တရားမဝင် Online ချေးငွေလုပ်ငန်းလုပ်ကိုင်သူ တရားခံ အမျိုးသား ၂၄ ဦးနှင့် အမျိုးသမီး ၄၇ ဦး တို့ကို လုပ်ငန်းများလုပ်ကိုင်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ ဘဏ်အကောင့်များနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

 

Online Game လောင်းကစားလုပ်ငန်း၊ Online ကံစမ်းမဲဖောက်လောင်းကစားလုပ်ငန်းနှင့် 
တရားမဝင် Online ချေးငွေလုပ်ငန်းလုပ်ကိုင်သူ တရားခံ အမျိုးသား ၂၄ ဦးနှင့် အမျိုးသမီး ၄၇ ဦး တို့ကို
လုပ်ငန်းများလုပ်ကိုင်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ ဘဏ်အကောင့်များနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော်  ဖေဖော်ဝါရီ   ၂၈


Online အခြေပြု လောင်းကစား လုပ်ငန်းများ၊    ကံစမ်းမဲဖောက် လုပ်ငန်းများနှင့် တရားမဝင်ချေးငွေ လုပ်ငန်းလုပ်ကိုင်နေသူ   ဒုစရိုက် သမားများကို ဖော်ထုတ်ဖမ်းဆီး ရမိနိုင်ရေး       လုံခြုံရေးဆိုင်ရာ အထောက်အကူပြုမှတ်တမ်းများ နှင့်   နည်းပညာဆိုင်ရာ   အချက် အလက်များကို အခြေပြု၍ စောင့် ကြည့်ကာ စုံစမ်းစစ်ဆေးဖော်ထုတ် မှုများအား  လုံခြုံရေးတပ်ဖွဲ့ဝင်များ က   ကွင်းဆက်မပြတ်   ချိတ်ဆက် ဆောင်ရွက်လျက်ရှိသည်။

 


ဆက်စပ်ပစ္စည်းများဖမ်းမိ


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၉ ရက် ည ၇ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး     လှိုင် သာယာ (အရှေ့ပိုင်း) မြို့နယ် FMI CITY      ငွေနှင်းဖြူသစ်ခွလမ်း  အမှတ်(O-178) နေအိမ်၌ TTbet Online  Game   လောင်းကစား လုပ်ငန်းများ လုပ်ကိုင်နေကြောင်း သတင်းအရ  ဝင်ရောက်ရှာဖွေခဲ့ရာ မို့မို့စံ (ခ) Yuki ပါ တရားခံ ကိုးဦး ကို TTbet Online Game လောင်း ကစားရာတွင်       အသုံးပြုသည့် လက်ကိုင်ဖုန်း     အလုံး       ၅၀၊ လက်တော့   ၂၂  လုံး၊   မော်နီတာ လေးလုံး၊ ဆင်းကတ် ၇၄၁ ကတ်၊ ဆက်စပ်ပစ္စည်းများနှင့်      အတူ ဖမ်းဆီးရမိခဲ့သည်။

 


ဖမ်းဆီးရမိသူများ၏ ထွက်ဆို ချက်အရ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်   FMI  CITY   ချင်းတွင်း လမ်းရှိ  အိမ်အမှတ် (FG-98) ကို  ထပ်မံဝင်ရောက်ရှာဖွေရာ Golden Gift   (Online   ကံစမ်းမဲဖောက် လောင်းကစားလုပ်ငန်း)       အား စီမံခန့်ခွဲလုပ်ကိုင်သူ  အောင်ဖုန်း ကျော်နှင့်   ကြီးကြပ်လုပ်ကိုင်သူ ထင်အောင်ကျော် (ခ) အယ်လစ် ပါ တရားခံ ၁၉ ဦးတို့ကို လက်ကိုင် ဖုန်း ၃၇ လုံး၊ လက်တော့ ၂၅ လုံး၊ မော်နီတာ သုံးလုံး၊ System Box တစ်လုံး၊ UPS တစ်လုံး၊ ကာလာ ပရင်တာ တစ်လုံး၊ ဆက်စပ်ပစ္စည်း များနှင့်အတူ    ထပ်မံဖမ်းဆီးရမိ ခဲ့သည်။

 


သတင်းဆက်ဖော်ထုတ်ချက် အရ   လှိုင်သာယာ  (အရှေ့ပိုင်း)မြို့နယ်   FMI  CITY   ချင်းတွင်း လမ်းရှိ   အိမ်အမှတ်  (FG-95) ကို ထပ်မံဝင်ရောက်ရှာဖွေရာ  TTbet Online   Game    လောင်းကစား လုပ်ငန်းအား   ကြီးကြပ်/စာရင်း ကိုင်အဖြစ် လုပ်ကိုင်သူ အေးငြိမ်း သူနှင့်     ကြီးကြပ်လုပ်ကိုင်သူ စိုင်းသီဟဇော် ပါ တရားခံ ၁၉ ဦး တို့ကို    လက်တော့   ၁၁   လုံး၊ လက်ကိုင်ဖုန်း ၂၂ လုံး၊ ဆက်စပ် ပစ္စည်းများနှင့်အတူ   ဖမ်းဆီးရမိ ခဲ့သည်။

 


ဖုန်း၊ လက်တော့နှင့် ယာဉ် ဖမ်းမိ


အထက်ပါ ဖမ်းဆီးရမိသူများ ၏    ထွက်ဆိုချက်အရ      TTbet Online   Game    လောင်းကစား လုပ်ငန်းနှင့် Golden Gift (Online ကံစမ်းမဲဖောက်   လောင်းကစား လုပ်ငန်း) များအား ဦးစီးပြီး စီမံ  ခန့်ခွဲလုပ်ကိုင်သူ ရန်နိုင်ကျော် (ခ)အားဖုကို ဇန်နဝါရီ ၃၀ ရက် နံနက် ၂ နာရီခွဲတွင် လှိုင်သာယာ (အရှေ့ ပိုင်း)   မြို့နယ်    ပန်းလှိုင်အိမ်ရာ ပန်းလှိုင်ကွန်ဒို (D) အခန်းအမှတ် (၁၀၂) ၌ လက်ကိုင်ဖုန်း တစ်လုံး၊ Macbook     Pro     လက်တော့ တစ်လုံး၊ Macbook  Air  လက်တော့ တစ်လုံး၊ ယာဉ်အမှတ် YGN 6S-8888 Mercedes–Benz အမျိုး အစား အနက်ရောင်ယာဉ် တစ်စီး၊ ယာဉ်အမှတ်    YGN    9B-6667 Lexus အနက်ရောင်ယာဉ် တစ်စီး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ 

 


ဖမ်းဆီးရမိသည့်    တရားခံ ရန်နိုင်ကျော် (ခ) အားဖု၏ ထွက်ဆို ချက်အရ    ဖေဖော်ဝါရီ  ၄   ရက် မွန်းလွဲ ၃ နာရီခွဲတွင် ရန်ကုန်တိုင်း ဒေသကြီး   လှိုင်မြို့နယ်   MICT Park တိုက်အမှတ် (၉) (၄)လွှာရှိ Sky   Pay  Mobile   Financial Services Co.,Ltd.     ရုံးခန်းသို့ ဝင်ရောက်ရှာဖွေရာ Money Bag Application ၊ Cash Now Appli-cation ၊ Cola Kyat Application တို့ကို  အသုံးပြုပြီး   တရားမဝင် Online ချေးငွေလုပ်ငန်းလုပ်ကိုင် နေသည့် မန်နေဂျာ ကျော်ဆန်း လင်း   (ခ)   အားချန်  ပါ  ၂၂   ဦး တို့ကို  လက်ကိုင်ဖုန်း အလုံး  ၃၀၊ လက်တော့  ၅၅  လုံး၊  Desktop တစ်လုံးနှင့် ဆက်စပ်ပစ္စည်းများ ဖြင့်လည်းကောင်း။

 


ဖေဖော်ဝါရီ  ၅  ရက်  မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်တွင် လှိုင်မြို့နယ် MICT Park  တိုက်အမှတ် (၁၇) (၄) လွှာရှိ   Sky  Pay   Mobile Financial   Services   Co.,Ltd. ရုံးခန်းတွင် Money Bag Appli-cation ၊ Cash Now Application ၊ Cola Kyat Application ၊ U Loan Application တို့ကို အသုံးပြုပြီး တရားမဝင်   Online    ချေးငွေ လုပ်ငန်းလုပ်ကိုင်နေသည့် စာရင်း ကိုင်ဖြစ်သူ ကျော်မျိုးအောင် ကို  လက်တော့   ၄၉   လုံး၊   ပရင်တာ တစ်လုံး၊ ဆက်စပ်ပစ္စည်းများဖြင့် လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။


တရားမဝင်ချေးငွေလုပ်ငန်း


ဖမ်းဆီးရမိသူများ၏  ထွက်ဆို ချက်များအရ   TTbet    Online Game    လောင်းကစားလုပ်ငန်း၊ Golden  Gift (Online  ကံစမ်းမဲ  ဖောက်    လောင်းကစားလုပ်ငန်း)နှင့် Sky Pay Mobile Financial Services Co.,Ltd. အမည်ခံကာ Money Bag Application ၊ Cash Now Application ၊ Cola Kyat နှင့် U Loan Application များ အသုံးပြု၍  တရားမဝင်  Online ချေးငွေလုပ်ငန်းတို့ကို    တရားခံ ရန်နိုင်ကျော် (ခ) အားဖုက ပိုင်ရှင် အဖြစ်    စီမံခန့်ခွဲလုပ်ကိုင်ခဲ့ခြင်း ဖြစ်ပြီး  TTbet  Online  Game လောင်းကစား      လုပ်ငန်းအား Telegram    မှတစ်ဆင့်   သိရှိသူ Yang   Song    (စိစစ်ဆဲ)   နှင့် ချိတ်ဆက်၍ လည်းကောင်း၊ Sky Pay  Mobile  Financial  Servi- ces Co.,Ltd. အမည်ခံကာ Money Bag Application ၊  Cash  Now  Application ၊ Cola Kyat  နှင့်  U Loan Application  များ   အသုံးပြု ၍ တရားမဝင်   Online   ချေးငွေ လုပ်ငန်းကို Telegram မှတစ်ဆင့် သိရှိသူ   Sunny   (စိစစ်ဆဲ) နှင့် ချိတ်ဆက်၍      လည်းကောင်း၊ Golden Gift (Online ကံစမ်းမဲ ဖောက်   လောင်းကစားလုပ်ငန်း) ကို အစ်ကိုဖြစ်သူ အောင်ဖုန်းကျော် ဦးစီးစေ၍လည်းကောင်း လုပ်ကိုင် ခဲ့ခြင်းဖြစ်ကြောင်း။


ဝန်ထမ်းများခန့်


ထိုသို့  လုပ်ငန်းများလုပ်ကိုင် ရာတွင်    ကျော်ဆန်းလင်း   (ခ)အားချန်  သည်  မန်နေဂျာအဖြစ် လည်းကောင်း၊ အေးငြိမ်းသူ (ခ)Neo    သည်   ကြီးကြပ်/စာရင်း ကိုင်အဖြစ်လည်းကောင်း၊    မို့မို့စံ (ခ)  Yuki  နှင့်  ကျော်မျိုးအောင် တို့သည်    စာရင်းကိုင်များအဖြစ်    လည်းကောင်း၊   ထင်အောင်ကျော်   (ခ)   အယ်လစ်နှင့်     စိုင်းသီဟ ဇော်တို့သည်      ကြီးကြပ်သူများ အဖြစ်လည်းကောင်း   လုပ်ကိုင် ခဲ့ကြပြီး      အခြားဝန်ထမ်းများ ခန့်ထားကာ  ကျူးလွန်ခဲ့ကြခြင်း   ဖြစ်ကြောင်း        ဖော်ထုတ်သိရှိ ရသည်။


ယာယီတားဆီးထိန်းသိမ်း


ဖြစ်စဉ်များတွင်        Online Game  လောင်းကစားလုပ်ငန်း၊ Online ကံစမ်းမဲဖောက် လောင်း ကစားလုပ်ငန်းနှင့်   တရားမဝင် Online ချေးငွေလုပ်ငန်းလုပ်ကိုင် သည့် အမှုပေါင်း ၅ မှုမှ တရားခံ အမျိုးသား ၂၄ ဦး၊ အမျိုးသမီး ၄၇ ဦး စုစုပေါင်း ၇၁ ဦးတို့ကို ဖမ်းဆီး ရမိခဲ့ကာ လက်တော့ ၁၆၄ လုံး၊ လက်ကိုင်ဖုန်း    အလုံး     ၁၄၀၊ မော်နီတာ   ခုနစ်လုံး၊  ပရင်တာ နှစ်လုံး၊  System  Box  တစ်လုံး၊ UPS တစ်လုံး၊ Desktop တစ်လုံး၊ ဆင်းကတ်  ၇၄၁  ကတ်၊   ယာဉ် အမှတ် YGN 6S-8888 Mercedes- Benz အနက်ရောင်ယာဉ် တစ်စီး နှင့် ယာဉ်အမှတ် YGN 9B-6667 Lexus အနက်ရောင် ယာဉ်တစ်စီး တို့အား သိမ်းဆည်းရမိခဲ့ပြီး အမှုမှ တရားခံများ   ပြစ်မှုကျူးလွန်ရာ တွင်    ဖွင့်လှစ်အသုံးပြုခဲ့သည့် ဘဏ်အကောင့်များနှင့်      KBZ Pay ၊ Wave Pay အကောင့်တို့ရှိ ငွေကျပ်     ၄၈၀၅   သိန်းခန့်နှင့် KBZ Pay အကောင့် ၁၄ ခုတို့ကို ယာယီ  တားဆီးထိန်းသိမ်းထားရှိ ကာ       အဆိုပါ      အကောင့်များ အတွင်းရှိ  ငွေများအား  စိစစ်လျက် ရှိပြီး   တရားခံများကို   တည်ဆဲ ဥပဒေများနှင့်အညီ    ထိရောက် စွာ  အရေးယူနိုင်ရေး  ဆက်လက် ဆောင်ရွက်လျက်        ရှိကြောင်း သတင်းရရှိသည်။


သတင်းစဉ်