တရားမဝင် သစ်မျိုးစုံ၊ တိရစ္ဆာန်အစာ၊ လူသုံးကုန်ပစ္စည်း၊ လုပ်ငန်းသုံးပစ္စည်း၊ ကျောက်စိမ်းအချောထည်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်      နိုဝင်ဘာ    ၁


တရားမဝင်  ကုန်သွယ်မှုတိုက်ဖျက်ရေး  ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့် အညီ ထိရောက်စွာ  တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိရာ အောက်တိုဘာ ၂၈ ရက်တွင်  အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ တာဝန်ကျ အကောက်ခွန်စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ   ဆောင်ရွက်ခဲ့ရာ  ကုန်သေတ္တာတစ်ခုအတွင်းတွင်  သွင်းကုန်လိုင်စင် တင်ပြနိုင်ခြင်းမရှိသည့်   Aluminium  Materials   အပါအဝင်  ပစ္စည်း ခုနစ်မျိုး    (ခန့်မှန်းတန်ဖိုးငွေကျပ်  ၁၄၂၈၀၀၀)ကို       သိမ်းဆည်းရမိခဲ့ပြီး     အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ   အရေးယူဆောင်ရွက်လျက် ရှိသည်။

 


ထို့ပြင်   အောက်တိုဘာ ၃၀ ရက်တွင်  ကချင် ပြည်နယ်  တရားမဝင်   ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏       စီမံခန့်ခွဲမှုဖြင့်     တပ်မတော်နှင့်  ဗန်းမော်မြို့နယ်    အကောက်ခွန်ဦးစီးဌာနတို့ပါဝင် သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ    ဗန်းမော်မြို့အထွက်    (၅)မိုင် စီအင်လုံခြုံရေးဂိတ်တွင်   မော်တော်ယာဉ်နှစ်စီးပေါ်၌ တရားမဝင်    သယ်ဆောင်လာသော  ကျောက်စိမ်းဟု ယူဆရသည့်   အရွယ်စုံ   လက်ကောက်ကွင်းများနှင့် ပုတီးစေ့များ ၃၉၇ ဒသမ ၃ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုး ငွေကျပ်  ၆၃၅၆၈၀၀၀)နှင့်   အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်နှစ်စီး  (ခန့်မှန်း တန်ဖိုးငွေကျပ်   ၆၀၀၀၀၀၀)  စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ်  ၆၉၅၆၈၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ    အရေးယူ ဆောင်ရွက်လျက်ရှိသည်။ 

 


ယင်းအပြင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏    စီမံခန့်ခွဲမှု ဖြင့်    သစ်တောဦးစီးဌာနဦးဆောင်သော  ပူးပေါင်း အဖွဲ့က  စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ  ပုသိမ်ခရိုင် သာပေါင်းမြို့နယ်အတွင်း    တရားမဝင်   သစ်မျိုးစုံ   ၂ ဒသမ ၇၆၃၃   တန်     (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၃,၄၃၁) ကို   ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 


ထို့အတူ အောက်တိုဘာ ၃၁ ရက်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်  တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၊    ဒုတိယအဖွဲ့ခေါင်းဆောင် ဦးဆောင်သော   ပူးပေါင်းအဖွဲ့က   ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌           ခရီးသည်ဝန်စည်များကို  ရှောင်တခင်စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ  တင်သွင်း ခွင့် အထောက်အထား  တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့်   အလှကုန်ပစ္စည်းများ   (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၅၆၇၂၇၀၀) ကို    သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ  အရေးယူ ဆောင်ရွက်လျက်ရှိသည်။ 

 


ယင်းအပြင် နိုဝင်ဘာ ၁ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး   အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်   ကော့ကရိတ်(တံတားကျိုး)  စုပေါင်း စစ်ဆေးရေးစခန်း၌    တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ  မြဝတီမြို့မှ  ရန်ကုန် မြို့သို့ မောင်းနှင်လာသော  မော်တော်ယာဉ်တစ်စီး ပေါ်၌ တရားဝင်စာရွက်စာတမ်း  အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် တိရစ္ဆာန်အစာ အိတ် ၆၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး     အကောက်ခွန်လုပ်ထုံးလုပ်နည်း နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 


အလားတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှု ဖြင့် မွန်ပြည်နယ် မရမ်းချောင်အမြဲတမ်း စစ်ဆေးရေး စခန်း၌    တာဝန်ကျပူးပေါင်းအဖွဲ့က   စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ    မော်တော်ယာဉ်   တစ်စီးပေါ်၌ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားခြင်း မရှိသည့် Spray Paint ဖာ ၆၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၂၀၀၀၀)နှင့်   အဆိုပါပစ္စည်းများ  တင်ဆောင်လာ သည့် Dong Feng    အမျိုးအစား   Tractor Head  တစ်စီးနှင့်   နောက်တွဲယာဉ်တစ်တွဲ  (ခန့်မှန်းတန်ဖိုး ငွေကျပ်  ၁၂၀၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ်    ၁၂၁၉၂၀၀၀၀) ကို    ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ    အရေးယူ ဆောင်ရွက်လျက်ရှိသည်။ 

 


၎င်းအပြင်     ပဲခူးတိုင်းဒေသကြီး     တရားမဝင်  ကုန်သွယ်မှုတိုက်ဖျက်ရေး  အထူးအဖွဲ့၏  စီမံခန့်ခွဲမှု ဖြင့်   တိုင်းဒေသကြီး   သစ်တောဦးစီးဌာနဦးဆောင် သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ  ညောင်လေးပင်ခရိုင်  ကျောက်တံခါးမြို့နယ်  ရဲနွယ် ကြိုးဝိုင်းအတွင်း တရားမဝင်  သစ်မျိုးစုံ  ၅ ဒသမ ၃၁၃၀ တန် (ခန့်မှန်းတန်ဖိုးငွေကျပ်  ၁၀၂၇၁၁၆)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။ 

 


သို့ဖြစ်ပါ၍ အောက်တိုဘာ၂၈ ရက်၊၃၀ ရက်၊ ၃၁ ရက်နှင့်  နိုဝင်ဘာ ၁ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစု ပေါင်းမှာ အမှုတွဲ ၁၂ မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၁ ၃၀၉၂၄၇) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက် ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်