တပ်ဌာနချုပ်တစ်ခု၏ ကောင်းခြင်း၊ မကောင်းခြင်းသည် ယင်းတပ်ကို ဦးဆောင်ရသည့် ဦးစီးခေါင်းဆောင်များနှင့် တိုက်ရိုက်သက်ဆိုင်မှုရှိပြီး ခေါင်းဆောင်မှုကောင်းစွာဖြင့် ကွပ်ကဲအုပ်ချုပ်နိုင်မှသာလျှင် တပ်ကောင်းတစ်ခုဖြစ်လာမည်

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  သန်လျင်တပ်နယ်နှင့် ဒလတပ်နယ်တို့ရှိ  နယ်မြေခံရေတပ်စခန်းဌာနချုပ်များမှ  ဌာနချုပ်မှူးများနှင့်  အရာရှိကြီးများအား  တွေ့ဆုံအမှာစကားပြောကြား

 

နေပြည်တော်    ဇွန်   ၁၀


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် သန်လျင်တပ်နယ်နှင့် ဒလတပ်နယ်တို့ရှိ   နယ်မြေခံရေတပ်စခန်းဌာန ချုပ်များမှ ဌာနချုပ်မှူးများနှင့် အရာရှိကြီးများအား   ဗိုလ်တထောင် မြို့နယ်ရှိ ဧရာဝတီရေတပ်စခန်းဌာနချုပ်ခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။ 

 


အဆိုပါတွေ့ဆုံပွဲသို့     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ)   ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်         ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊  ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊  သန်လျင် တပ်နယ်နှင့် ဒလတပ်နယ်တို့ရှိ နယ်မြေခံရေတပ်စခန်းဌာနချုပ်များ မှ ဌာနချုပ်မှူးများနှင့် အရာရှိကြီးများ  တက်ရောက်ကြသည်။

 


ဦးစွာ တာဝန်ရှိသူတစ်ဦးက    တပ်ဌာနချုပ် သမိုင်းအကျဉ်း၊ တပ်တည်ဆောက်ရေးလုပ်ငန်းကြီး ၄ ရပ် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ဒေသခံ ပြည်သူများအား ကျန်းမာရေးအပါအဝင်    အခြား လိုအပ်သည့်      ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မှု၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေကြောင်းလုံခြုံရေးဆိုင်ရာ ဆောင်ရွက်နေမှုအခြေ အနေများနှင့်ပတ်သက်၍         ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ ပြန်လည် မှာကြားသည်။

 


ရေကြောင်းသွားလာမှုဆိုင်ရာ 
စည်းမျဉ်းစည်းကမ်းများကို လိုက်နာမှုရှိစေရေး စနစ်တကျဖြင့် ကွပ်ကဲကြပ်မတ်ရမည်


ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာ စကားပြောကြားရာတွင် နိုင်ငံတော်မှ   ချမှတ်ထား သည့် ရေကြောင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာမှုရှိစေရေး စနစ်တကျဖြင့် ကွပ်ကဲကြပ်မတ် ရမည်ဖြစ်သကဲ့သို့     စည်းကမ်းချိုးဖောက်သည့် ရေယာဉ်များ၊ သင်္ဘောများ မရှိစေရေး ဆောင်ရွက်ရန် နှင့် တရားမဝင်ကုန်ပစ္စည်းများ ရောင်းဝယ်ဖောက်ကား သယ်ဆောင်နေမှုများ မရှိစေရေး တားဆီးဆောင်ရွက် ရမည်ဖြစ်ကြောင်း။

 


ခေါင်းဆောင်မှုအခန်းကဏ္ဍ


တပ်ဌာနချုပ်တစ်ခု၏ ကောင်းခြင်း၊ မကောင်း ခြင်းသည်  ယင်းတပ်ကို   ဦးဆောင်ရသည့်   ဦးစီး ခေါင်းဆောင်များနှင့်   တိုက်ရိုက်သက်ဆိုင်မှုရှိပြီး ခေါင်းဆောင်မှုကောင်းစွာဖြင့် ကွပ်ကဲအုပ်ချုပ်နိုင်မှ သာလျှင် တပ်ကောင်းတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း၊ မိမိ၏ခေါင်းဆောင်မှုကို  မြှင့်တင်နိုင်ရေးအတွက် ထိုးထွင်းတီထွင်ကြံဆလုပ်ဆောင်နိုင်မှုနှင့် ခေါင်းဆောင် ကောင်းတစ်ယောက်နှင့်လျော်ညီစွာ နေထိုင်ပြောဆို လုပ်ကိုင်ဆောင်ရွက်မှုတို့သည်လည်း    လိုအပ်မည် ဖြစ်ကြောင်း၊ အကျင့်စာရိတ္တကောင်းမွန်မှသာလျှင် လုပ်ဆောင်ပြုမူ      ပြောဆိုချက်များသည်လည်း ကောင်းမွန်မည်ဖြစ်ကြောင်းနှင့် မိမိကွပ်ကဲအုပ်ချုပ် ရသူများ၏ စိတ်နေသဘောထားနှင့် လုပ်ဆောင်နိုင် စွမ်းများ၊ အားသာချက်၊ အားနည်းချက်များကိုလည်း သိရှိအောင်ဆောင်ရွက်ရန်လိုပြီး ထိုသို့သိရှိနေမှသာ လျှင် လူမှန်နေရာမှန်နေရာချထား၍ ကွပ်ကဲအုပ်ချုပ် နိုင်မည်ဖြစ်ကြောင်း၊ ခေါင်းဆောင်များအနေဖြင့် မိမိကိုယ်တိုင် စနစ်တကျ နေထိုင်သွားလာတတ်မှုနှင့် မိမိတာဝန်ယူရသည့် တပ်ဌာနချုပ်ကို ကောင်းမွန် အောင် ကွပ်ကဲအုပ်ချုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက် ရမည်ဖြစ်ပြီး နေ့စဉ်လုပ်ဆောင်ရမည့် တာဝန်များကို မှန်မှန်ကန်ကန်ဖြင့်      လုပ်ဆောင်နေရမည်ဖြစ်ကြောင်း။

 


စည်းကမ်းစနစ်တကျရှိသည့် တပ်မတော်တည်ဆောက်ရမည်


မိမိကွပ်ကဲအုပ်ချုပ်ရသည့်   အရာရှိ၊   စစ်သည် များကို စည်းကမ်းတကျနေထိုင် ပြောဆိုတတ်စေရန် ကြပ်မတ်ဆောင်ရွက်စေခြင်းသည် လေ့ကျင့်ပေးနေ ခြင်းပင်ဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်စေခြင်းဖြင့် စစ်သည်တစ်ဦးချင်းမှသည်      တပ်တစ်တပ်ချင်း အလိုက် ယင်းမှတစ်ဆင့် စည်းကမ်းစနစ်တကျရှိသည့် တပ်မတော်ကို   တည်ဆောက်ရမည်ဖြစ်ကြောင်း၊ ဦးစီးခေါင်းဆောင်များအနေဖြင့်      ဘက်ပေါင်းစုံမှ စဉ်းစားတွေးခေါ်ဆောင်ရွက်၍ ကွပ်ကဲအုပ်ချုပ်ကြရန်လိုအပ်မည်ဖြစ်ကြောင်း၊ အဆင့်ဆင့်သော ကွပ်ကဲ အုပ်ချုပ်မှုများဖြင့် စည်းကမ်းစနစ်တကျရှိနေရမည် ဖြစ်ပြီး လုပ်ငန်းစဉ်များအားလုံးကို အဆင့်အလိုက် မှန်မှန်ကန်ကန် ဖြစ်နေရမည်ဖြစ်ကြောင်း၊ ထူးချွန် ခြင်း၊ ကျွမ်းကျင်ခြင်းသည် တာဝန်တစ်ခု၊ နယ်ပယ် တစ်ခုအတွက်သာဖြစ်ပြီး ဘက်ပေါင်းစုံမှ တွေးခေါ်မြော်မြင်မှုကောင်းစွာဖြင့် ဆောင်ရွက်တတ်ခြင်းသည် ခေါင်းဆောင်မှုကောင်းခြင်းဖြစ်ကြောင်း၊   ယင်းသို့ ဖြစ်ရန် မိမိကိုယ်တိုင် လေ့လာအားထုတ်မှုပြုရမည် ဖြစ်ကြောင်း၊ မိမိတို့တာဝန်ယူဆောင်ရွက်နေရသည့် တပ်များကို စနစ်တကျဖြင့် ကွပ်ကဲအုပ်ချုပ်နိုင်ရန်နှင့် တပ်တစ်တပ်ချင်းမှအစပြု၍ စည်းကမ်းစနစ်တကျ ရှိပြီး အမိန့်နာခံမှုအားကောင်းသည့်   တပ်မတော် ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်