
နေပြည်တော် အောက်တိုဘာ ၂၀
တရားလွှတ်တော်ရှေ့နေများကောင်စီ၏ ဒုတိယအကြိမ် အစည်းအဝေး(၂/၂၀၂၀)ကို ယနေ့ နံနက် ၁၀ နာရီတွင် Video Conferencing ဖြင့် ကျင်းပရာ အဖွဲ့ဝင်များ စုံညီစွာတက်ရောက်ကြပြီး တရားလွှတ်တော်ရှေ့နေများကောင်စီဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက အမှာစကား ပြောကြားသည်။
အစည်းအဝေးတွင် တရားလွှတ်တော်ရှေ့နေအဖြစ် စာရင်းတင်သွင်းခွင့်ပြုပါရန် လျှောက်ထားတင်ပြသူ ၁၅၆ ဦး အား စိစစ်အတည်ပြုခြင်း၊ တရားလွှတ်တော်ရှေ့နေ ၇ ဦးအပေါ် တိုင်ကြားမှုနှင့်စပ်လျဉ်း၍ တရားလွှတ်တော် ရှေ့နေများ ကောင်စီခုံရုံးဖြင့် စုံစမ်းစစ်ဆေးရန် ဆွေးနွေးခြင်း၊ စုံစမ်းစစ်ဆေးမည့် ခုံရုံးအဖွဲ့ဝင် အမည်စာရင်းအား ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ပေးပို့ရန် အတည်ပြုခြင်းနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က တရားလွှတ်တော်ရှေ့နေ ၃ ဦးအပေါ် အရေးယူရန် သဘောထားတောင်းသည့်ကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်