တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ၊ ဆေးပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ ဖမ်းဆီးရမိ

 

နေပြည်တော်  ဒီဇင်ဘာ  ၃၁
တရားမဝင်ကုန်သွယ်မှု      တိုက်ဖျက်ရေးဦးဆောင် ကော်မတီ၏   ကြီးကြပ်ကွပ်ကဲမှုဖြင့်   တရားမဝင် ကုန်သွယ်မှုများကို  ဥပဒေနှင့်အညီ   ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး   ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂၉  ရက်တွင်  အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ အကောက်ခွန်စစ်ဆေးရေး အဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌    ခရီးသည်ဝန်စည် အတွင်းမှ   တရားဝင်တင်သွင်းခွင့်   စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသော Redmi A1 အမျိုးအစား မိုဘိုင်းလ်ဖုန်း ၁၀ လုံး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၆၀၀၀၀၀)ကို လည်းကောင်း၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် လေဆိပ်ကုန်လှောင်ရုံ ၌ လာရောက်ထုတ်ယူခြင်းမရှိသော သတ်မှတ်ရက် ထက်ကျော်လွန်သည့် Sat Antenna လေးစုံ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၂၉၁၅၀၀) နှင့်  သတ်မှတ်ရက် အတွင်း   လာရောက်ထုတ်ယူခြင်း    မရှိသည့်အပြင် သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားသည် ထက်ပိုမိုပါရှိလာသော Renew OSS အမျိုးအစား Cortical Cancellous Bone အခု ၁၀၀  အပါအဝင် ကုန်ပစ္စည်း    ငါးမျိုး   (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၂၂၀၀၀) ကိုလည်းကောင်း၊ မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌    ကုန်သေတ္တာ သုံးလုံးအတွင်းမှ  သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားသည်နှင့် ကိုက်ညီမှုမရှိသော ရေစုပ် စက်များ၊    ချည်ထည်ကုန်ကြမ်းများနှင့်   သံမှိုများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁၉၂၅၀၀၀၀) ကိုလည်း ကောင်း   စုစုပေါင်း    ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၂၁၆၃၅၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ   အရေးယူဆောင်ရွက် လျက်ရှိသည်။
အလားတူ ရှမ်းပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ  ဆောင်ရွက်ခဲ့ရာ ဆွပ်ပလွေဆိပ်ကမ်းမှ       တာချီလိတ်မြို့    ဝမ်ပုံ အပြည်ပြည်ဆိုင်ရာ       ပြည်တွင်းဆိပ်ကမ်းသို့ ဝင်ရောက်လာသော မြစ်တွင်းသွားရေယာဉ်တစ်စင်း ပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့်   တရုတ်နိုင်ငံထုတ်  Rice Biscuit ဖာ  ၈၀ အပါအဝင်  ကုန်ပစ္စည်း နှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၄၈၀၀၀၀)ကို ဖမ်းဆီးရမိ ခဲ့ပြီး     အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဒီဇင်ဘာ ၃၀ ရက်တွင် ပဲခူးတိုင်းဒေသ ကြီး  တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး  အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး  သစ်တော ဦးစီးဌာန   ဦးဆောင်သော   ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ညောင်လေးပင်ခရိုင် နှင့်    သာယာဝတီခရိုင်များအတွင်း   တရားမဝင် ကျွန်းသစ်နှင့်သစ်မာ ၃ ဒသမ ၉၉၀၈ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၃၄၃၈၁၆) ကို  ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။
သို့ဖြစ်ပါ၍ ဒီဇင်ဘာ  ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၀ မှု၊ ခန့်မှန်း တန်ဖိုးငွေကျပ် ၁၄၀၉၈၇၃၁၆ ဖြစ်ကြောင်း တရား မဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်