
နေပြည်တော် ဖေဖော်ဝါရီ ၂၅
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၂၃ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် အကောက်ခွန် လှုပ်ရှားစစ်ဆေးရေး အဖွဲ့က မြဝတီ- ဘားအံ- ရန်ကုန် လမ်းကြောင်း တစ်လျှောက် မောင်းနှင်လာသော မော်တော်ယာဉ် များအား စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အမှတ်(၂) လမ်း ဇရပ်ကွင်းကျေးရွာအနီးတွင် မော်တော်ယာဉ် တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားခြင်းမရှိသော PVC Resin ၈၅၀၀ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၀၅၆၀၈၅) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Tractor Head တစ်စီးနှင့် နောက်တွဲယာဉ် တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၈၃၀၅၆၀၈၅ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထပ်မံ၍ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှု ဖြင့် တာဝန်ကျစစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၂၃ ရက်တွင် အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာနှစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားသည်နှင့် ကွဲလွဲပါရှိလာသော Toy Small Car with Battery & Remote Control ခုနစ်ဖာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀) နှင့် သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားသည် ထက် ပိုမိုပါရှိလာသော ECG Recording Paper (Thermal- Paper) ၃၁၂ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၅၅၂၀၀၀)ကို လည်းကောင်း၊ ဖေဖော်ဝါရီ ၂၄ ရက်တွင် မြန်မာအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း (သီလဝါ)၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန် ကြေညာလွှာ (ID) တွင် ကြေညာထားခြင်းမရှိ သည့် Basin Waste P-Trap အခု ၃၀၀ အပါအဝင် ကုန်ပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၂၄၀၀၀၀)ကို လည်းကောင်း စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် ၁၇၇၉၂၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဖေဖော်ဝါရီ ၂၄ ရက်တွင် အကောက်ခွန် ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော မော်တော်ယာဉ် တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားခြင်းမရှိသည့် ဘိလပ်မြေအိတ်ခွံ ၃၀၀၀ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၆၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi-Fuso (Tractor-Head) တစ်စီးနှင့် နောက်တွဲယာဉ် တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၅၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၁၆၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
ယင်းအပြင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က မင်္ဂလာဒုံမြို့နယ် ပုလဲ(၁) ရပ်ကွက်ရှိ ဂိုဒေါင်များအား ရှောင်တခင် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဂိုဒေါင်တစ်လုံး အတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက် အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် စက်မှု ကုန်ကြမ်း (ဘေထုပ်) ၁၀၈ ထုပ်၊ Lactasoy (Soy-Milk) ဖာ ၄၀၊ ပန်ကာ(အဟောင်း) အခု ၁၁၀ အပါ အဝင် ကုန်ပစ္စည်း ၁၄ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၄၈၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
အလားတူ ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ဌာန ဆိုင်ရာပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက် စက်မှုနယ်မြေ စက်မှုလမ်းတွင် ရပ်တန့်ထားသော မော်တော် ယာဉ်နှစ်စီးပေါ်မှ အကောက်ခွန်မဲ့ ဆိုင်ကယ်များ အား စစ်ဆေးတွေ့ရှိရသဖြင့် ၎င်းမော်တော်ယာဉ်နှစ်စီး အနီးရှိ ဂိုဒေါင်အမှတ် စမ ၆/၁၄ ဂိုဒေါင်အတွင်း စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တရားဝင်စာရွက် စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင် ခြင်းမရှိသည့် Brand New မော်တော်ဆိုင်ကယ် ၁၀၈ စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၉၀၀၀၀၀၀)နှင့် အဆိုပါ ဆိုင်ကယ်များတင်ဆောင်သော မော်တော် ယာဉ်နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၈၀၀၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိ သည်။
၎င်းအပြင် ဖေဖော်ဝါရီ ၂၅ ရက်တွင် ပဲခူးတိုင်း ဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြို့နယ်သစ်တောဦးစီး ဌာနဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင် ဖြူး မြို့နယ်အတွင်း တရားမဝင် သစ်မျိုးစုံ ၃ ဒသမ ၃၁၆၈ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၅၈၄၀၀)ကို ဖမ်းဆီး ရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဖေဖော်ဝါရီ ၂၃ ရက်၊ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၁၅ မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၃၅၈၆၄၈၅) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်