
နေပြည်တော် ဇွန် ၅
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင် ရေး ဆောင်ရွက်လျက်ရှိရာ ဇွန် ၄ ရက်တွင် အကောက်ခွန်ဦးစီး ဌာန၏ စီမံခန့်ခွဲမှုဖြင့် မြန်မာ့ စက်မှုဆိပ်ကမ်း ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ဆိပ်ကမ်း စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ သွင်းကုန် ကြေညာလွှာ ID တွင် ကြေညာထား သည်ထက် ပိုမိုပါရှိလာသော ကြွေပန်းကန်လုံးများ ခန့်မှန်း တန်ဖိုးငွေကျပ် ၁၄၇၅၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေး ယူ ဆောင်ရွက်လျက်ရှိသည်။
အလားတူ ဇွန် ၅ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရား မဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင် သော စစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကန့်ဘလူမြို့နယ်အတွင်း Toyota Hilux (Vigo) အမျိုးအစား လိုင်စင် မဲ့ မော်တော်ယာဉ်တစ်စီး ခန့်မှန်း တန်ဖိုးငွေကျပ် ၃၀၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။
ထို့အတူ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီး ဌာန ဦးဆောင်သော ပူးပေါင်း စစ်ဆေးရေးအဖွဲ့များက စစ်ဆေး မှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူ ခရိုင် ဖြူးမြို့နယ်ရှိ ဖြူးချောင်း ကြိုးဝိုင်းအတွင်း တရားမဝင် ကျွန်းသစ်ခွဲသား သုည ဒသမ ၄၅၆ တန် ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၉၆၀ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေး ယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဇွန် ၄ ရက်နှင့် ၅ ရက်နေ့များတွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲသုံးမှု ခန့်မှန်း တန်ဖိုးငွေကျပ် ၁၈၀၅၀၉၆၀ ဖြစ်ကြောင်း တရားမဝင်ကုန်သွယ် မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။
သတင်းစဉ်