တရားမဝင် သစ်မျိုးစုံ၊ ရေနံစိမ်း၊ စားသောက်ကုန်၊ လူသုံးကုန်၊ လျှပ်စစ်ပစ္စည်း၊ ဆေးဝါးကုန်ကြမ်းပစ္စည်း၊ ယာဉ်/ယန္တရား အပိုပစ္စည်းများ၊ စက်လှေနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်    ဇွန်    ၂၉


တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး  ဦးဆောင်ကော်မတီ၏    ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို  ဥပဒေ နှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိရာ     အကောက်ခွန်ဦးစီးဌာန၏      စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ်    မရမ်းချောင်အမြဲတမ်း    စစ်ဆေးရေးစခန်း၌    တာဝန်ကျပူပေါင်းအဖွဲ့က  စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ     ဇွန် ၂၆ ရက်တွင်  မြဝတီမြို့မှ  ရန်ကုန်မြို့သို့  မောင်းနှင်လာ သည့်  ကုန်တင်ယာဉ်တစ်စီးပေါ်၌  သွင်းကုန်ကြေညာလွှာ  (ID) တွင် ကြေညာထားသည်ထက် ပိုမိုသယ်ဆောင်လာသော ဖိနပ်မျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉၀၀၀၀၀)ကို လည်း ကောင်း၊ ရန်ကုန်-မြဝတီ  ပြည်ထောင်စုလမ်းမကြီး မိုင်တိုင် အမှတ် (၉၅/၅)မိုင်ခန့် ရှောင်ကွင်းလမ်းထိပ်တွင် ကုန်တင် ယာဉ်တစ်စီးပေါ်၌ တရားဝင် စာရွက်စာတမ်း အထောက် အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့်  Nissan Sky Line (ECR33) အမျိုးအစား ပြိုင်ကားတစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၀၀၀၀၀၀) (အပေါ်ယာပုံ) နှင့် အဆိုပါပြိုင်ကားကို တင်ဆောင်လာသည့် ISUZU NPR81 အမျိုးအစား ကုန်တင် ယာဉ် တစ်စီး  (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀)ကို လည်းကောင်း၊    ဇွန် ၂၇ ရက်တွင်    ကုန်တင်ယာဉ်တစ်စီးပေါ်၌    သွင်းကုန်ကြေညာလွှာ (ID) တွင်  ကြေညာထားသည်ထက်     ပိုမိုသယ်ဆောင်လာသော သန့်စင်ခန်းသုံးပစ္စည်းများ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၉၉၈၀၀၀)ကို လည်းကောင်း၊ ဇွန် ၂၉ ရက် တွင်   မြဝတီမြို့မှ   ရန်ကုန်မြို့သို့    မောင်းနှင်လာသည့်  မော်တော်ယာဉ်တစ်စီးပေါ်၌ သွင်းကုန်ကြေညာလွှာ (ID) တွင်  ကြေညာထားသည်ထက်   ပိုမိုတင်ဆောင်လာသော ကားတာယာများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၅၄၀၀၀၀)ကို လည်းကောင်း   စုစုပေါင်း   (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၇၄၃၈၀၀၀)ကို  ဖမ်းဆီးရမိခဲ့ပြီး  အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 


အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ


အလားတူ   ဇွန် ၂၇ ရက်တွင်   ရှမ်းပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး   အထူးအဖွဲ့၏   စီမံခန့်ခွဲမှုဖြင့် မူဆယ်ခရိုင် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးကော်မတီ ဦးဆောင်၍ ဌာနဆိုင်ရာနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သတင်းအရစစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ မူဆယ်မြို့ ဟိုနားရပ်ကွက် မြို့ရှောင်လမ်း (ကားလေး ကွင်းအနီး)၌   ကုန်တင်ယာဉ် နှစ်စီးပေါ်တွင်   တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင် ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဆေးဝါးကုန်ကြမ်းပစ္စည်းနှင့် ယာဉ်/ယန္တရား အပိုပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၃၃၅၅၇၇၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Dongfeng အမျိုး အစား     ၁၂  ဘီး    ကုန်တင်ယာဉ်  နှစ်စီး   (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၅၀၀၀၀၀၀)   စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၈၃၅၅၇၇၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 


ထို့အတူ  မကွေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေး ရေးအဖွဲ့က  စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မကွေးမြို့နယ် စစ်ကိုးပင်ကျေးရွာအနီး ဧရာဝတီမြစ်ဆိပ်ကမ်း၌ လုပ်ငန်း လိုင်စင်မရှိဘဲ ကျောက်စုပ်လုပ်ငန်း ဆောင်ရွက်နေသည့် သစ်သားခွံစက်လှေ   ၁၂  စင်း      (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁၂၀၀၀၀၀)နှင့်   သံခွံစက်လှေ နှစ်စင်း  (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၀၀၀၀၀၀)  စုစုပေါင်း  (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉၂၀၀၀၀၀)ကို    ဖမ်းဆီးရမိခဲ့ပြီး   ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိသည်။

 


ထို့အပြင် ဇွန် ၂၈ ရက်တွင်  မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲ မှုဖြင့် လက်ပံလှ-စဉ့်ကူး ယာယီစစ်ဆေးရေး ဂိတ်၌ ပူးပေါင်း စစ်ဆေးရေးအဖွဲ့က      စစ်ဆေးမှုများ    ဆောင်ရွက်ခဲ့ရာ    မြစ်ကြီးနားမှ     လက်ပံလှဂိတ်သို့     ဝင်ရောက်လာသည့် ကုန်တင်ယာဉ်တစ်စီးပေါ်၌   တရားဝင်   စာရွက်စာတမ်း အထောက်အထား  တစ်စုံတစ်ရာတင်ပြနိုင်ခြင်း မရှိသည့် တရုတ်နိုင်ငံထုတ် မုန့်မျိုးစုံ  ဖာ  ၁၀၂၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် JING GONG အမျိုးအစား  ၂၂ ဘီး ကုန်တင်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ်   ၃၀၁၀၀၀၀၀)  ကို      ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ      အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 


တရားဝင်စာရွက်စာတမ်း တင်ပြနိုင်ခြင်းမရှိ


ယင်းအပြင်      ကရင်ပြည်နယ်     တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏  စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ် (တံတားကျိုး)    စုပေါင်းစစ်ဆေးရေးစခန်း၌   တာဝန်ကျ စစ်ဆေးရေးအဖွဲ့က     စစ်ဆေးမှုများ   ဆောင်ရွက်ခဲ့ရာ  မော်တော်ယာဉ်တစ်စီးပေါ်၌      တရားဝင်စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ  တင်ပြနိုင်ခြင်းမရှိသည့်    LEO တံဆိပ်   ဘီယာဖာ  ၇၀  (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၄၀၀၀၀)၊ အေးခဲအသား(CP) ကီလိုဂရမ် ၂၀၀ (ခန့်မှန်း တန်ဖိုး ငွေကျပ် ၄၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် TOYOTA  VOXY အမျိုးအစား မော်တော်ယာဉ် တစ်စီး   (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀)  စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ်   ၁၆၂၄၀၀၀၀ ) ကို    ဖမ်းဆီးရမိ ခဲ့ပြီး   အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ   အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 


ဆက်လက်၍ ဇွန် ၂၉ ရက်တွင် စစ်ကိုင်းတိုင်း ဒေသကြီး  တရားမဝင်  ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏   စီမံ ခန့်ခွဲမှုဖြင့်  မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော  စစ်ဆေးရေး အဖွဲ့က ရွှေဘိုခရိုင်တန့်ဆည်မြို့နယ်အတွင်း  တရားမဝင်    ရေနံစိမ်း ဂါလန် ၅၄၅၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၃၀၅၅၀၀၀) နှင့်  ရေနံချက်ဆီ  ဂါလန် ၂၅၀  (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၅၀၀၀၀)  စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ်  ၄၅၁၀၅၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့်ရေနံထွက်ပစ္စည်းများဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 


အလားတူပင်       ပဲခူးတိုင်းဒေသကြီး     တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏    စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်း အဖွဲ့က   စစ်ဆေးမှုများ  ဆောင်ရွက်ခဲ့ရာ  တောင်ငူခရိုင်   ရေတာရှည်မြို့နယ် ရိုးမကြိုးပြင် ကာကွယ်တောအတွင်း   တရားမဝင်  သစ်မျိုးစုံ  ၂ ဒသမ ၃၈၄၈  တန်  (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၉၄၃၀၂)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။ 

 


သို့ဖြစ်ပါ၍ ဇွန် ၂၆ ရက်၊ ၂၇ ရက်၊ ၂၈ ရက်နှင့် ၂၉ ရက် များတွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၃၂ မှု  (ခန့်မှန်း တန်ဖိုး ငွေကျပ်  ၂၉၆၇၃၃၀၇၂) ဖြစ်ကြောင်း  တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး     ဦးဆောင်ကော်မတီမှ   သိရ သည်။ 


သတင်းစဉ်