တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ ဆေးဝါးများ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များဖမ်းဆီးရမိ

 

နေပြည်တော်  နိုဝင်ဘာ   ၂၁
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေး     ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ   တားဆီးအရေးယူ နိုင်ရေး     ဆောင်ရွက်လျက်ရှိရာ  နိုဝင်ဘာ ၂၀ ရက်က   မန္တလေး တိုင်းဒေသကြီး       တရားမဝင် ကုန်သွယ်မှု       တိုက်ဖျက်ရေး  အထူးအဖွဲ့၏          စီမံခန့်ခွဲမှုဖြင့်
တာဝန်ကျပူးပေါင်းအဖွဲ့က အမရပူရမြို့နယ်  ၆၇ လမ်းနှင့် ၁၄၆(F)လမ်းထောင့်၊ အမှတ်-၂၉ (E)ရှိ ဂိုဒေါင်အား စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Justus Beer ဘူး ၄၃၂၀၊ Maximus Beer ၄၈၂၄ ဘူးနှင့် Esse စီးကရက် အတောင့် ၇၅၀ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၄၄၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် နိုဝင်ဘာ ၂၀ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏   စီမံခန့်ခွဲမှုဖြင့်   တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပခုက္ကူမြို့ အမှတ် (၁၅)ရပ်ကွက်၌ တရားဝင်စာရွက်စာတမ်း  အထောက်အထားတင်ပြနိုင် ခြင်းမရှိသည့် ပုစွန်နှစ်ကောင် စားသုံးဆီတစ်လီတာပါ ဘူး ၆၀  (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၃၀၀၀၀)ကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ အရလည်းကောင်း၊   မင်းဘူးခရိုင်အတွင်း၌   တရားမဝင်  ကျွန်းသစ် ၁ ဒသမ ၂၆၈ တန်၊ အခြားသစ် ၀ ဒသမ ၅၀၅ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၈၂၃၂) ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်း  ခန့်မှန်း တန်ဖိုးငွေကျပ် ၄၆၈၂၃၂ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင်  နိုဝင်ဘာ ၂၀  ရက်တွင် ကရင်ပြည်နယ်   တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏   စီမံခန့်ခွဲမှုဖြင့်  တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဘားအံမြို့ ကမော့ကစင် ကျေးရွာအနီး၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့မောင်းနှင်လာသော မော်တော် ယာဉ် တစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြ နိုင်ခြင်းမရှိသည့် Toys (ကလေးကစားစရာအရုပ်များ) ၁၅၀၀ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၅၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် Nissan Diesel Truck တစ်စီး  (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇၂၅၀၀၀၀ ကို ဖမ်းဆီး ရမိခဲ့ပြီး   အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ   အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ နိုဝင်ဘာ ၂၀ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲ မှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ တစ်လုံး အတွင်းမှ   သွင်းကုန်ကြေညာလွှာတွင်   ကြေညာထားခြင်းမရှိသည့် စီးကရက်ကုန်ကြမ်း Tipping Paper ၁၂ လိပ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၀၀၀၀၀) ကို လည်းကောင်း၊ ထီးတန်းကုန်သေတ္တာ စစ်ဆေးရေးစခန်း ၌ ကုန်သေတ္တာ တစ်လုံးအတွင်းမှ သွင်းကုန်လိုင်စင် တင်ပြနိုင်ခြင်းမရှိ သည့် Yokoshima ရေစုပ်စက်အလုံး ၅၀ အပါအဝင် ကုန်ပစ္စည်း နှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၇၃၇၀၀၀) ကို  လည်းကောင်း၊   သီလဝါ ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ တစ်လုံးအတွင်းမှ ပိုင်ရှင် မှ လာရောက်ထုတ်ယူခြင်းမရှိသည့် မြေတူးစက်  Drilling Machine (Used) ၄၂ လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၀၇၆၇၁၄)ကို လည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ်(သွင်းကုန်)၌ သွင်းကုန် လိုင်စင်တင်ပြနိုင်ခြင်းမရှိသည့် Mydot Tablets အားဆေး ၁၀၀၈ ဘူး အပါအဝင် ကုန်ပစ္စည်း နှစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၆၅၇၅၀၀၈) ကိုလည်းကောင်း၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ မြဝတီမြို့ မှ ရန်ကုန်မြို့သို့မောင်းနှင်လာသော မော်တော်ယာဉ် တစ်စီးပေါ်မှ သွင်းကုန် ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Khian Guan ဘီစကွတ်ဘူး ၄၈၀ အပါအဝင် ကုန်ပစ္စည်း နှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၂၄၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck တစ်စီး   (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀) ကို   လည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၉၉၂၈၇၂၂ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ   အရေးယူဆောင်ရွက် လျက်ရှိသည်။
သို့ဖြစ်ပါ၍ နိုဝင်ဘာ ၂၀ ရက်တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၂ မှု (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀၆၀၈၆၉၅၄)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်