
နေပြည်တော် ဒီဇင်ဘာ ၉
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၇ ရက်တွင် ကရင် ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော ပူးပေါင်းစစ်ဆေး ရေးအဖွဲ့က သင်္ဃန်းညီနောင် ကျေးရွာအနီး မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်၌ ရှောင်တခင် ကင်းလှည့်စစ်ဆေးမှုများ ဆောင် ရွက်ခဲ့ရာ မော်တော်ယာဉ်တစ်စီး ပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် စားသောက် ကုန်ပစ္စည်းနှင့် လူသုံးကုန်ပစ္စည်း များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၉၉၆၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်း နှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
အလားတူ အကောက်ခွန် ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ် မရမ်းချောင် အမြဲတမ်း စစ်ဆေးရေးစခန်း၌ တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော် ယာဉ်နှစ်စီးပေါ်၌ သွင်းကုန် ကြေညာလွှာ (ID)တွင် ကြေညာ ထားခြင်းမရှိသည့် စက်ဘီး (အဟောင်း) အစီး ၁၀၀ ၊ အချိုမှုန့်ထုပ် ၂၅ ဖာနှင့် အဆိုပါ ပစ္စည်းများ တင်ဆောင် လာသည့် မော်တော်ယာဉ် နှစ်စီးနှင့် နောက်တွဲ ယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၅၈၅၄၃၇၅၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိ သည်။
အရေးယူဆောင်ရွက်လျက်ရှိ
ထို့အတူ အကောက်ခွန်ဦးစီး ဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၇ ရက်တွင် အေးရှားဝေါလ် ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ တစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားသည်နှင့် ကွဲလွဲ ပါရှိလာသည့် မျက်စဉ်းဆေးဘူး များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၆၁၆၀၀၀)ကို လည်းကောင်း၊ ဒီဇင်ဘာ ၈ ရက်တွင် မြန်မာ စက်မှုဆိပ်ကမ်း ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ တစ်လုံးအတွင်းမှ သွင်းကုန် ကြေညာလွှာ(ID)တွင် ကြေညာ ထားသည်ထက် ပိုမိုပါရှိလာသည့် ဆေးဝါးများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၈၃၆၀၀၀၀) ကို လည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၃၉၇၆၀၀၀ ကို သိမ်းဆည်း ရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဒီဇင်ဘာ ၈ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံ ခန့်ခွဲမှုဖြင့် ရှမ်းပြည်နယ် ရေပူ အမြဲတမ်း စစ်ဆေးရေးစခန်း၌ တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပိန်းဆာကျေးရွာအနီး ရှောင်ကွင်း လမ်း တစ်နေရာတွင် ပိုင်ရှင်မဲ့ စုပုံထားသော Bluetooth Speaker ၅၅ လုံး၊ 777 တံဆိပ်ပါ Heavy Duty Battery ၁၀ ဖာနှင့် FM Transceiver အလုံး ၃၀ (ခန့်မှန်း တန်ဖိုး ငွေကျပ် ၆၄၅၀၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိ သည်။
တရားမဝင်သစ်ဖမ်းမိ
၎င်းအပြင် ဒီဇင်ဘာ ၉ ရက် တွင် ပဲခူးတိုင်းဒေသကြီး တရား မဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေး ရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်နှင့် သာယာ ဝတီခရိုင်တို့အတွင်း တရားမဝင် သစ်မျိုးစုံ ၁၅ ဒသမ ၆၅၈၈ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၆၇၂၄၄၂) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဒီဇင်ဘာ ၇ ရက်၊ ၈ ရက်နှင့် ၉ ရက်တို့တွင် ဖမ်းဆီး ရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၂ မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၃၆၃၈၁၉၂) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေး ဦးဆောင်ကော်မတီမှ သိရ သည်။ သတင်းစဉ်