တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

 

နေပြည်တော်    မတ်    ၁၈


ရခိုင်ပြည်နယ်အတွင်းရှိ   ကမ်းရိုးတန်း ဒေသတစ်လျှောက်မှ ဒေသခံပြည်သူများ အား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များ ဆောင်ရွက်ပေးရန် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ နယ်လှည့် အထူးကုဆေးအဖွဲ့များ လိုက်ပါလာသော တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)သည် ယနေ့တွင် စစ်တွေခရိုင် ပေါက်တောမြို့ရှိ   စိုးမဲကျီကျေးရွာသို့ ရောက်ရှိရာ ဌာနဆိုင်ရာမှ တာဝန်ရှိသူ များ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ က သောင်းသောင်းဖျဖျ ကြိုဆိုကြသည်။ အဆိုပါ   နယ်လှည့်အထူးကု  ဆေးအဖွဲ့ သည်  စိုးမဲကျီကျေးရွာရှိ ဓမ္မရက္ခိတစိုးမဲကျီ ကျောင်းတိုက်၌   အခြေပြု၍   အဆိုပါ ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၈၆၇ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးသည်။

 


ထိုသို့     ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၃၆၇ ဦး၊ ခွဲစိတ် ရောဂါ ၂၇ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၃၄ ဦး၊ ကလေးရောဂါ ၃၄ ဦး၊ အရိုးရောဂါ ၁၂၀ ၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ  ၄၈ ဦး၊ မျက်စိရောဂါ ၁၈၃ ဦးနှင့် သွားနှင့် ခံတွင်းရောဂါ ၅၄ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ    ဆောင်ရွက်ပေး သည်။ ထို့ပြင်  ခွဲစိတ်ကုသရန် လိုအပ်သူ အထွေထွေခွဲစိတ်လူနာ   သုံးဦး၊  မျက်စိ ခွဲစိတ်လူနာ ၁၂ ဦး၊ ဓာတ်မှန်ရိုက်လူနာ တစ်ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ် စစ်ဆေးလူနာ ၆၉ ဦး၊ ECG ဖြင့် နှလုံး စမ်းသပ်လူနာ ၅၆ ဦးနှင့် ဓာတ်ခွဲစမ်းသပ် လူနာ ၂၁ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက်ကုသရန်  လိုအပ်သူ နှစ်ဦးကို နီးစပ်ရာ တပ်မတော်ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေး  ဆောင်ရွက်ပေးသည်။

 


ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို ပြည်နယ်ဝန်ကြီးချုပ်     ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများ က သွားရောက်ကြည့်ရှုအားပေးပြီး(ယာပုံ) အာဟာရဖြည့်    စားသောက်ဖွယ်ရာများ ပေးအပ်ကာ   လိုအပ်သည်များ  ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 


ကျန်းမာရေးဆောင်ရွက်ပေးမှုအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုလိုပဲ ကြားသိခဲ့ရပါတယ်-
“ကျွန်မတို့ရွာဆိုရင်  မြို့တွေနဲ့လည်း ဝေးပါတယ်။ ပြီးရင် ဒီရာသီဥတုအခြေ အနေနဲ့ဆိုရင် အဆိုးဆုံး အခြေအနေမှာ ရင်ဆိုင်နေရတဲ့  ရွာတစ်ရွာလည်း ဖြစ်ပါ တယ်ရှင့်။   ဒီလိုမျိုး  သံလွင်နယ်လှည့် ဆေးကုသင်္ဘောကြီး  လာမယ်လို့ပြောတဲ့ အချိန်မှာ ကျွန်မတို့ အလွန်ဝမ်းသာပါ တယ်။ လာမယ်လို့ သတင်းကြားတာနဲ့ကို အလွန်ကို   ဝမ်းသာနေတာပါ။  ဘာလို့ ဆိုတော့ ဒီမှာက ကျွန်မတို့တစ်ခုခုရောဂါ ဖြစ်ပြီဆိုရင် မြို့နဲ့လည်း အလှမ်းဝေးတဲ့ အတွက်          ကုန်ကျစရိတ်တွေလည်း အများကြီးကုန်ပါတယ်။     သံလွင် ယာဉ်ကြီးလာမယ်လို့      သတင်းကြား ကတည်းက ကျွန်မတို့    ရွာသူ    ရွာသား တွေလည်း     ဝမ်းသာတယ်။    ပြီးရင် အနီးနားမှာရှိတဲ့ ရွာတွေကလည်း အလွန် ကို   ဝမ်းသာကြ ပါတယ်။   ဘာလို့ဆိုရင်  ဒီမှာက   အကုန်လုံး ကုလို့ရတယ်လေ။  အကြောနဲ့ ပတ်သက်တာကော၊ မျက်စိနဲ့ ပတ်သက်တာကော ပြီးရင်ခန္ဓာကိုယ်မှာ ရှိတဲ့ ရောဂါဆိုရင် အကုန်လုံးပြလို့ရတယ်။ ပိုပြီးတော့ပိုပြီးတော့    ကောင်းတာက  ဘာလဲဆိုရင် မျက်စိမမြင်ဘဲနဲ့ အကြာကြီး နေနေရတဲ့သူဆိုရင် ချက်ချင်းကို ခွဲစိတ် ပေးတယ်။ ဒီသံလွင်ယာဉ်ကြီးထဲမှာ ခွဲစိတ် ပေးတာဆိုတော့ ပိုပြီးတော့ အဆင်ပြေ တယ်။    ဆေးလိုတဲ့သူတွေဆိုရင်လည်း ဆေးပေးတယ်။    ခွဲစိတ်ဖို့လိုမယ်ဆိုရင် လည်း  ခွဲစိတ်ပေးတယ်။ အဲဒါတွေကအစ အလွန့်အလွန်ပဲ ပျော်မိပါတယ်။ အလွန် လည်း   ပီတိဖြစ်မိပါတယ်။  နိုင်ငံတော် အကြီးအကဲဖြစ်တဲ့      ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင်က ဘာတွေစီစဉ်ပေးလဲ ဆိုရင် ဒီစစ်ရေယာဉ်နဲ့လာပြီး အခမဲ့ကုသ ပေးတယ်။ ဘယ်အရာမှ ကုန်စရာမရှိဘူး။ ပြီးရင်လူနာတွေကိုလည်း  ထပ်ပြီးတော့ စားစရာတွေကိုလည်း အခမဲ့ကျွေးပေးတာ မျိုးတွေ ရှိပါတယ်။ ဆေးခန်းဆိုရင်လည်း ခွဲစိတ်ခလုံးဝမကုန်ပါဘူး။  အကုန်လုံးကို အခမဲ့ကုပေးပါတယ်။ အခုဆို ကိုယ်ဝန် ဆောင်တွေကို  ဒီမှာကုသပေးတယ်လေ။  ဒီမှာ   OG   တွေလည်း  ပါတယ်လေ။  ကျန်းမာရေးအခက်အခဲတွေ  အကုန်လုံး ကို  ဒီသံလွင်ယာဉ်ကြီးကပဲ ဖြေရှင်းပေး တာလေ။ အဲဒါကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လုပ်ပေးတဲ့  ကျေးဇူးတွေ ကြောင့်ပါ။ ပြည်သူ့ကလေးတွေ  သီချင်း ဆိုရင်လည်း ရခိုင်ဘာသာနဲ့ ဆိုထားတယ် လေ။ ပြီးရင် ရခိုင်ဘာသာနဲ့ ပြည်သူ့ကလေး တွေကို  ကြားရတယ်။   အဲဒီအခါကျ  ပိုပြီးတော့ ဝမ်းသာတယ်။  ပိုပြီးတော့ ရင်းနှီးသလိုခံစားရတယ်။ တစ်ထပ်တည်း ပဲ ခံစားရတယ်ရှင့်။ အဲ့ဒါကိုလည်း ဘာနဲ့မှ လဲလို့မရတဲ့   ပီတိလည်း   ဖြစ်ပါတယ်ရှင့်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တကွ တပ်မတော်ကိုကော အကုန်လုံးကျေးဇူး တင်ပါတယ်ရှင့်။   တကယ်စိတ်ရင်းနဲ့ အလွန်ပဲ ကျေးဇူးတင်ပါတယ်။ နောက် တစ်ခုက  စိတ်ရှည်လက်ရှည်နဲ့   ကုသ ပေးတဲ့   ဆရာဝန်တွေကော  အကုန်လုံး အဘက်ဘက်က ကူညီပေးတဲ့ ဌာနဆိုင်ရာ အကြီးအကဲတွေ     အကုန်လုံးကိုလည်း ကျေးဇူးတင်ပါတယ်ရှင့်။     အလွန်ကို ကျေးဇူးတင်ပါတယ်ရှင့်။    

 

တစ်သက်မှာ တစ်ခါမှ မလာဖူးဘူးလေ။ မလာသေးခင် ကလည်း ပျော်တယ်။ လာလို့ပြီးရင်လည်း ထပ်ပြီးတော့လာစေချင်တယ်။ အမြဲတမ်း လာစေချင်တယ်။ အလွန်ကြိုဆိုတာရှင့်။ ကျွန်မတစ်ယောက်တည်း   ကြိုဆိုတာ မဟုတ်ပါဘူး။ ကျွန်မရွာကကော၊ ရွာအနီး အနားက လူတွေကကော အကုန်လုံးက ကြိုဆိုတာပါရှင့်။ နောက်လည်း လာခဲ့ဖို့ ပြောချင်ပါတယ်ရှင့်”
“ကျွန်တော်တို့အနေနဲ့   အတိုင်းအဆ မရှိ  ပျော်ရွှင်ပါတယ်။  လူကြီးတွေ  ဒီကို တကူးတကလာပြီးမှ   ဆေးကုပေးတယ် ဆိုတော့    ဒီမှာ  အခက်အခဲတွေရှိတဲ့ ကျွန်တော်တို့  ရွာသူ   ရွာသားတွေကို ကူညီပေးတာ ကျွန်တော်တို့ ရွာသားတွေ ကိုယ်စား ကျွန်တော်ကအတိုင်းအဆမရှိ ပျော်ရွှင်မိပါတယ်။ တစ်ရွာလုံးလည်း ဒီလို ပါပဲ။  ကျေးဇူးလည်း အများကြီးတင်ပါ တယ်။  

 

ကျွန်တော်တို့ရွာက  မြို့တွေနဲ့ အလှမ်းဝေးတယ်။ နောက်ပြီး ဒီသဘာဝ လေမုန်တိုင်းတွေကြောင့်၊    သဘာဝဒီရေ တွေကြောင့်       မသွားဖြစ်တဲ့ဟာတွေ၊ ကိုယ်ဝန်ဆောင်တွေဆိုရင်    ဗိုက်နာလို့ မွေးရမယ့်ဟာတွေဆို       မမွေးခဲ့ရဘူး။ သွားရလာရတာလည်း ခက်ခဲတာကြောင့် မြို့ဆိုရင်လည်း သွားချင်ပေမယ့် မသွားခဲ့ ရတာတွေလည်း ရှိပါတယ်။ ကျွန်တော် တို့ကို အခုလိုလာပြီးတော့ ကျန်းမာရေး  စောင့်ရှောက်မှုပေးတဲ့အတွက်    အလွန် ကို   ဝမ်းမြောက်ပီတိ   ဖြစ်မိပါတယ်။ ကျွန်တော်တို့ကို   ဒီလိုမျိုး  ဆေးလာကု ပေးတဲ့အတွက်       ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့က    အလှမ်းဝေးတဲ့   မြို့ ဆေးခန်းတွေဆီလည်း မသွားနိုင်ဘူးလေ။ အဲလို   မသွားရတာကို  ဒီမှာက အခုလို  လာရောက်ကုသပေးတဲ့အတွက် ဝမ်းသာ စရာလည်း    ဖြစ်တယ်။  

 

အခက်အခဲ တွေလည်း မရှိတော့ဘူးလေ။ ကိုယ့်ရွာ၊ ကိုယ့်ဒေသမှာ     ကိုယ့်ထမင်းကိုယ်စား ရတော့လေ    ပိုပြီးအဆင်ပြေပါတယ်။ ဆရာတို့ရဲ့ ဌာနဆိုင်ရာတာဝန်ရှိသူများနဲ့ ကုသပေးတဲ့    ဆေးတွေကြောင့်လည်း ကျွန်တော်တို့အနေနဲ့ အဆင်ပြေပါတယ်။ အဲ့ဒါကြောင့် ပိုပြီးတော့ ဝမ်းမြောက်မိပါ တယ်။ အရင်ကတော့ ဒီလိုမျိုးဌာနဆိုင်ရာ တွေ     လာရောက်ကုသပေးတာလည်း ကျွန်တော်တို့ မတွေ့ရဖူးပါဘူး။ နိုင်ငံတော် အကြီးအကဲရဲ့ ခွင့်ပြုချက်နဲ့ ကျွန်တော် တို့ကို  ဒီကျေးရွာထဲမှာ   ဒီဌာနဆိုင်ရာ အစုံကလာပြီးတော့ စေတနာရှိရှိနဲ့ ကုသ ပေးတဲ့အတွက်   ကျွန်တော်တို့ ကျေးရွာ သားတွေအနေနဲ့       အတိုင်းအဆမရှိ မပြောပြတတ်လောက်အောင်       ဝမ်းသာ ပီတိဖြစ်မိတယ်ဆိုတာ  ပြောချင်ပါတယ်။ နိုင်ငံတော်အကြီးအကဲ ဘုန်းကြီးပါစေ။

 

   အသက်ရှည်ပါစေ။ ပိုပြီးမှ  ကျွန်တော် တို့ကို    ကူညီပေးတဲ့အတွက်   အလွန် ကျေးဇူးတင်ရှိပါကြောင်း   ကျွန်တော်က တစ်ရွာလုံးကိုယ်စား    ပြောချင်ပါတယ်။ ဒီမှာရောက်ရှိလာတဲ့ ဌာနဆိုင်ရာ အားလုံး နဲ့တကွ ဒီက ဆရာ ဆရာမတွေ အကုန်လုံး ကို ကျွန်တော်တို့ ရွာသားတွေကိုယ်စား ကျွန်တော်က  အလွန်ကိုပဲ ကျေးဇူးတင်ရှိ ပါတယ်။ လေးလည်း လေးစားပါတယ်။ ဂုဏ်လည်း   ယူပါတယ်လို့    ပြောချင်ပါ တယ်”။


သတင်းစဉ်