
နေပြည်တော် သြဂုတ် ၂၀
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှု ဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၁၈ ရက်တွင် မကွေးတိုင်းဒေသ ကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်း အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ နတ်မောက်မြို့နယ် ဘုန်းတော်ပြည့် ကျေးရွာအနီး၌ Odyssey အမျိုးအစား လိုင်စင်မဲ့ မော်တော်ယာဉ်တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၅၀၀၀၀၀) ကို ပို့ကုန် သွင်းကုန်ဥပဒေအရ လည်းကောင်း၊ မင်းလှ မြို့နယ် ရှမ်းတပ်ရဲစခန်းရှေ့၌ တရားမဝင် စက်သုံးဆီ ၃၅ ဂါလန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၃၄၇၅၀၀) ကို ရေနံနှင့်ရေနံထွက် ပစ္စည်းများဆိုင်ရာ ဥပဒေအရလည်း ကောင်း၊ ဆင်ပေါင်ဝဲမြို့နယ် အရှေ့ရိုးမ ကြိုးဝိုင်းအကွက် အမှတ်(၁၀)တွင် တရားမဝင် သစ်မျိုးစုံ ၁ ဒသမ ၆၅၂၈ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၁၅၆၉၆)ကို သစ်တောဥပဒေအရ လည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉၆၃၁၉၆) ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် သြဂုတ် ၁၉ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က သရက်ချောင်းမြို့နယ် မြိတ်မြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်များ အတွင်း လိုင်စင်မဲ့ဆိုင်ကယ်သုံးစီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၆၀၀၀၀၀) ကို ပို့ကုန် သွင်းကုန်ဥပဒေအရ လည်းကောင်း၊ ရေဖြူမြို့နယ် မလွှဲတောင် စစ်ဆေးရေး ဂိတ်၌ တာဝန်ကျပူးပေါင်းစစ်ဆေးရေး အဖွဲ့က လိုင်စင်မဲ့ ဘက်ဟိုး/ ရိုဒါနှစ်မျိုး သုံး (ထွန်စက်ဘီး) ယန္တရားတစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀၀)ကို ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေအရ လည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၅၂၆၀၀၀၀၀)ကို ဖမ်းဆီး အရေးယူ ဆောင်ရွက်လျက်ရှိသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဦးဆောင်သော စစ်ဆေးရေးအဖွဲ့ က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဟုမ္မလင်းမြို့နယ်အတွင်း Kanda အမျိုး အစား လိုင်စင်မဲ့ ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
ထို့အတူ သြဂုတ် ၂၀ ရက်တွင် ပဲခူး တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် တိုင်းဒေသ ကြီး သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့ က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရေတာရှည်မြို့နယ် ရိုးမကြိုးပြင်ကာကွယ် တောအတွင်း တရားမဝင် သစ်မျိုးစုံ ၂ ဒသမ ၀ ၂၀၀ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၀၆၈၈၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိသည်။
သို့ဖြစ်ပါ၍ သြဂုတ် ၁၈ ရက်၊ ၁၉ ရက် နှင့် ၂၀ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲရှစ်မှု (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၅၇၁၂၀၀၇၆) ဖြစ်ကြောင်း တရား မဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။
သတင်းစဉ်