
နေပြည်တော် သြဂုတ် ၁၃
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၈ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် အကောက်ခွန် ဦးစီးဌာန စုံစမ်းစစ်ဆေးရေးနှင့် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေးဌာနခွဲမှ တာဝန်ကျစစ်ဆေး ရေးအဖွဲ့က ရန်ကုန် - ဘားအံ-မြဝတီ ကုန်သွယ်မှုလမ်းမကြီး တစ်လျှောက် အခွန်ပေးဆောင် ထားသည့် ကုန်ပစ္စည်းများထက် ပိုမို တင်ဆောင်လာကြောင်း သတင်းအရ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လှည်းကူး မြို့နယ် ရဲမွန်ရွာနှင့်ညောင်တစ်ခြမ်း ကျေးရွာကြားတွင် ကုန်တင်ယာဉ် တစ်စီးပေါ်၌ သွင်းကုန်ကြေညာ လွှာ(ID)တွင် ကြေညာထားသည် နှင့် ကိုက်ညီမှုမရှိသော လူသုံးကုန် ပစ္စည်းများ၊ အလှကုန်ပစ္စည်း များနှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော Mitsubishi ၁၂ ဘီး ကုန်တင်ယာဉ် တစ်စီးတို့ ကို ဩဂုတ် ၅ ရက်တွင် ဖမ်းဆီး အရေးယူခဲ့ပြီး ကျန်ရှိသော နောက်တွဲယာဉ် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၀၀၀၀၀၀) ကို အကောက်ခွန် လုပ်ထုံးလုပ်နည်း နှင့်အညီ ဆက်လက်အမှုဖွင့်လှစ် ဖမ်းဆီးအရေးယူ ဆောင်ရွက် လျက်ရှိသည်။
ဖမ်းဆီးရမိ
အလားတူ မန္တလေးတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် (၁၆) မိုင် ကျောက်ချော စစ်ဆေးရေးစခန်း ၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာ သြဂုတ် ၉ ရက်တွင် မန္တလေးမှ မူဆယ်သို့ မောင်းနှင်လာသော မော်တော်ယာဉ် တစ်စီးပေါ်မှ မုန့်ဖာများနှင့် ခရီးသည်အိတ် များဖြင့် ဖုံးအုပ်၍ တရားမဝင် တင်ဆောင်လာသော မြွေဟောက် အရှင် အရွယ်စုံ ၅၁ ကောင်(ခန့်မှန်း တန်ဖိုးငွေကျပ် ၅၁၀၀၀၀) နှင့် အဆိုပါတိရစ္ဆာန်များ တင်ဆောင် လာသော JINBEI HAISE အမျိုး အစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၃၀၀၀၀၀၀)ကို လည်းကောင်း၊ သြဂုတ် ၁၁ ရက်တွင် မန္တလေးမှ မူဆယ်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် တစ်စီးပေါ်မှ ခရစ်ယာန်ကျမ်းစာအုပ် အထုပ် များဖြင့် ဖုံးအုပ်ထားသော တရား မဝင် တင်ဆောင်လာသည့် Toluene ဟု ယူဆရသော အရည် ပုံးများ လီတာ ၁၇၀ (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၃၈၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသော Nissan AD Van အမျိုး အစား မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၀၀၀၀၀၀) ကို လည်းကောင်း စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၈၉၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်း နှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
ထို့အတူ ဩဂုတ် ၁၂ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံ ခန့်ခွဲမှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ရှိ မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ တာဝန်ကျ စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ ID တွင် ကြေညာထားခြင်းမရှိသော 550 W လျှပ်စစ်မော်တာများ (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၀၀၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေး ယူဆောင်ရွက်လျက်ရှိသည်။
အရေးယူဆောင်ရွက်
ထို့အပြင် ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ် (တံတားကျိုး)စုပေါင်း စစ်ဆေးရေးစခန်း၌ တာဝန်ကျ စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ သွား ရောက်မည့် ကုန်တင်ယာဉ်နှစ်စီး ပေါ်မှ သွင်းကုန်ကြေညာလွှာ ID တွင် ကြေညာထားသည် ထက် ပိုမိုတင်ဆောင်လာသော သစ်တော်သီး ၁၄၅ ဖာ (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၆၂၅၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေး ယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ သြဂုတ် ၈ ရက်၊ ၉ ရက်နှင့် ၁၂ ရက်များတွင် ဖမ်းဆီး ရမိမှု စုစုပေါင်းမှာ အမှုတွဲရှစ်မှု၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၃၅၁၅၀၀၀) ဖြစ်ကြောင်း တရား မဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရ သည်။
သတင်းစဉ်