
နေပြည်တော် နိုဝင်ဘာ ၁၄
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၁၀ ရက်တွင် ကျုံပျော်ခရိုင် ရေကြည်မြို့နယ်၌ တရားမဝင် အခြားသစ် ၇၄ ဒသမ ၃၈၈ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၄၆၀၀၆၆) နှင့် နိုဝင်ဘာ ၁၁ ရက်တွင် ပုသိမ်ခရိုင် သာပေါင်းမြို့နယ်၌ တရားမဝင် အခြားသစ် ၁၄ ဒသမ ၁၂၄ တန် (ခန့်မှန်း တန်ဖိုး ငွေကျပ် ၉၈၈၆၉၄) စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၄၄၈၇၆၀ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် နိုဝင်ဘာ ၁၂ ရက်တွင် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေးဂိတ်၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြ နိုင်ခြင်းမရှိသည့် အလှကုန် JM Solution Toner ပုလင်း ၄၅၀၊ Felicity Solar Battery သုံးလုံး အပါအဝင် ကုန်ပစ္စည်း ငါးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၈၁၂၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာ သည့် Mitsubishi Fuso Bus တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅၀၀၀၀၀၀) ကို အကောက်ခွန် လုပ်ထုံး လုပ်နည်းများအရလည်းကောင်း၊ နိုဝင်ဘာ ၁၃ ရက် တွင် တောင်ငူခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် ၃ ဒသမ ၂၃၄ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၀၀၀၀) ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၄၂၀၀၀ ကို ဖမ်းဆီး အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲ မှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၁၂ ရက်တွင် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ မြဝတီမြို့မှ မန္တလေး မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် တစ်စီး ပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် Three Mountain လည်ရှည်ဖိနပ် အရန် ၅၀၀ အပါအဝင် ကုန်ပစ္စည်း လေးမျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၁၃၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀) ကိုလည်းကောင်း၊ နိုဝင်ဘာ ၁၃ ရက်တွင် မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ ကိုးလုံးအတွင်းမှ ပိုင်ရှင်မှ စွန့်လွှတ် ကြောင်း တင်ပြလာသည့် Plastic Scrap (ပလတ် စတစ်အပိုင်းအစများ) ကီလိုဂရမ် ၁၈၈၈၆၀ ခန့်မှန်း (တန်ဖိုးငွေကျပ် ၁၁၁၅၈၅၅၇၃) နှင့် သီလဝါကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ နှစ်လုံးအတွင်းမှ ပိုင်ရှင်မှ စွန့်လွှတ်ကြောင်း တင်ပြလာသည့် Plastic Scrap (ပလတ်စတစ်အပိုင်းအစများ) ကီလိုဂရမ် ၅၅၀၂၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၉၇၃၄၄၀) ကို လည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၈၆၈၉၀၁၃ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
ထို့ပြင် နိုဝင်ဘာ ၁၃ ရက်တွင် တနင်္သာရီ တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့ များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြိတ်ခရိုင် ကျွန်းစုမြို့နယ်၌ တရားမဝင် ငါးဖမ်းရာတွင် အသုံးပြု သည့် သစ်သားကိုယ်ထည်စက်လှေ ခြောက်စင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၈၀၀၀၀၀) ကို မြန်မာ့ ပင်လယ်ငါးလုပ်ငန်းဥပဒေအရ လည်းကောင်း၊မြိတ်ခရိုင် မြိတ်ကမ်းရိုးတန်းမြို့နယ်၌ Brand 888 ဖဲထုပ် ၂၂၈ ထုပ်၊ ပုစွန်နှစ်ကောင် စားအုန်းဆီ ငါးလီတာပါ ဘူး ၁၂၀၊ ယိုးဒယားစာတန်းပါစားအုန်းဆီ ၁၂ လီတာပါ ဘူး ၂၅၀၊ ယိုးဒယား စာတန်းပါ ရော်ဘာ စက်ရုံသုံး ကြိတ်စက် လေးလုံး၊ MA MA ခေါက်ဆွဲ ခြောက်ထုပ် ၂၁၆၀၊ Singha Beer ၅၉၅၂ ဘူး၊ မုန့်အမယ်မျိုးစုံ ၆၅ ထုပ် အပါအဝင် ကုန်ပစ္စည်း ခုနစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၈၈၂၉၆၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်ထားသည့် Nissan Diesel Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀) ကို အကောက်ခွန် လုပ်ထုံးလုပ်နည်း များအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၉၆၂၉၆၀၀ ကို ဖမ်းဆီးအရေးယူ ဆောင် ရွက်လျက်ရှိသည်။
ထို့ပြင် နိုဝင်ဘာ ၁၃ ရက်တွင် နေပြည်တော် ကောင်စီနယ်မြေ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဥတ္တရသီရိ ခရိုင် တပ်ကုန်းမြို့နယ်အတွင်း၌ တရားမဝင် အခြား သစ် ၄ ဒသမ ၂၇၉ တန် (စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၉၉၅၄၄) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် နိုဝင်ဘာ ၁၃ ရက်တွင် မကွေးတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မကွေး ခရိုင် မကွေးမြို့နယ်၌ လိုင်စင်မဲ့ Toyota Ipsum မော်တော်ယာဉ် တစ်စီးနှင့် မင်းဘူးခရိုင် ပွင့်ဖြူ မြို့နယ်၌ လိုင်စင်မဲ့ Suzuki Carry မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၀၀၀၀၀) ကို ပို့ကုန် သွင်းကုန်ဥပဒေအရလည်းကောင်း(ဝဲပုံ)၊ သရက်ခရိုင် မင်းတုန်းမြို့နယ်၌ တရားမဝင် ကျွန်းသစ် ၅ ဒသမ ၂၇၇ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၈၃၃၄၈) နှင့် မင်းဘူးခရိုင် စေတုတ္တရာမြို့နယ်နှင့် ငဖဲမြို့နယ်တို့၌ တရားမဝင် ကျွန်းသစ် ၀ ဒသမ ၁၉၉ တန်၊ အခြား သစ် ၂ ဒသမ ၄၆၈ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၄၅၀၄၆) တို့ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၁၂၈၃၉၄ ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ နိုဝင်ဘာ ၁၀ ရက်၊ ၁၁ ရက်၊ ၁၂ ရက် နှင့် ၁၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၃၂ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၀၂၃၇၃၁၁) ဖြစ် ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်