တရားမဝင် သစ်မျိုးစုံ၊ မော်တော်ယာဉ်အပိုပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ မော်တော်ယာဉ်နှင့် ယန္တရားများ ဖမ်းဆီးရမိ

 

နေပြည်တော်   သြဂုတ်   ၁၀


တရားမဝင်ကုန်သွယ်မှု    တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှု ဖြင့်         တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ   ထိရောက်စွာ  တားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ သြဂုတ်   ၇   ရက်တွင်    ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှု    တိုက်ဖျက်ရေး အထူးအဖွဲ့၏   စီမံခန့်ခွဲမှုဖြင့်   လားရှိုး မြို့နယ်      အကောက်ခွန်ဦးစီးဌာနမှူး ဦးဆောင်သည့်       စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ    မူဆယ် မြို့မှ မန္တ‌လေးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်တွင် တရားဝင် တင်သွင်းခွင့် စာရွက်စာတမ်း အထောက် အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိ သည့်  LED  မီးသီးများ၊ မော်တော်ယာဉ် အပိုပစ္စည်းများ၊    ဆိုင်ကယ်အပိုပစ္စည်း များနှင့် အပ်ချုပ်စက် (အဟောင်း) များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၄၄၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ  တင်‌ဆောင်လာသည့် Hino အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ်     ၂၁,၀၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁, ၄၄၀,၀၀၀)      ကို    ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ‌ ဆောင်ရွက်လျက်ရှိသည်။

 


အလားတူ    သြဂုတ်  ၈   ရက်တွင် ရန်ကုန်တိုင်းဒေသကြီး       တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်    အကောက်ခွန်ဦးစီးဌာန စုံစမ်းစစ်ဆေးရေးနှင့်         တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး        ဌာနခွဲမှ တာဝန်ကျစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ ရန်ကုန်-ဘားအံ-မြဝတီလမ်းကြောင်း မိုင်တိုင် (၄၅) အနီး တွင် သွင်းကုန်ကြေညာလွှာ  (ID)  တွင် ကြေညာထားသည်ထက် ပိုမိုတင်ဆောင် လာသော အဝတ်အထည်နှင့် လူသုံးကုန် ပစ္စည်းမျိုးစုံ      (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၁၃၇၅၁၀)  (အပေါ်ယာပုံ)  နှင့်   အဆိုပါ ပစ္စည်းများ  တင်ဆောင်လာသည့်  JAC   HFC   အမျိုးအစား     ၂၂    ဘီး     ကုန်တင် ယာဉ်တစ်စီး     (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀)ကိုလည်းကောင်း၊    ရန်ကုန် - ဘားအံ- မြဝတီလမ်းကြောင်း မိုင်တိုင် (၆၀) အနီး၌ သွင်းကုန်ကြေညာလွှာ (ID)တွင်   ကြေညာထားသည်နှင့်  ကွဲလွဲစွာ တင်‌ဆောင်လာသော      ဆိုင်ကယ်အပို ပစ္စည်းများ၊ ကလေးစီးသုံးဘီးဆိုင်ကယ် များနှင့်    ကလေးအသုံးအဆောင်ပစ္စည်း များ(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၉၄၉၅၅၀)   နှင့်   အဆိုပါစ္စည်းများ    တင်ဆောင်လာ သည့် Hino Profia  အမျိုးအစား ၁၂ ဘီး ကုန်တင်ယာဉ်တစ်စီး        (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၈၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၉၁၀၈၇၀၆၀) ကို ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ     အရေးယူဆောင်ရွက်လျက် ရှိသည်။

 


ယင်းအပြင်   သြဂုတ်  ၈    ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန်တိုင်းဒေသကြီး         မြန်မာအပြည် ပြည်ဆိုင်ရာဆိပ်ကမ်း   (သီလဝါ)    ကုန် သေတ္တာစစ်ဆေးရေးစခန်း၌ တာဝန်ကျ အကောက်ခွန်အဖွဲ့က    စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID)  ဖွင့်လှစ်ပြီး  သုံးနှစ်ကျော်လွန်သည် အထိ  လာရောက်ထုတ်ယူခြင်းမရှိသည့် Hino  Dutro Truck အမျိုးအစား ‌မော်တော် ယာဉ်တစ်စီး      (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀၁၀၆၄၀)၊ Toyota Hiace အမျိုးအစား မော်တော်ယာဉ်တစ်စီး    (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၆၁၈၇၁၀၀) နှင့် လုပ်ငန်းသုံး ယန္တရားနှစ်စီး    (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၃၄၃၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ်   ၉၁၆၂၇၇၄၀)  ကို သိမ်းဆည်း ရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်း နှင့်အညီ      အရေးယူဆောင်ရွက်လျက် ရှိသည်။

 


ထို့အတူ      ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု      တိုက်ဖျက်ရေး အထူးအဖွဲ့၏    စီမံခန့်ခွဲမှုဖြင့်  သစ်တော ဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သြဂုတ် ၈  ရက်တွင်  တိုက်ကြီးမြို့နယ်  ရန်ကုန်- ပြည်ကားလမ်း      မြို့နယ်လျှပ်စစ်ရုံးအနီး၌ တရားမဝင် ကျွန်းခွဲ သားဆိုဒ်စုံ  ၂၀ ဒသမ ၀၃၀၄  တန်    (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၂၂၀၀၆၄)   နှင့်    အဆိုပါသစ်များ တင်‌ဆောင်လာသည့်    ကုန်တင်ယာဉ် နှစ်စီး   (ခန့်မှန်းတန်ဖိုးငွေကျပ်    ၉၀ ၀၀၀၀၀၀) ကိုလည်းကောင်း၊ သြဂုတ် ၉ ရက်တွင်   လှည်းကူးမြို့နယ်    ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး   မိုင်တိုင်(၀/၀)မိုင်    လမ်းဆုံအနီးတွင်     တရားမဝင် ကျွန်းပါကေးအကြမ်းတုံး ၀ ဒသမ  ၉၉၅၂  တန်    (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅၆၈၃၂)     နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့်     မော်တော်ယာဉ်နှစ်စီး    (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၆၀၀၀၀၀၀)  ကို   လည်းကောင်း၊   စုစုပေါင်း        (ခန့်မှန်းတန်ဖိုးငွေကျပ်    ၁၂၉၈၇၆၈၉၆)  ကို    ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ          အရေးယူ  ဆောင်ရွက်လျက်ရှိသည်။

 


ထို့ပြင် သြဂုတ် ၉ ရက်တွင် စစ်ကိုင်း တိုင်းဒေသကြီး    တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏    စီမံခန့်ခွဲ မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဦး‌ဆောင်သော စစ်ဆေးရေးအဖွဲ့က     စစ်‌ဆေးမှုများ ဆောင်ရွက်ခဲ့ရာ       အရာတော်မြို့နယ် အတွင်း   KENBO  125   အမျိုးအစား လိုင်စင်မဲ့ သုံးဘီးဆိုင်ကယ်တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၀၀၀၀၀) ကို ဖမ်းဆီးရမိ ခဲ့ပြီး       ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ 

 


ယင်းအပြင်   သြဂုတ်  ၁၀  ရက်တွင်  ပဲခူးတိုင်းဒေသကြီး  တရားမဝင်ကုန်သွယ် မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲ မှုဖြင့်     စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီး       သစ်တောဦးစီးဌာန  ဦးဆောင်သောစစ်ဆေးရေးအဖွဲ့က  ပဲခူး ခရိုင်၊    ပြည်ခရိုင်နှင့်   သာယာဝတီခရိုင် များအတွင်း   တရားမဝင်သစ်မျိုးစုံ    ၆ ဒသမ ၁၃၀၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၉၈၆၆၄)  ကို    သစ်တောဥပဒေအရ လည်းကောင်း၊           မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော          စစ်ဆေးရေးအဖွဲ့က ‌ကျောက်တံခါးမြို့နယ်နှင့် ဒိုက်ဦးမြို့နယ် များအတွင်း   AD  VAN    အမျိုးအစား လိုင်စင်မဲ့ မော်တော်ယာဉ်တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၀၀၀၀၀၀) နှင့် Hilux အမျိုးအစား     လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး   (ခန့်မှန်းတန်ဖိုးငွေကျပ်   ၁၅၀၀ ၀၀၀)   ကို     ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊  စုစုပေါင်း (ခန့်မှန်းတန်ဖိုး‌‌ ငွေကျပ် ၆၂၉၈၆၆၄) ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

 


သို့ဖြစ်ပါ၍  သြဂုတ် ၇ ရက်၊ ၈ ရက်၊ ၉  ရက်နှင့်  ၁၀ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ   အမှုတွဲ  ၂၀၊    (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၆၀၈၃၀၃၆၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု        တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။ 

သတင်းစဉ်