
နေပြည်တော် ဒီဇင်ဘာ ၂၆
တပ်မတော်(ရေ)လက်အောက်ခံ ဌာနချုပ်၊ တပ်၊ စခန်းနှင့် စစ်ရေ ယာဉ်စုများရှိ ခရစ်ယာန်ဘာသာ ဝင် စစ်သည်မိသားစုများ၏ နေအိမ်များသို့ ခရစ္စမတ်ကာလ အတွင်း တပ်မတော်(ရေ)မှ အရာရှိကြီးများက သွားရောက်၍ ခရစ္စမတ်နေ့ အထိမ်းအမှတ် ကိတ်မုန့်နှင့် လက်ဆောင်များ ပေးအပ်ခြင်း၊ ဝတ်ပြုဆုတောင်း ခြင်း၊ မိသားစုများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အခက်အခဲများ မေးမြန်းပြီး အားပေးစကားများ ပြောကြားခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်