
နေပြည်တော် ဒီဇင်ဘာ ၂၃
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ် ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက် စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂၁ ရက် တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ စစ်ဆေးရေး အဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ လေဆိပ်(ကုန်လှောင်ရုံ)၌ ကုန်သေတ္တာ နှစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာ ( ID ) တွင် ကြေညာထားသည်နှင့် ကွဲလွဲပါရှိလာ သည့် လုပ်ငန်းသုံးပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၉၇၅၈၉၈)ကိုလည်းကောင်း၊ မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေး စခန်း၌ ကုန်သေတ္တာ တစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားသည်နှင့် ကိုက်ညီမှုမရှိသည့် ပိတ်ဖြတ်စ (၁၆၃၉၀၀) မီတာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၇၀၁၄၀၀၀၀) ကို လည်းကောင်း၊ အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ တစ်လုံး အတွင်းမှ သွင်းကုန် လိုင်စင် တင်ပြနိုင်ခြင်းမရှိသော ပြန်လည်ပြုပြင် ထားသည့် Mini Computer ၁၀ စုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၀၀၀၀၀)ကိုလည်းကောင်း၊ မြဝတီ- ဘားအံ- ရန်ကုန် ကုန်သွယ်မှုလမ်းမကြီး၊ ဘုရားကြီး မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ မဏိရတနာကျော် ဆီဆိုင်အနီး၌ မော်တော်ယာဉ် တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားခြင်းမရှိသည့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ (ခန့်မှန်း တန်ဖိုး ငွေကျပ် ၁၃၂၇၂၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ် တစ်စီးနှင့် နောက်တွဲယာဉ် တစ်တွဲ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၀၀၀၀၀၀၀) ကို လည်းကောင်း စုစုပေါင်း ခန့်မှန်း တန်ဖိုး ငွေကျပ် ၈၅၀၄၈၇၈၉၈ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေး အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ခရီးသည်ဝန်စည်များနှင့်အတူ ရောနှောသယ်ဆာင်လာသော တရားဝင်တင်သွင်းခွင့် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင် ခြင်းမရှိသည့် အိန္ဒိယအမျိုးသမီး ဝတ်စုံ ၂၆ စုံ အပါအ၀င် ကုန်ပစ္စည်း နှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။
ထို့အတူ ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေး ရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် တစ်စီး ပေါ်၌ သွင်းကုန် ကြေညာလွှာ(ID)တွင် ကြေညာထားခြင်းမရှိသည့် လျှပ်စစ်ထမင်းပေါင်းအိုး အလုံး ၄၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် ရှမ်းပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာချီလိတ်မြို့နယ် မယ်ယန်းပူးပေါင်း စစ်ဆေးရေးဂိတ်၌ တာဝန်ကျစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တာချီလိတ်မြို့မှ ကျိုင်းတုံမြို့သို့ သွားရောက်မည့် မော်တော်ယာဉ် တစ်စီးပေါ်၌ တရားဝင်စာရွက်စာတမ်း အထောက် အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် လျှပ်စစ်ရေနွေးအိုး အလုံး ၆၀ အပါအဝင် ကုန်ပစ္စည်း နှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၇၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဒီဇင်ဘာ ၂၂ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေး အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်နှင့် ပြည်ခရိုင်များအတွင်း တရားမဝင် သစ်မျိုးစုံ (၅ ဒသမ ၈၂၆၂ )တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၆၇၇၆၂)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဒီဇင်ဘာ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၃ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၆၃၆၂၅၆၆၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်