တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)မှ နယ်လှည့်အထူးကုဆေးအဖွဲ့ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

 

နေပြည်တော်  မေ  ၂၂


တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ   ကမ်းရိုးတန်းဒေသများမှ    ဒေသခံပြည်သူများအား   ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ  ဆောင်ရွက်ပေးရန်  ရောက်ရှိနေသည့်  နယ်လှည့် အထူးကုဆေးအဖွဲ့များ ပါဝင်သော တပ်မတော်ပင်လယ်သွား ဆေးရုံ  ရေယာဉ် (သံလွင်)သည်  ယနေ့တွင်   ဘုတ်ပြင်းမြို့နယ် မသေကျေးရွာအုပ်စုရှိ ဝါးကျွန်းကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ အခြေပြု၍  ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံ ပြည်သူ ၁၁၁၇  ဦးကို  ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

 


ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှု ဆိုင်ရာရောဂါ ၄၃၆ ဦး၊ ခွဲစိတ်ရောဂါ ၁၃၄ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၁၀၃ ဦး၊ ကလေးရောဂါ ၉၈ ဦး၊ အရိုးရောဂါ ၈၇ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၉၂ ဦး၊ မျက်စိရောဂါ ၈၆ ဦးနှင့် သွားနှင့် ခံတွင်းရောဂါ ၈၁ ဦး စုစုပေါင်း ၁၁၁၇ ဦးကို   လိုအပ်သည့်  ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့ပြင် ခွဲစိတ်ကုသ ရန် လိုအပ်သူ အထွေထွေခွဲစိတ်လူနာ ၄၃ ဦး၊ မျက်စိခွဲစိတ်လူနာ ၂၁ ဦးကို ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးပြီး ဓာတ်မှန်ရိုက် လူနာ ၈၄ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၆၇ ဦး၊ ECG ဖြင့် နှလုံးစမ်းသပ်လူနာ ၉၂ ဦးနှင့် ဓာတ်ခွဲစမ်းသပ် လူနာ ၂၆၁ ဦးတို့ကို   ရောဂါ ရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။ 

 


ထို့အပြင် ဆေးရုံရေယာဉ်ပေါ်ရှိ   သားဖွားခန်း၌   ကိုယ်ဝန် ဆောင်  မိခင်တစ်ဦးကို အောင်မြင်စွာ   ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ သည့်အပြင် ဆေးရုံတက်ရောက်ကုသရန် လိုအပ်သော ဒေသခံ ပြည်သူ ခုနစ်ဦးကိုလည်း  ဆေးရုံရေယာဉ်ပေါ်၌  ဆေးရုံတင် ကုသပေးခဲ့ကြောင်း သိရသည်။                                 
   

သတင်းစဉ်