တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၏ (၂၄)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

 

 

နေပြည်တော်   ဒီဇင်ဘာ   ၂၇
တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ၏ (၂၄) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို  ယနေ့    မွန်းလွဲပိုင်းတွင်   ရန်ကုန်တိုင်းဒေသကြီး  မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်သူနာပြုနှင့် ဆေးဘက် ပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်  ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဝင်းဗိုလ်နှင့် ပညာရေး အဖွဲ့ဝင်များ တက်ရောက်ကြသည်။
အစီအစဉ်အရ တပ်မတော်သူနာပြုနှင့် ဆေးဘက် ပညာတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် ပညာရေးအဖွဲ့ ဝင်များသည်  ပညာရေးအဖွဲ့အစည်းအဝေးကျင်းပပြီး ဘွဲ့နှင်းသဘင်ခန်းမသို့ ဝင်ရောက်ကာ သတ်မှတ် နေရာများတွင် နေရာယူကြသည်။
အစီအစဉ်အတိုင်း  ဆောင်ရွက်
ယင်းနောက်      မြန်မာ့ဆိုင်းတူရိယာအဖွဲ့က နိုင်ငံတော်သီချင်းတီးမှုတ်ကာ ဘွဲ့နှင်းသဘင်အခမ်း အနားကို ဖွင့်လှစ်သည်။ ထို့နောက် ကျောင်းအုပ်ကြီး က ဘွဲ့နှင်းသဘင်ကျင်းပကြောင်းကြေညာပြီး ဘွဲ့ယူ မည့်သူများကို ကတိသစ္စာခံယူစေခြင်း၊ သက်ဆိုင်ရာ ဌာနမှူးများက ဘွဲ့ယူမည့်သူများကို ပါမောက္ခချုပ် ထံသို့    ပို့ဆောင်ခြင်းတို့ကို   အစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။
ဆက်လက်၍ ပါမောက္ခချုပ်က သူနာပြုသိပ္ပံဘွဲ့ ၅၂  ဦး၊   ဆေးဝါးကျွမ်းကျင်မှု  သိပ္ပံဘွဲ့  လေးဦး၊  ဆေးဘက်ဆိုင်ရာနည်းပညာဘွဲ့(ဓာတ်ခွဲနည်းပညာ) ခုနစ်ဦး၊  ဓာတ်မှန်နှင့်  ပုံရိပ်ဖော်နည်းပညာ ငါးဦး၊ ခန္ဓာသန်စွမ်းမှုနည်းပညာ ငါးဦး၊ ခြေတုလက်တုနှင့် အားပြုကိရိယာနည်းပညာသိပ္ပံဘွဲ့ နှစ်ဦး စုစုပေါင်း ၇၅ ဦးတို့ကို ဘွဲ့လက်မှတ်များ ချီးမြှင့်အပ်နှင်းသည်။ ထို့နောက်   ကျောင်းအုပ်ကြီးက   ဘွဲ့ရသူများအား ဘွဲ့များနှင့်လျော်ညီသော အဆောင်အယောင် အမှတ် လက္ခဏာဖြစ်သည့် ဝတ်ရုံများကို ဝတ်ဆင်ခွင့်ပြုခဲ့ပြီး သူနာပြုသိပ္ပံဘွဲ့(ပေါင်းကူး) ၁၅ ဦးကို အဝေးရောက် ဘွဲ့လက်မှတ်များ    ချီးမြှင့်အပ်နှင်းကာ   ဘွဲ့နှင့် လျော်ညီသော အဆောင်အယောင်အမှတ်လက္ခဏာ ဖြစ်သည့်    ဝတ်ရုံများကို     ဝတ်ဆင်ခွင့်ပြုသည်။ ယင်းနောက်   ကျောင်းအုပ်ကြီးက   ဘွဲ့နှင်းသဘင် မှတ်တမ်းစာအုပ်တွင်          လက်မှတ်ရေးထိုးသည်။ ထို့နောက် ကျောင်းအုပ်ကြီးက ဘွဲ့နှင်းသဘင်မိန့်ခွန်း ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ဘွဲ့များအပ်နှင်းပေး
တပ်မတော်သူနာပြုနှင့်      ဆေးဘက်ပညာ တက္ကသိုလ်အနေဖြင့် ၂၀၀၃ ခုနှစ်မှစတင်၍ ဘွဲ့နှင်း သဘင်အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ ယနေ့ အထိ သူနာပြု ပါရဂူဘွဲ့ ၂၄ ဦး၊ ဆေးပညာသင်ကြားရေး ဘွဲ့လွန်ဒီပလိုမာဘွဲ့ ၂၄၁ ဦး၊ သူနာပြုမဟာသိပ္ပံဘွဲ့ ၄၂၀၊ ဆေးဝါးမဟာသိပ္ပံဘွဲ့နှင့် ဆေးဘက်ဆိုင်ရာ  နည်းပညာမဟာသိပ္ပံဘွဲ့ ၁၈၄ ဦး၊ သူနာပြုသိပ္ပံဘွဲ့ (ပေါင်းကူး) ၁၁၃ ဦး၊ ဆေးဘက်ဆိုင်ရာအသံလွန် လှိုင်းဖြင့် ရောဂါရှာဖွေခြင်းနည်းပညာဒီပလိုမာဘွဲ့ ၁၆ ဦး၊  အထူးကြပ်မတ် သူနာပြုစုမှု  ဒီပလိုမာဘွဲ့  ၂၂ ဦး၊ ခွဲစိတ်ခန်းသူနာပြုစုမှု   ဒီပလိုမာဘွဲ့ ၆၅ ဦး၊ သူနာပြုသိပ္ပံဘွဲ့ ၃၂၁၆ ဦး၊ ဆေးဝါးကျွမ်းကျင်မှုသိပ္ပံဘွဲ့  ၂၁၃ ဦး၊ ဆေးဘက်ဆိုင်ရာ နည်းပညာသိပ္ပံဘွဲ့ ၆၂၆ ဦး စုစုပေါင်း ၅၁၄၀ တို့ကို ဘွဲ့များအပ်နှင်းပေးခဲ့ပြီး ဖြစ်သည်။
တပ်မတော်သူနာပြုနှင့်     ဆေးဘက်ပညာ တက္ကသိုလ်ရှိ  စာပေသင်ကြားရေးဆိုင်ရာ  နည်းပြ အရာရှိများ နိုင်ငံတကာအဆင့်မီအတတ်ပညာများ ရရှိရေးအတွက် ပြည်ပသင်တန်းများ  တက်ရောက် စေလွှတ်ခဲ့ရာ  ၁၉၉၈ ခုနှစ်တွင်  သူနာပြုပါရဂူဘွဲ့ အတွက် သင်တန်းသူ တစ်ဦး၊   ၁၉၉၉ ခုနှစ်တွင် သူနာပြုပါရဂူဘွဲ့အတွက် သင်တန်းသူ နှစ်ဦး၊ ၂၀၀၁ ခုနှစ်တွင် သူနာပြုပါရဂူဘွဲ့အတွက် သင်တန်းသူ နှစ်ဦး နှင့် သူနာပြုမဟာသိပ္ပံဘွဲ့အတွက် သင်တန်းသူ ရှစ်ဦး တို့ကို သြစတြေးလျနိုင်ငံ La Trobe တက္ကသိုလ်သို့ စေလွှတ်ပညာသင်ကြားစေခဲ့ပြီး အဆိုပါသင်တန်းသူ ၁၃ ဦးကို အဆိုပါတက္ကသိုလ်မှ ဘွဲ့အပ်နှင်းသည့်အခမ်း အနားကို ၂၀၀၄ ခုနှစ်တွင် တပ်မတော်ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ အောင်မြင်စွာ လက်ခံကျင်းပ  နိုင်ခဲ့သည်။   အလားတူ   ထိုင်းနိုင်ငံ   Ching Mai University နှင့် Mahidol University တို့တွင် သူနာပြုမဟာသိပ္ပံဘွဲ့နှင့်     ဆေးဝါးမဟာသိပ္ပံဘွဲ့ တက်ရောက်သင်ယူစေခဲ့ရာ ခြောက်ဦးအောင်မြင်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံ Air Langer University တွင် သူနာပြု ဘွဲ့လွန်သင်တန်းကို နှစ်ဦး တက်ရောက် အောင်မြင်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်