တရားမဝင် ကျွန်းသစ်၊ စားသောက်ကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ ကျောက်စိမ်းအကြမ်းထည်နှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်  စက်တင်ဘာ  ၈


တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေး          ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့်  တရားမဝင် ကုန်သွယ်မှုများကို  ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင် ရေး             ဆောင်ရွက်လျက်ရှိ ရာ      စက်တင်ဘာ ၆ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏    စီမံ ခန့်ခွဲမှုဖြင့်          မွန်ပြည်နယ် မရမ်းချောင်  အမြဲတမ်းစစ်ဆေး ရေးစခန်း၌   တာဝန်ကျ ပူးပေါင်း စစ်ဆေးရေးအဖွဲ့က    စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့  ထွက်ခွာလာသော ကုန်တင်ယာဉ်          နှစ်စီးပေါ်၌ သွင်းကုန်ကြေညာလွှာ   (ID)တွင် ကြေညာထားခြင်း          မရှိသော အထည်အလိပ်များ     (ခန့်မှန်း တန်ဖိုးငွေကျပ် ၆၁၄၈၈၀၀)  နှင့် အဆိုပါပစ္စည်းများ    တင်ဆောင် လာသည့်    ကုန်တင်ယာဉ်နှစ်စီး (ခန့်မှန်း            တန်ဖိုးငွေကျပ် ၁၃၀၀၀၀၀၀၀) နှင့်    နောက်တွဲ ယာဉ်တစ်စီး    (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅၀၀၀၀၀၀)   စုစုပေါင်း (ခန့်မှန်း         တန်ဖိုးငွေကျပ် ၁၆၁၁၄၈၈၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်  လုပ်ထုံးလုပ်နည်း နှင့်အညီ   အရေးယူဆောင်ရွက် လျက်ရှိသည်။ 

 


ထို့ပြင် စက်တင်ဘာ ၇ ရက် တွင်    စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏  စီမံခန့်ခွဲမှုဖြင့် ပူးပေါင်း      စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ   ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့   တကောင်းရပ်ကွက် တရားမဝင်ကုန်သွယ်မှု  ပူးပေါင်း စစ်ဆေးရေးဂိတ်၌   Hijet အမျိုး အစား လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီး   (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀)  ကို   ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်     ဥပဒေနှင့်အညီ အရေးယူ       ဆောင်ရွက်လျက်ရှိသည်။

 


ထို့အတူ မန္တလေးတိုင်းဒေသ ကြီး   တရားမဝင်    ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့်  (၁၆)မိုင် ကျောက်ချော စစ်ဆေးရေးစခန်း၌    တာဝန်ကျ စစ်ဆေးရေးအဖွဲ့က    စစ်ဆေးမှု များ  ဆောင်ရွက်ခဲ့ရာ မော်တော် ယာဉ်တစ်စီးပေါ်၌         တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ  တင်ပြနိုင်ခြင်း  မရှိ သည့်           စားသောက်ကုန်နှင့် ကျောက်စိမ်း    အကြမ်းထည်များ (ခန့်မှန်း             တန်ဖိုးငွေကျပ် ၅၀၂၂၀၀၀၀)နှင့်       အဆိုပါပစ္စည်း များ               တင်ဆောင်လာသည့် MAHAR NEW BUS  အမျိုးအစား  မော်တာ်ယာဉ်တစ်စီး     (ခန့်မှန်း တန်ဖိုးငွေကျပ်   ၁၈၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၆၈၂၂၀၀၀၀)  ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်  လုပ်ထုံးလုပ်နည်း နှင့်အညီ       အရေးယူဆောင်ရွက် လျက်ရှိသည်။

 


အလားတူ     တနင်္သာရီတိုင်း ဒေသကြီး တရားမဝင် ကုန်သွယ် မှုတိုက်ဖျက်ရေး      အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ ဦးဆောင်သော   စစ်ဆေးရေးအဖွဲ့ က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြိတ်မြို့နယ်အတွင်း  Hijet အမျိုး အစား လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီး   (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀)  ကို  ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်    ဥပဒေနှင့်အညီ အရေးယူ        ဆောင်ရွက်လျက်ရှိ သည်။ 

 


ယင်းအပြင်    စက်တင်ဘာ ၈ ရက်တွင်   ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏    စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး  သစ်တောဦးစီး ဌာန  ဦးဆောင်သော စစ်ဆေးရေး အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ   တောင်ငူခရိုင်၊   ရေတာရှည် မြို့နယ်အတွင်း     တရားမဝင် ကျွန်းသစ် တန် ၂  ဒသမ ၁၃၆၀  (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၄၀၂၀)ကို   ဖမ်းဆီးရမိခဲ့ပြီး    သစ်တော ဥပဒေနှင့်အညီ   အရေးယူဆောင် ရွက်လျက်ရှိသည်။

 


သို့ဖြစ်ပါ၍      စက်တင်ဘာ  ၆ ရက်၊ ၇ ရက်နှင့် ၈ ရက်တို့တွင် ဖမ်းဆီးရမိမှု  စုစုပေါင်းမှာ အမှုတွဲ  ၁၁ မှု၊     (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၅၇၃၂၈၂၀)           ဖြစ်ကြောင်း တရားမဝင်         ကုန်သွယ်မှုတိုက် ဖျက်ရေး       ဦးဆောင်ကော်မတီမှ သိရသည်။     

သတင်းစဉ်