တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ အီလက်ထရောနစ်ပစ္စည်းနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်   စက်တင်ဘာ   ၇


တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှု ဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေ နှင့်အညီ   ထိရောက်စွာ တားဆီးအရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်း ဒေသကြီး         တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး  အထူးအဖွဲ့၏  စီမံခန့်ခွဲမှု ဖြင့်   စစ်ဆေးမှုများ   ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၅ ရက်တွင်    ပဲခူးမြို့နယ် အကောက်ခွန်ဦးစီးဌာနမှ      တာဝန်ကျစစ်ဆေးရေးအဖွဲ့က     ဘုရားကြီး ရွှေသံလွင်တိုးဂိတ်အနီး၌ မြဝတီ မြို့မှ   ရန်ကုန်မြို့သို့   မောင်းနှင် လာသော      မော်တော်ယာဉ် တစ်စီးပေါ်တွင် တရားဝင်စာရွက် စာတမ်း    အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိ သည့်     လုပ်ငန်းသုံးကုန်ကြမ်း ပစ္စည်းများ၊ စားသောက်ကုန်များ၊  Wifi  စက်များ၊  ကွန်ပျူတာနှင့် ကွန်ပျူတာ      ဆက်စပ်ပစ္စည်း များ    (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၄၂၃၅၅၀၀)နှင့် အဆိုပါပစ္စည်း များ       တင်ဆောင်လာသည့် Mitsubishi Fuso အမျိုးအစား ၁၂   ဘီး   ကုန်တင်ယာဉ်   တစ်စီး (ခန့်မှန်းတန်ဖိုး        ငွေကျပ် ၅၀၀၀၀၀၀၀) ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းအရ    လည်း ကောင်း ၊  စက်တင်ဘာ ၇ ရက် တွင်  တိုင်းဒေသကြီး  သစ်တော ဦးစီးဌာန ဦးဆောင်သောအဖွဲ့က သာယာဝတီမြို့နယ်   ရန်ကုန်-ပြည်ကားလမ်း  မိုင်တိုင်အမှတ် ၇၂/ ၆ ဖာလုံအနီး၌  တရားမဝင် ကျွန်းသစ်  ၁   ဒသမ    ၀၃၆၀ တန် (ခန့်မှန်းတန်ဖိုး   ငွေကျပ် ၆၈၃၇၆၀)ကို သစ်တောဥပဒေအရ လည်းကောင်း စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၃၄၉၁၉၂၆၀) ကို  ဖမ်းဆီးအရေးယူ    ဆောင်ရွက် လျက်ရှိသည်။ 

 


ယင်းအပြင်     စစ်ကိုင်းတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး      အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သောအဖွဲ့က စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ မုံရွာမြို့နယ် အတွင်း Super Anbo အမျိုးအစား လိုင်စင်မဲ့ ဆိုင်ကယ်တစ်စီး (ခန့် မှန်းတန်ဖိုး   ငွေကျပ် ၁၅၀၀၀၀)ကို    ဖမ်းဆီးရမိခဲ့ပြီး    ပို့ကုန် သွင်းကုန်ဥပဒေနှင့်အညီ  အရေး ယူဆောင်ရွက်လျက်ရှိသည်။

 


ထို့ပြင် စက်တင်ဘာ ၆ ရက် တွင်    ဧရာဝတီတိုင်းဒေသကြီး တရားမဝင်    ကုန်သွယ်မှုတိုက် ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် သစ်တောဦးစီးဌာန ဦးဆောင် သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပုသိမ်မြို့နယ်နှင့်   အိမ်မဲမြို့နယ် တို့အတွင်း တရားမဝင်သစ်မျိုးစုံ ၁၃ ဒသမ ၀၂၀၁ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၆၁၆၀၃၄)  ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေ နှင့်အညီ    အရေးယူဆောင်ရွက် လျက်ရှိသည်။

 


အလားတူ ရန်ကုန်တိုင်းဒေသ ကြီး     တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏     စီမံ ခန့်ခွဲမှုဖြင့်      တိုင်းဒေသကြီး သစ်တောဦးစီးဌာန   ဦးဆောင် သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှု များ   ဆောင်ရွက်ခဲ့ရာ   ရန်ကုန် မြောက်ပိုင်းခရိုင်    ရွှေပြည်သာ မြို့နယ်အတွင်း     တရားမဝင် ကျွန်းခွဲသားနှင့် ပိတောက်ခွဲသား ၂၉ ဒသမ ၀၂၃၆  တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၉၁၅၅၅၇၆)နှင့် အဆိုပါသစ်များ တင်ဆောင်လာ သည့်   မော်တော်ယာဉ်    နှစ်စီး (ခန့်မှန်းတန်ဖိုး        ငွေကျပ် ၅၅၀၀၀၀၀၀) စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၇၄၁၅၅၅၇၆)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေ နှင့်အညီ    အရေးယူဆောင်ရွက် လျက်ရှိသည်။

 


ထို့အတူ   စက်တင်ဘာ   ၇ ရက်တွင်  နေပြည်တော်ကောင်စီ နယ်မြေ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့်      ဥတ္တရသီရီမြို့နယ် သစ်တောဦးစီးဌာန    ဦးဆောင် သောအဖွဲ့က      စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ   ဥတ္တရသီရီမြို့ နယ် ငလိုက်ကြိုးဝိုင်း   အကွက် အမှတ်(၉)၌ တရားမဝင် ကျွန်း သစ် ၀ ဒသမ ၂၆ တန်(ခန့်မှန်း တန်ဖိုးငွေကျပ်   ၈၅၈၀၀)  ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေ နှင့်အညီ   အရေးယူဆောင်ရွက် လျက်ရှိသည်။ 

 


ယင်းအပြင် ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏    စီမံခန့်ခွဲမှု ဖြင့်   ကော့ကရိတ်(တံတားကျိုး)စုပေါင်းစစ်ဆေးရေး     စခန်း၌ တာဝန်ကျ      ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားခြင်းမရှိသည့် ဖိနပ် အစုံ ၈၅၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၅၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်း နှင့်အညီ  အရေးယူဆောင်ရွက် လျက်ရှိသည်။

 


အလားတူ    ချင်းပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏  စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့     ဦးဆောင် သောအဖွဲ့က     စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ      ဟားခါးမြို့ စျေးသစ်ရပ်ကွက် ဗိုလ်ချုပ်လမ်း နာရီစင်လမ်းဆုံအနီးတွင် Nissan  X-Trail အမျိုးအစား   လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၈၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး  ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေနှင့်အညီ အရေး ယူ ဆောင်ရွက်လျက်ရှိသည်။

 


သို့ဖြစ်ပါ၍  စက်တင်ဘာ  ၅ ရက်၊ ၆ ရက်နှင့် ၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၃၇ မှု၊  (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂၂၄၇၆၆၇၀)ဖြစ်ကြောင်း တရား မဝင်ကုန်သွယ်မှု  တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ      သိရ သည်။


သတင်းစဉ်