တရားလွှတ်တော် ရှေ့နေများကောင်စီအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၃) ကျင်းပ

 

နေပြည်တော်   မတ်   ၂၉


တရားလွှတ်တော်    ရှေ့နေများကောင်စီ အစည်းအဝေး   အမှတ်စဉ် (၁/၂၀၂၃) ကို နေပြည်တော်   ဇမ္ဗူသီရိမြို့နယ်  ဝဏ္ဏသိဒ္ဓိ ရပ်ကွက်        နေပြည်တော်အားကစား လေ့ကျင့်ရေးစခန်း    Cluster–1, တိုက် အမှတ်(၆)ရှိ  တရားလွှတ်တော်ရှေ့နေများ ကောင်စီရုံး၌ ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပ ပြုလုပ်ရာ      ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်   ပြည်ထောင်စု ရှေ့နေချုပ်    တရားလွှတ်တော်ရှေ့နေများ ကောင်စီဥက္ကဋ္ဌ      ဒေါက်တာသီတာဦး ဦးဆောင်၍ ကောင်စီဝင်များ တက်ရောက် ကြသည်။ 

 


အစည်းအဝေးတွင်    ပြည်ထောင်စု ဝန်ကြီးက   ရှေ့နေကျင့်ဝတ်ဖောက်ဖျက် သည့်  တရားလွှတ်တော်ရှေ့နေများအပေါ် တရားလွှတ်တော်     ရှေ့နေများကောင်စီ အက်ဥပဒေပုဒ်မ ၁၀  (၁) အရ   ထိုက်သင့် သည့် အရေးယူမှုပြုလုပ်ရန်  သင့်၊ မသင့် ပြည်ထောင်စု    တရားလွှတ်တော်ချုပ်က သဘောထားတောင်းခံသည့်ကိစ္စနှင့် တရား လွှတ်တော်ရှေ့နေအဖြစ်  စာရင်းတင်သွင်း ခွင့်ပြုရန် လျှောက်ထားသည့် အထက်တန်း ရှေ့နေ  ၁၂၃ ဦးတို့ကို  ကန့်ကွက်ရန်  ရှိ/ မရှိ    သဘောထားတောင်းခံသည့်   ကိစ္စ တို့ကို      ကောင်စီဝင်တစ်ဦးချင်းစီထံ သဘောထား       တောင်းခံထားပြီးဖြစ် ကြောင်း၊ ကောင်စီဝင်များ၏  သဘောထား မှတ်ချက်များအပေါ်      ယခုအစည်းအဝေး တွင်     ဆက်လက်ဆွေးနွေးမည်ဖြစ် ကြောင်း။

 


ဥပဒေပညာဌာနက   Online   ဖြင့် ဖွင့်လှစ်သင်ကြားသည့်     ဘွဲ့လွန်ဥပဒေ ပညာ ဒီပလိုမာသင်တန်း Post Graduate Diploma in Law (P.G.D.L)  အောင်မြင်ပြီး သူ   အထက်တန်းရှေ့နေများက   တရား လွှတ်တော်ရှေ့နေအဖြစ် စာရင်းတင်သွင်း ခွင့်ပြုရန်   လျှောက်ထားသည့်   ကိစ္စများ၊ ဘွဲ့လွန်ဥပဒေပညာ    ဒီပလိုမာသင်တန်း Post  Graduate  Diploma  in   Law (P.G.D.L) မဟုတ်သည့်  ဘွဲ့လွန်ဒီပလိုမာ Post Graduate Diploma (DL) ရရှိပြီးသူ အထက်တန်းရှေ့နေတစ်ဦးက     တရား လွှတ်တော်ရှေ့နေအဖြစ်  စာရင်းတင်သွင်း ခွင့်ပြုရန် လျှောက်ထားသည့်ကိစ္စနှင့်  UN အဖွဲ့အစည်းလက်အောက်တွင်     အမှု လိုက်ပါဆောင်ရွက်လျက်ရှိသည့် ဥပဒေ ဆိုင်ရာ အဖွဲ့အစည်းများ၏ ကိစ္စရပ်များ ကို   ဆွေးနွေးရန်ရှိကြောင်း    ပြောကြား သည်။

 


ထို့နောက်  အစည်းအဝေးသို့  တက် ရောက်လာကြသည့်    တရားလွှတ်တော် ရှေ့နေများကောင်စီ        ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရား သူကြီး ဦးမျိုးတင့်၊      တရားလွှတ်တော် ရှေ့နေများကောင်စီအဖွဲ့ဝင်        တရား လွှတ်တော်ရှေ့နေများဖြစ်ကြသည့် ဦးဝင်း အောင်၊ ဒေါ်ခင်နုသာ၊ ဦးလှဟန်၊ ဦးစိုးသိန်း၊ ဦးဝင်းဖေ၊  ပြည်ထောင်စုတရားလွှတ်တော် ချုပ်၊     ပြည်ထောင်စုတရားစီရင်ရေး ကြီးကြပ်မှုရုံး၊    ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးနှင့်    တရားလွှတ်တော် ရှေ့နေများကောင်စီအတွင်းရေးမှူး ဥပဒေ ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံး   ညွှန်ကြား ရေးမှူးချုပ်   ဒေါက်တာ  သီသီမြင့်တို့က ပြန်လည်ဆွေးနွေးတင်ပြကြပြီး အစည်း အဝေးကို ညနေပိုင်းတွင်  ရုပ်သိမ်းလိုက် ကြောင်း သိရသည်။   

            
သတင်းစဉ်