တရားမဝင်ကျွန်းသစ်၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ ယာဉ်အပိုပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်    မေ    ၄


တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး       ဦးဆောင် ကော်မတီ၏    ကြီးကြပ်ကွပ်ကဲမှုဖြင့်    တရားမဝင် ကုန်သွယ်မှုများကို    ဥပဒေနှင့်အညီ   ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး     ဆောင်ရွက်လျက်ရှိရာ
မေ ၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏    စီမံခန့်ခွဲ မှုဖြင့် အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ၊ လိုင်စင်မဲ့ ယာဉ်ဖမ်းဆီးရမိရေးအဖွဲ့မှ ဒုရဲမှူး ဦးဆောင်သော အဖွဲ့သည် မြောက်ဥက္ကလာပမြို့နယ် (၂) ရပ်ကွက် မေတ္တာလမ်းအနီး၌    တရားဝင်   စာရွက်စာတမ်း အထောက်အထား    တစ်စုံတစ်ရာ   တင်ပြနိုင်ခြင်း မရှိသည့် Toyota Harrier မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၅၀၀,၀၀၀) ကို ဖမ်းဆီး ရမိခဲ့ပြီး      ပို့ကုန်သွင်းကုန်ဥပဒေအရ    အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 


ထပ်မံ၍ မေ ၃ ရက်တွင် အကောက်ခွန်ဦးစီးဌာန ၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျအကောက်ခွန်အဖွဲ့က  မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌  စစ်ဆေး မှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိ သည့် Vacuum Cup ၉၅ ခု (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၅၀၀,၀၀၀)  နှင့်  အဆိုပါပစ္စည်းများ  တင်ဆောင် လာသည့် Mitsubishi Fuso Truck မော်တော်ယာဉ် တစ်စီး   (ခန့်မှန်းတန်ဖိုးငွေကျပ်   ၂၅,၀၀၀,၀၀၀)  စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈,၅၀၀,၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး  အကောက်ခွန်  လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 


အလားတူ  မေ ၃ ရက်တွင်  ကရင်ပြည်နယ် တရားမဝင်   ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ၏   စီမံခန့်ခွဲမှုဖြင့်   တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ     ဆောင်ရွက်ခဲ့ရာ      သံလွင်တံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဘားအံမြို့မှ သထုံမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် တစ်စီးပေါ်တွင် တရားဝင်     စာရွက်စာတမ်း     အထောက်အထား တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိသည့် Used Tyres အလုံး ၅၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၅၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mistubishi Fuso မော်တော်ယာဉ်  တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅,၀၀၀,၀၀၀)   စုစုပေါင်း  ခန့်မှန်းတန်ဖိုးငွေကျပ် ၃၈,၅၀၀,၀၀၀  ကို  ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက် လျက်ရှိသည်။ 

 


ထို့အတူ မေ ၃ ရက်တွင် မွန်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့်    တာဝန်ကျပူးပေါင်းအဖွဲ့က     သံလွင်တံတား (မော်လမြိုင်) ဘက်ခြမ်း၌ စုပုံထားသော ယိုးဒယား  နိုင်ငံထုတ် စားသုံးဆီများအား မော်လမြိုင်မြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးသို့ ပို့ဆောင်၍ အသေး စိတ်    ဖွင့်ဖောက်စစ်ဆေးခဲ့ရာ    တရားဝင်စာရွက် စာတမ်း တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် ပုစွန် နှစ်ကောင်   အဆင့်မြင့်စားအုန်းဆီ   ၉၆၀ လီတာ အပါအဝင်   စားသုံးဆီ  လေးမျိုး   (ခန့်မှန်းတန်ဖိုး ငွေကျပ်     ၁၁,၂၆၅,၀၀၀)  ကို     ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်    လုပ်ထုံးလုပ်နည်းများနှင့်    အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 


ထို့အပြင်    ပဲခူးတိုင်းဒေသကြီး      တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် တိုင်းဒေသကြီးသစ်တောဦးစီးဌာန ဦးဆောင် သော ပူးပေါင်းအဖွဲ့များက မေ ၃ ရက်တွင် တောင်ငူ ခရိုင်အတွင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရား မဝင် ကျွန်းသစ် ၂၈ ဒသမ ၄၆၅ တန်နှင့် သစ်မာ              ၄  ဒသမ  ၀၈၂၀    တန်    (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂,၁၉၃,၁၇၈) ကိုလည်းကောင်း၊  မေ  ၄  ရက်တွင် ပဲခူးခရိုင်နှင့်  တောင်ငူခရိုင်အတွင်း  စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားမဝင်ကျွန်းသစ် ၁၄ ဒသမ ၈၁၃   တန်နှင့်    သစ်မာ   ၃  ဒသမ  ၇၆၀၄  တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၉,၁၇၉,၉၃၂)  ကို  လည်း ကောင်း     စုစုပေါင်း     ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁,၃၇၃,၁၁၀ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 


သို့ဖြစ်ပါ၍ မေ ၁ ရက်၊ ၃ ရက်နှင့် ၄ ရက် တွင် ဖမ်းဆီးရမိမှု  စုစုပေါင်းမှာ  အမှုတွဲ  ရှစ်မှု   ခန့်မှန်း တန်ဖိုးငွေကျပ် ၁၀၃,၁၃၈,၁၁၀ ဖြစ်ကြောင်း တရား မဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။  


သတင်းစဉ်