားရှိမည် ဖြစ်ပါသည်။  သတင်းပေးပို့ခြင်း အတွက် ရရှိမည့်ဆုငွေများအား လျှို့ဝှက်စွာ ဆက်သွယ် အကြောင်း ကြား၍ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်၍ ဆက်သွယ်ထုတ်ပေး သွား မည့်အပြင်  သတင်းပေးသူအား လျှို့ဝှက်ထားရှိမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သတင်းရရှိပါသည်။

 


၆။    သတင်းပေးဆက်သွယ် တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-