တရားမဝင် စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စက်မှုကုန်ကြမ်းပစ္စည်းများနှင့် မော်တော်ယာဉ် ဖမ်းဆီးရမိ

 

နေပြည်တော်   ဖေဖော်ဝါရီ    ၁၈


တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေး       ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူ နိုင်ရေး     ဆောင်ရွက်လျက်ရှိရာ တွင်    ဖေဖော်ဝါရီ ၁၆ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏    စီမံ ခန့်ခွဲမှုဖြင့် စစ်ဆေးမှုများ ဆောင် ရွက်ခဲ့ရာ     ရန်ကုန်အပြည်ပြည် ဆိုင်ရာ      လေဆိပ်၊    လေဆိပ် (သွင်းကုန်)   ၌      တာဝန်ကျ အကောက်ခွန်အဖွဲ့က Valid for Prior Arrival(VPA) ရက်ပေါင်း ၆၀   ထက်        ကျော်လွန်သည့် 1 Loop Addressable Fire Alarm Panel  တစ်စုံ၊   RAW   FOR SANITARY    NAPKIN    ၂၂၅၀ ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း ရှစ်မျိုး  (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၁၀၀၃၄၃၅)   ကို       လည်း ကောင်း၊  မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ အကောက်ခွန်   လှုပ်ရှားစစ်ဆေး ရေးအဖွဲ့က ကုန်သေတ္တာတစ်လုံး အတွင်းမှ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့်       GAULLAC တံဆိပ်ပါ နို့မှုန့် ၂၇၆၄ ဒသမ ၈ ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း လေးမျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၆၄၀၀၁၀၉၆)ကို  လည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၅၀၀၄၅၃၁) ကို    ဖမ်းဆီးရမိ ခဲ့ပြီး     အကောက်ခွန်     လုပ်ထုံး လုပ်နည်းနှင့်အညီ     အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 


ထို့ပြင်   အကောက်ခွန်ဦးစီး ဌာန၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှု များဆောင်ရွက်ခဲ့ရာ မွန်ပြည်နယ်  မရမ်းချောင်  အမြဲတမ်းစစ်ဆေး ရေးစခန်း၌       ပူးပေါင်းအဖွဲ့က မော်တော်ယာဉ်    တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားခြင်းမရှိသော Moly-land Grease   ၄၃၅ ဒသမ ၈၄ ကီလိုဂရမ်  (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၉၇၂၀)နှင့်  အဆိုပါပစ္စည်း များ   တင်ဆောင်သော  ISUZU-GIGA   အမျိုးအစား   မော်တော် ယာဉ်  တစ်စီး    (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၀၀၀၀၀၀၀)ကို လည်း ကောင်း၊    ရှမ်းပြည်နယ်   ရေပူ အမြဲတမ်း   စစ်ဆေးရေးစခန်းမှ ပူးပေါင်းအဖွဲ့က      စံလောင်း ကျေးရွာအနီး    ရှောင်ကွင်းလမ်း တစ်နေရာတွင် ပိုင်ရှင်မဲ့စုပုံထား သော     အကောက်ခွန်မဲ့     Two-Elephant တံဆိပ်ပါ တရုတ်နိုင်ငံ ထုတ်(ဘီယာ) ဖာ ၃၃၀ (ခန့်မှန်း တန်ဖိုးငွေကျပ် ၆၆၀၀၀၀၀)ကို လည်းကောင်း စုစုပေါင်း(ခန့်မှန်း တန်ဖိုးငွေကျပ် ၅၀၆၀၉၇၂၀) ကို သိမ်းဆည်းရမိခဲ့ပြီး    အကောက် ခွန်      လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ     ဆောင်ရွက်လျက်ရှိ သည်။

 


သို့ဖြစ်ပါ၍   ဖေဖော်ဝါရီ    ၁၆ ရက်တွင် ဖမ်းဆီးရမိမှု စုစုပေါင်း မှာ အမှုတွဲ ငါးမှု (ခန့်မှန်းတန်ဖိုး ငွေကျပ်    ၂၆၅၆၁၄၂၅၁)   ဖြစ် ကြောင်း    တရားမဝင်ကုန်သွယ် မှု     တိုက်ဖျက်ရေး   ဦးဆောင် ကော်မတီမှ သိရသည်။ 

သတင်းစဉ်