
နေပြည်တော် ဇန်နဝါရီ ၁၂
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၀ ရက်တွင် အကောက် ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ် မရမ်းချောင် အမြဲတမ်း စစ်ဆေးရေးစခန်း၌ တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော် ယာဉ်နှစ်စီးပေါ်၌ သွင်းကုန် ကြေညာလွှာ (ID)တွင် ကြေညာ ထားခြင်း မရှိသည့် A4 စက္ကူထုပ် များ၊ Water Pump (0.5 HP, 220V) အလုံး ၁၀၀ နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် နောက်တွဲယာဉ်ပါ မော်တော်ယာဉ် နှစ်စီး စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၃၄၀၂၀၄၆၂)ကို ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
အလားတူ မွန်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့ ဥက္ကဋ္ဌ ဦးဆောင် သည့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က သတင်းအရ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်လမြိုင်မြို့ အမှတ် (၉၆)၊ သရက်ကုန်းလမ်း၊ သီရိမြိုင်ရပ်ကွက်ရှိ ဂိုဒေါင်တစ်လုံး အတွင်းမှ တရားဝင်စာရွက် စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိ သည့် စားသုံးဆီ ၁၀၈၀၀ လီတာ အပါအဝင် ကုန်ပစ္စည်း နှစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၃၂၅၀၀၀၀)ကို သိမ်းဆည်းရမိ ခဲ့ပြီး အကောက်ခွန် လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဇန်နဝါရီ ၁၁ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံ ခန့်ခွဲမှုဖြင့် အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ဆိပ်ကမ်းတို့မှ တာဝန်ကျ စစ်ဆေးရေးအဖွဲ့များ က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ ရာ မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာ စစ်ဆေးရေးစခန်း ၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားခြင်းမရှိသည့် လူ သုံးကုန်ပစ္စည်းများ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၉၉၆၀၀၀၀) ကို လည်းကောင်း၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ခရီးသည် ဝန်စည်များနှင့်အတူ ရောနှော သယ်ဆောင်လာသော တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် Drone 2.4G Aircraft Intelligent Control System (အဟောင်း) တစ်စင်း အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၀၀၀၀၀)ကို လည်း ကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀၅၆၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေး ယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ဘားအံမြို့ အကောက်ခွန်ဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေး ရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ဘားအံမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် နှစ်စီးပေါ် တွင် တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသော လုပ်ငန်းသုံးပစ္စည်းများ၊ ပုစွန်နှစ်ကောင်တံဆိပ် စားသုံးဆီ များ အပါအဝင် ကုန်ပစ္စည်း နှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၆၂၉၀၀၀)နှင့် အဆိုပါပစ္စည်း များ တင်ဆောင်လာသည့် မော်တော်ယာဉ်နှစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၂၀၀၀၀၀၀)စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၆၂၉၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်း နှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
ယင်းအပြင် ပဲခူးတိုင်း ဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင် သော စစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်၊ တောင်ငူခရိုင်၊ ပြည်ခရိုင် နှင့် နတ္တလင်းခရိုင်များအတွင်း၌ တရားမဝင် သစ်မျိုးစုံ ၂၉၄ ဒသမ ၂၁၆၉ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၅၀၆၀၁၃၄)ကို သစ်တောဥပဒေ အရလည်းကောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဦးဆောင်သော စစ်ဆေး ရေးအဖွဲ့က ထုံးဘိုမြို့နယ်အတွင်း ၌ သရီးကရောင်း အမျိုးအစား လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း စုစု ပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၉၀၆၀၁၃၄ ကို ဖမ်းဆီးအရေး ယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဇန်နဝါရီ ၁၀ ရက် နှင့် ၁၁ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၆ မှု(ခန့်မှန်း တန်ဖိုးငွေကျပ် ၄၄၈၅၁၉၅၉၆) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ် မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။ သတင်းစဉ်