တရားမဝင် ကျောက်စိမ်း၊ စက်ဆီချောဆီ၊ လျှပ်စစ်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်   ဖေဖော်ဝါရီ     ၄


တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး  ဦးဆောင်ကော်မတီ၏   ကြီးကြပ်ကွပ်ကဲမှုဖြင့်   တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ    ထိရောက်စွာ    တားဆီးအရေးယူနိုင်ရေး    ဆောင်ရွက်လျက်ရှိရာတွင်     အကောက်ခွန်ဦးစီးဌာန၏   စီမံခန့်ခွဲမှုဖြင့်   တာဝန်ကျ အကောက်ခွန်အဖွဲ့များက စစ်ဆေးမှုများ  ဆောင်ရွက်ခဲ့ရာ    ဖေဖော်ဝါရီ  ၁  ရက်တွင်  အေးရှားဝေါလ်   ကုန်သေတ္တာစစ်ဆေးရေးစခန်း ၌  ကုန်သေတ္တာတစ်လုံးအတွင်းမှ  သွင်းကုန်ကြေညာလွှာ(ID)တွင်  ကြေညာထားသည်နှင့်ကိုက်ညီမှုမရှိသော Aqua အမျိုးအစား  Engine Oil  ၃၈၃၄ လီတာ အပါအဝင် ကုန်ပစ္စည်းသုံးမျိုး  (ခန့်မှန်း တန်ဖိုး ငွေကျပ် ၈၄၀၄၂၀၀)ကိုလည်းကောင်း၊ ဖေဖော်ဝါရီ ၂ ရက်တွင် မြန်မာ စက်မှုဆိပ်ကမ်း     ကုန်သေတ္တာစစ်ဆေးရေးစခန်း၌    ကုန်သေတ္တာတစ်လုံး အတွင်းမှ သွင်းကုန်ကြေညာလွှာ(ID)တွင်  ကြေညာထားခြင်းမရှိသော 200 W  လျှပ်စစ်မီးသီး အလုံး ၆၀ အပါအဝင် ကုန်ပစ္စည်းသုံးမျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၅၀၇၀၀၀)ကိုလည်းကောင်း၊    ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၊  လေဆိပ်(သွင်းကုန်)၌  သွင်းကုန်လိုင်စင်တင်ပြနိုင်ခြင်းမရှိသော  SEAL KIT  ငါးစုံ အပါအဝင်  ကုန်ပစ္စည်း လေးမျိုး(ခန့်မှန်း တန်ဖိုးငွေကျပ်   ၈၆၉၁၆၉၆)   ကိုလည်းကောင်း၊  ထီးတန်းဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌    ကုန်သေတ္တာ    တစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားခြင်းမရှိသော Anaes-thetic Trolley With Drawer ၃၃ လုံးအပါအဝင် ကုန်ပစ္စည်း ၁၂ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၇၀၉၅၀၀) ကို လည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈၃၁၂၃၉၆ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။


ထပ်မံ၍ ဖေဖော်ဝါရီ ၂ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲ မှုဖြင့်  ရှမ်းပြည်နယ်  ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌   တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မန္တလေးမြို့မှ မူဆယ်မြို့ သို့ ထွက်ခွာလာသော မော်တော်ယာဉ် တစ်စီးပေါ်ရှိ အံဝှက်များအတွင်း သိုဝှက်သယ်ဆောင်လာသည့် တရားမဝင် ကျောက်စိမ်းတုံးဆိုက်စုံ ၆၈၀ ကီလိုဂရမ်၊  ကျောက်စိမ်းပုတီးကုံးစေ့ ဆိုက်စုံ   ၆၅၀  ကီလိုဂရမ်နှင့် ကျောက်စိမ်းလက်ဝတ်ရတနာ    သုံးမျိုး   (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၉၅၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ  တင်ဆောင်သော Mitsubishi Fuso အမျိုးအစား မော်တော်ယာဉ်  တစ်စီး  (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀၀)၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၉၅၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး   အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ   အရေးယူ ဆောင်ရွက်လျက်ရှိသည်။


အလားတူ ဖေဖော်ဝါရီ ၃ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရား မဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှု များဆောင်ရွက်ခဲ့ရာ ဒီပဲယင်းမြို့နယ် မြို့မရဲစခန်းမှ စစ်ဆေးရေးအဖွဲ့က ဒီပဲယင်းမြို့နယ် ဘုရားထွက်ကျေးရွာ၌ လိုင်စင်မဲ့ Honda Click 125 အမျိုးအစား မော်တော်ဆိုင်ကယ်  တစ်စီး  (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀)ကိုလည်းကောင်း၊ စစ်ကိုင်းမြို့အဝင် ပူးပေါင်းစစ်ဆေးရေး ဂိတ်၌  ပူးပေါင်းအဖွဲ့က  လိုင်စင်မဲ့  TOYOTA Mark II  အမျိုးအစား မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀)ကိုလည်း ကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၈၅၀၀၀၀၀ ကို ဖမ်းဆီးရမိ ခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ 


သို့ဖြစ်ပါ၍ ဖေဖော်ဝါရီ ၁ ရက်၊ ၂ ရက်နှင့် ၃ ရက် တို့တွင် ဖမ်းဆီးရ မိမှု စုစုပေါင်းမှာ အမှုတွဲ ရှစ်မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၆၃၁၂၃၉၆)  ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။                                      

သတင်းစဉ်