တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၏ သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ်(၁၉)နှင့် အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ်(၆)တို့မှ သင်တန်းဆင်း သင်တန်းသား၊ သင်တန်းသူများအား ဆေးဝန်ထမ်းတာဝန်ခန့်အပ်

 

 

နေပြည်တော်   ဒီဇင်ဘာ   ၂၇
တပ်မတော်သူနာပြုနှင့် ဆေးဘက် ပညာတက္ကသိုလ်၏ သူနာပြုနှင့်  ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်း အမှတ်စဉ်(၁၉) နှင့် အမျိုးသမီး သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံ ဘွဲ့  သင်တန်းအမှတ်စဉ်(၆)တို့မှ သင်တန်းဆင်း   သင်တန်းသား၊ သင်တန်းသူများအား ဆေးဝန်ထမ်း တာဝန်ခန့်အပ်ခြင်း အခမ်းအနား ကို ယနေ့နံနက်ပိုင်းက တပ်မတော် သူနာပြုနှင့်      ဆေးဘက်ပညာ တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)မှ  စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး       မျိုးဇော်သိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မ တော် အရာရှိကြီးများ၊ တပ်မတော်  သူနာပြုနှင့်      ဆေးဘက်ပညာ တက္ကသိုလ်       ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဝင်းဗိုလ်နှင့် ကျောင်း ဆင်း သင်တန်းသား၊ သင်တန်းသူ များ တက်ရောက်ကြသည်။
ခန့်အပ်လွှာ ပေးအပ်
အစီအစဉ်အရ ဒုတိယဗိုလ်ချုပ် ကြီး မျိုးဇော်သိန်းနှင့် တပ်မတော် အရာရှိကြီးများ၊   တပ်မတော် သူနာပြုနှင့်      ဆေးဘက်ပညာ တက္ကသိုလ် ကျောင်းအုပ်ကြီးတို့ သည်   စင်မြင့်ထက်၌  နေရာယူ ကြပြီးနောက် ဒုတိယဗိုလ်ချုပ်ကြီးမျိုးဇော်သိန်းက     ကျောင်းဆင်း  သင်တန်းသား၊     သင်တန်းသူ တစ်ဦး ချင်းစီအား  ဆေးဝန်ထမ်း တာဝန်ခန့်အပ်လွှာ      ပေးအပ် သည်။ 
အမှာစကား ပြောကြား
ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းက    အမှာစကား ပြောကြားပြီး   အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း   သတင်းရရှိ သည်။                     
သတင်းစဉ်