
နေပြည်တော် မတ် ၂၄
တပ်မတော်နှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင် သည့် နယ်လှည့် အထူးကု ဆေးအဖွဲ့များ လိုက်ပါလာသော တပ်မတော် ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)သည် ရခိုင် ကမ်းရိုးတန်း တစ်လျှောက်ရှိ မြို့နယ် ကျေးရွာများနှင့် ရန်ကုန် တိုင်းဒေသကြီး ကိုကိုးကျွန်း မြို့နယ်တို့ရှိ ဒေသခံပြည်သူများ အား မတ် ၁ ရက်မှ ၂၂ ရက်အထိ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးပြီး ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ အမှတ်(၄) ရေတပ်ဆိပ်ခံတံတား (သီလဝါ) သို့ ပြန်လည်ရောက်ရှိ လာရာ သန်လျင်တပ်နယ်မှ ဗိုလ်ချုပ် ထိန်ဝင်း ဦးဆောင်သော တပ်မတော်(ရေ)မှ အရာရှိကြီး များ၊ အရာရှိ၊ စစ်သည်မိသားစု များနှင့် သန်လျင်မြို့နယ် ပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်ချို ချိုလွင်တို့က ကြိုဆိုနှုတ်ဆက် ကြသည်။
အဆိုပါ တပ်မတော်ပင်လယ် သွား ဆေးရုံရေယာဉ်(သံလွင်)မှ အထူးကုဆေးအဖွဲ့များသည် ရခိုင် ကမ်းရိုးတန်းဒေသများဖြစ်သော ဂွမြို့၊ သံတွဲမြို့နယ် ကျောက္ကလပ် ကျေးရွာအုပ်စု သဗြုချိုင်ကျေးရွာ၊ ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာ၊ မာန်အောင်မြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့၊ မြောက်ဦးခရိုင် မြေပုံမြို့နယ်၊ စစ်တွေခရိုင် ပေါက်တောမြို့ရှိ ပြိုင်းတောင်ကျေးရွာအုပ်စု စိုးမဲ ကျီကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများ၊ ရန်ကုန်တိုင်းဒေသ ကြီး ကိုကိုးကျွန်းမြို့နယ်အနီး တစ်ဝိုက်ဒေသများရှိ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ဆောင်ရွက် ပေးမှုအနေဖြင့် ဆေးကုသမှု ဆိုင်ရာ ရောဂါ ၄၈၁၆ ဦး၊ ခွဲစိတ် ရောဂါ ၈၁၈ ဦး၊ သားဖွား/မီးယပ် ရောဂါ ၆၀၉ ဦး၊ ကလေးရောဂါ ၇၈၀၊ အရိုးရောဂါ ၂၈၈၄ ဦး၊ နား/နှာခေါင်း/လည်ချောင်း ရောဂါ ၁၁၇၉ ဦး၊ မျက်စိရောဂါ ၃၅၀၉ ဦး နှင့် သွားနှင့်ခံတွင်းရောဂါ ၁၂၃၂ဦး၊ စုစုပေါင်း ဒေသခံပြည်သူ ၁၅၈၂၇ ဦးတို့ကို လိုအပ်သည့် ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးနိုင် ခဲ့ပြီး ၎င်းတို့အနက် မျက်စိခွဲစိတ် လူနာ ၁၄၂ ဦးနှင့် အထွေထွေခွဲစိတ် လူနာ ၁၀၀ တို့ကို ဆေးရုံရေယာဉ် ပေါ်တွင် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။
ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၆၅ ဦး၊ Ultrasound ရိုက်လူနာ ၁၁၅၈ ဦး၊ ဓာတ်ခွဲစမ်းသပ်လူနာ ၃၈၈ ဦးနှင့် ECG စက်ဖြင့် နှလုံး စမ်းသပ်လူနာ ၁၁၀၇ ဦးတို့ကို ရောဂါ ရှာဖွေစမ်းသပ်ခြင်းများ ဆောင် ရွက်ပေးနိုင်ခဲ့ပြီး ဆေးရုံရေယာဉ် ပေါ်ရှိ သားဖွားခန်း၌ ကိုယ်ဝန် ဆောင်မိခင်တစ်ဦးအား အောင်မြင် စွာ မွေးဖွားပေးနိုင်ခဲ့သည်။
တပ်မတော် ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်) ဖြင့် ပြန်လည် ရောက်ရှိလာသည့် တပ်မတော်နှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့မှ အထူးကုဆေး အဖွဲ့ဝင်များအား တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ဂုဏ်ပြု ပေးအပ်ချီးမြှင့်သော လက်ဆောင် ပစ္စည်းများအား တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား ဗိုလ်ချုပ် ထိန်ဝင်း က ပေးအပ် ခဲ့ပြီး စားသောက်ဖွယ်ရာ များဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
တပ်မတော် ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်) ဖြင့် ၂၀၁၆ ခုနှစ်မှစ၍ မြန်မာ့ပင်လယ် ကမ်းရိုးတန်း ဒေသများနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာ ရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယခု ခရီးစဉ်သည် (၁၆) ကြိမ်မြောက် ဖြစ်ပြီး ဒေသခံပြည်သူ စုစုပေါင်း ၁၄၁၉၉၄ ဦးတို့ကို ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းနှင့် ဆေးရုံရေယာဉ်ပေါ်ရှိ သားဖွား ခန်း၌ ကိုယ်ဝန်ဆောင် မိခင်၁၈ဦး တို့ကို အောင်မြင်စွာ မွေးဖွားပေး နိုင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တပ်မတော်ပင်လယ် သွား ဆေးရုံရေယာဉ်(သံလွင်) ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနိုင် ခဲ့မှုအပေါ် တာဝန်ရှိသူများ၏ ရင်တွင်း ပီတိစကားသံများအား ယခုလိုပဲ ကြားသိခဲ့ရပါတယ်-
“ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က လက်အောက်ခံတပ်ရင်း တပ်ဖွဲ့တွေကို သဘာဝဘေး အန္တရာယ် ကျရောက်မှုကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူလူထု ထံ အထက်အမိန့်တစ်စုံတစ်ရာစောင့်ဆိုင်းမှုမလိုဘဲ အမြန်ဆုံး သွားရောက်ပြီး စာနာကူညီပေးဖို့ ရှင်းလင်းစွာညွှန်ကြားချက်ပေးခဲ့တဲ့အပြင် ကျန်းမာရေးစောင့် ရှောက်မှုအနေနဲ့ လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိဘူးဆိုတဲ့ ညွှန်ကြားချက်တွေ ညွှန်ကြားပေး ခဲ့တဲ့အတွက် ဝေးလံခေါင်ဖျားပြီး သွားလာရခက်ခဲတဲ့ ကမ်းရိုးတန်း တစ်လျှောက်မှာရှိတဲ့ မြို့၊ ရွာများ ကို ပင်လယ်သွား ဆေးကုရေယာဉ် သံလွင်နဲ့လည်းကောင်း၊ မြစ်ဝ ကျွန်းပေါ်ဒေသများနဲ့ မြစ်ချောင်း တစ်လျှောက်မှာရှိတဲ့ ပြည်သူ လူထုအတွက် မြစ်တွင်းသွားဆေး ကု ရေယာဉ်ရွှေပုဇွန်နဲ့ တစ်နှစ် လျှင် နှစ်ကြိမ်မှ သုံးကြိမ်စေလွှတ် ပြီး ဆေးကုသမှု ဆောင်ရွက်ပေး လျက်ရှိပါတယ်။ ယခုအချိန်အထိ ပင်လယ်သွား ဆေးကုရေယာဉ် သံလွင်နဲ့ မြစ်တွင်းသွားဆေးကု ရေယာဉ် ရွှေပုဇွန်တို့ဟာ ဆေး ကုသမှုခရီးစဉ် စုစုပေါင်း (၃၃) ကြိမ်အထိ သွားရောက်နိုင်ခဲ့ပြီး ဆေးကုသပေးတဲ့ ပြည်သူလူထု စုစုပေါင်း ၃၀၆၈၀၁ ဦး၊ ကလေး မီးဖွားနိုင်မှု ၄၃ ဦးအထိ ကျန်းမာ ရေးဆိုင်ရာ ကာကွယ်ကုသမှု ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အခု ဆေးကုသမှုခရီးစဉ်၏ ထူးခြား မှုတစ်ခုကတော့ တပ်မတော် ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံးမှ ပါရဂူများ၊ သူနာပြုများပါဝင်တဲ့ နယ်လှည့်ဆေးကုသမှုအဖွဲ့အပြင် ကျန်းမာရေးဦးစီးဌာနက ပါရဂူ များ၊ သူနာပြုများ ပါဝင်တဲ့ ဆေးကုသမှုအဖွဲ့ဟာ ဝေးလံခေါင် ဖျားပြီး သွားလာခက်ခဲတဲ့ ရခိုင် ပြည်နယ် ကမ်းရိုးတန်းတစ် လျှောက်နဲ့ ကိုကိုးကျွန်းမြို့နယ်က ဒေသခံပြည်သူလူထုရဲ့ ကျန်းမာ ရေးကို စောင့်ရှောက်ကုသပေးနိုင် ခဲ့ခြင်းပဲ ဖြစ်ပါတယ်။
နိုင်ငံတော် အကြီးအကဲ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရဲ့ ပြည်သူအပေါ် ထားရှိတဲ့ စိတ်ရင်းစေတနာ ကောင်းများဖြင့် လမ်းညွှန်မှုများ ကြောင့် ပြည်သူလူထုအတွက် အဓိကလိုအပ်တဲ့ ကျန်းမာရေး ဆိုင်ရာစောင့်ရှောက်မှုကို ထိထိ ရောက်ရောက် ကုသပေးနိုင်မှု ကြောင့် များစွာအကျိုးရှိခဲ့ပါ တယ်။ ဆေးကုသမှုပေးခဲ့တဲ့နေရာ တွေက လူနာတွေနဲ့ တာဝန်ရှိသူ တွေရဲ့ ရင်တွင်းကလာတဲ့ ကျေးဇူးတင်စကား၊ ဆုတောင်း မေတ္တာ စကားသံများကိုကြား တဲ့အခါမှာ ကျွန်တော်တို့ရဲ့ဆွေမျိုး သားချင်းတွေကို ကျန်းမာရေး စောင့်ရှောက်မှုပေးရသလို ရင်ထဲ မှာခံစားရပါတယ်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ လမ်းညွှန် ချက်နဲ့အညီ ပင်လယ်သွားဆေးကု ရေယာဉ် သံလွင်ရဲ့ (၁၆) ကြိမ် မြောက် နယ်လှည့်ဆေးကုသမှု ခရီးစဉ်မှာ သက်ဆိုင်ရာ တိုင်းစစ် ဌာနချုပ်၊ ရေတပ်စခန်း ဌာနချုပ်နဲ့ တပ်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ ပရဟိတအသင်း အဖွဲ့များမှ တစ်တပ်တစ်အားပါဝင် ဖြည့်ဆည်းပေးခဲ့တဲ့ အတွက် ကမ်းရိုးတန်း တစ်လျှောက်နဲ့ ကျွန်းများမှာ နေထိုင်တဲ့ မိဘ ပြည်သူတွေရဲ့ ကျန်းမာရေးဆိုင်ရာ ဆေးကုသမှုလုပ်ငန်းတွေကို ထိရောက်စွာဆောင်ရွက်ပေးနိုင်တဲ့အတွက် ပြည်သူပုလဲသွယ်ဆိုတဲ့ အဓိပ္ပာယ်ကို အောင်မြင်စွာဖော်ဆောင်နိုင်ခဲ့ကြောင်း ပြောကြား လိုပါတယ်”
“ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးမှ တပ်ဖွဲ့ဝင်တွေနဲ့ ကျန်းမာရေး ဝန်ကြီးဌာနမှ ဆရာဝန်၊ ပါရဂူ၊ သူနာပြုတွေပါဝင် တဲ့အဖွဲ့တွေက ပင်လယ်သွား စစ်ရေယာဉ် သံလွင်နဲ့ ဆေးကုသမှု လုပ်ငန်းများကို (၁၆) ကြိမ်မြောက် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်ခဲ့တဲ့အခါမှာ ကျွန်တော်တို့ရဲ့အတွေ့အကြုံအရ ပင်လယ်သွားခြင်းဟာ ပထမဆုံး အကြိမ်ဖြစ်တဲ့အတွက် သွားလာမှု များမှာ ခက်ခဲပင်ပန်းကြတယ်လို့ ထင်ခဲ့မိပါတယ်။ တစ်ကယ့် တစ်ကယ် သွားရောက်ကုတဲ့အခါ မှာတော့ ပြည်သူတွေရဲ့ ကျန်းမာ ရေးကို ထိထိရောက်ဆောင်ရွက် နိုင်ခဲ့ပါတယ်။ ပြည်သူတွေရဲ့ တွေ့ကြုံနေရတဲ့ ကျန်းမာရေး ပြဿနာတွေကို ခေတ်မီစက် ကိရိယာတွေနဲ့ စနစ်တကျ ဖော်ထုတ် ဖြေရှင်းပေးနိုင်ခဲ့တာ တွေ၊ ပြည်သူတွေကြုံတွေ့နေရတဲ့ မျက်စိဆိုင်ရာ ပြဿနာတွေ အပါအဝင် အောင်မြင်စွာဆောင်ရွက်ပေးနိုင်ခဲ့တာတွေ၊ ပြည်သူ တွေရဲ့ ရောဂါအဝဝကို ကျန်းမာ ရေးဆိုင်ရာပါရဂူတွေနဲ့ စနစ်တကျ ဆောင်ရွက် ပေးနိုင်ခဲ့တာတွေ၊ သားဖွားရန်ခက်ခဲတဲ့ မိခင်တွေကို စနစ်တကျအကြံပြုခဲ့ပြီး ခွဲစိတ်မှု တစ်ကြိမ်အောင်မြင်စွာ ဆောင် ရွက်ပေးနိုင်ခဲ့တာတွေ၊ ဒါ့အပြင် ရောဂါပျောက်ပြီး သူတို့ရဲ့အပြုံး ပန်းတွေ၊ သူတို့ရဲ့ဝမ်းသာပီတိဖြစ် မှုတွေ၊ သူတို့ရဲ့ကျေးဇူးတင်စကား တွေကြုံတွေ့ရတဲ့ အခါမှာတော့ ကျွန်တော်တို့ရဲ့ ပင်ပန်းမှုတွေ အားလုံးဟာ မြူမှုန်မျှမကျန်အကုန် လုံး ပြေပျောက်သွားခဲ့ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ဆေး ဝန်ထမ်းတပ်ဖွဲ့တွေအနေနဲ့ နောင် အခါတွေလည်း ယခုကဲ့သို့ ခရီးစဉ် တွေမှာ ဆတက်ထမ်းပိုးတိုးမြှင့်အားဖြည့်ဆောင်ရွက်ဖို့ သန္နိဋ္ဌာန် ချမိ ပါတယ်။ ယခုကဲ့သို့ခရီစဉ်တွေ မှာ ပြည်သူလူထုရဲ့ ကျန်းမာရေး ဆိုင်ရာ ဆောင်ရွက်မှုတွေကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ တာကတော့ နိုင်ငံတော်အကြီး အကဲရဲ့ လမ်းညွှန်မှုနဲ့ ခေတ်မီ စက်ကိရိယာပစ္စည်းတွေ၊ ခေတ်မီ ဆေးရုံသုံးပစ္စည်းတွေ၊ ခေတ်မီ ဆေးဝါးတွေ၊ ဆောင်ရွက်မှုတွေနဲ့ အုပ်ချုပ်ထောက်ပံ့ဆိုင်ရာ ပြည့်စုံ လုံလောက်မှု ရှိခြင်းတို့ရဲ့ အထောက်အပံ့တွေနဲ့ အစွမ်း ကြောင့်လို့ ပြောကြားလိုပါတယ်”
“ကျွန်တော်ကတော့ ကျန်းမာ ရေးဝန်ကြီးဌာနမှ တွဲဖက် ပါမောက္ခဖြစ်ပါတယ်။ ယခုဆေး အဖွဲ့နဲ့လိုက်ပါလာတဲ့ ရည်ရွယ် ချက်ကတော့ နိုင်ငံတော်အကြီး အကဲရဲ့ လမ်းညွှန်ချက်နဲ့ ဆေး တပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုက်ပါလာရခြင်း ဖြစ်ပါတယ်။ အခုလို လိုက်ပါလာတဲ့နေရာမှာ ကျွန်တော်တို့ကျန်းမာရေးဝန်ကြီး ဌာနရဲ့ ရည်မှန်းချက်နှစ်ရပ်ဖြစ်တဲ့ လူတိုင်းသက်တမ်းစေ့ကျန်းမာစွာ နေထိုင်ရေးနဲ့ ရောဂါဘယ ကင်းရှင်းရေးတို့ ဖြစ်ပါတယ်။ အဲဒီ ရည်မှန်းချက်နှစ်ရပ်ကို အကောင်အထည် ဖော်ရာတွင် နည်းနာသုံးရပ်ထဲက တစ်ချက်ဖြစ် တဲ့ ကျေးလက်ဒေသအောက်ခြေ အထိ ကျန်းမာရေးအသိပညာပေး ခြင်းနဲ့ ရောဂါကာကွယ် တားဆီးခြင်းတို့ဖြစ်ပါတယ်။ အဲဒီ နေရာမှာ ဝေးလံခေါင်ဖျားဒေသ တွေလည်း ပါဝင်ပါတယ်။ ပင်လယ်ပြင်ကို ဖြတ်ကူးပြီးတော့ ဝေးလံခေါင်ဖျား ဒေသတွေကို သွားရောက်ရမှာဖြစ်တဲ့အတွက် အလွန်ခက်ခဲမယ်လို့ ထင်မြင်မိ သော်လည်း လူနာတွေကို အားရ ကျေနပ်စွာ ကုသပေးနိုင်တယ်။ မျက်စိမမြင်ရတဲ့ လူနာတွေကို မျက်စိချက်ချင်း ပြန်မြင်လာ အောင် မျက်စိဆရာဝန်တွေက ကုသပေးနိုင်တယ်။ ခေတ်မီစက် ကိရိယာတွေပါတဲ့ သင်္ဘောကြီးမှာ လူနာတွေကို ခေတ်မီစက်ကိရိယာ များနဲ့ ကုသပေးနိုင်တဲ့အတွက် ကြောင့် လူနာတွေချက်ချင်း ကောင်းသွားတာ တွေ့ရတဲ့အခါ မှာ လူနာတွေရဲ့ အားရကျေနပ်မှု၊ ဝမ်းသာပီတိဖြစ်မှုနဲ့ အားကိုးမှု တို့တွေ့ရတဲ့အခါမှာ ကျွန်တော်တို့ ပင်ပန်းဆင်းရဲမယ်၊ ခက်ခဲမယ် ထင်ထားတာ အားလုံးပပျောက် သွားတာတွေ့ရပါတယ်။ လူနာ တွေရဲ့အားကိုးမှု၊ လေးစားမှုနဲ့ ဝမ်းသာပီတိ မျက်ရည်တွေကို တွေ့ရတဲ့အခါမှာ နောက်နှစ်တွေ မှာလည်း ဒီသံလွင်သင်္ဘောကြီးနှင့် အတူ ဝေးလံခေါင်ဖျားဒေသတွေ မှာရှိတဲ့ တိုင်းရင်းသားတွေရဲ့ ကျန်းမာရေးကို စောင့်ရှောက်ဖို့ လိုအပ်လာမယ်ဆိုရင် လိုက်ပါမယ် လို့ ကျွန်တော်ဆုံးဖြတ်မိပါတယ်။ ယခုခရီးစဉ်မှာ တန်ဖိုးမဖြတ်နိုင် တဲ့ အတွေ့အကြုံတွေ များစွာရရှိခဲ့ ပါတယ်။ ကျွန်တော်တို့ဟာ ရေတပ်က စစ်သင်္ဘောကြီး နဲ့ လိုက်လာရတဲ့အတွက်ကြောင့် ရေတပ်အရာရှိကြီးတွေရဲ့ စီမံ ခန့်ခွဲမှုကို အနီးကပ် လေ့လာခွင့် ရရှိခဲ့ပါတယ်။ နောက်တစ်ခုက တပ်မတော် ဆေးတပ်ဖွဲ့နဲ့အတူ ပူးပေါင်းရတဲ့အတွက် ရင်းနှီး ချစ်ခင်မှု အစရှိတဲ့ အတွေ့အကြုံ တွေ ရရှိခဲ့ပါတယ်။ နောက်တစ်ခု က ရခိုင်တိုင်းရင်းသားတွေရဲ့ ဓလေ့ စရိုက်၊ ရခိုင်တိုင်းရင်းသားတွေရဲ့ ကျန်းမာရေး အခက်အခဲတွေကို လည်း နားလည်သိရှိခွင့် ရရှိခဲ့ပါ တယ်။ နောက်ဆုံးအနေနဲ့ပြောချင် တာကတော့ ကျွန်တော်တို့ ကျန်းမာရေးဝန်ကြီးဌာနက လိုက် ပါလာတဲ့ ဆရာဝန်၊ သူနာပြုတွေ နဲ့ တပ်မတော်ဆေးအဖွဲ့က ဆရာ ဝန်တွေ ပူးပေါင်းဆောင်ရွက်မှု ကြောင့် ကျွန်တော့်အနေနဲ့ဝမ်းသာ ပီတိဖြစ်မိပါတယ်။ ဂုဏ်လည်း ဂုဏ်ယူမိပါတယ်”
သတင်းစဉ်