
နေပြည်တော် မတ် ၂
ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုး တန်းဒေသ တစ်လျှောက်မှ ဒေသခံပြည်သူများကို ကျန်းမာ ရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် တပ်မတော် နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ အထူးကုဆေးအဖွဲ့များမှ ပါရဂူ များ၊ ဆေးမှူးများနှင့် သူနာပြုများ ပါဝင်သည့် တပ်မတော်ပင်လယ် သွား ဆေးရုံရေယာဉ် (သံလွင်)သည် ယနေ့တွင် ဂွမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၈၉၁ ဦးအား ယင်းမြို့ရှိ ရတနသိဒ္ဓိဗိမာန်တော်၌ အခြေပြု၍ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
တက်ရောက်ကုသ
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၇၆ ဦး၊ ခွဲစိတ်ရောဂါ ၄၈ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၄၉ ဦး၊ ကလေး ရောဂါ ၃၆ ဦး၊ အရိုးရောဂါ ၂၂၀၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၆၀ ၊ မျက်စိရောဂါ ၂၂၁ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၈၁ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် ခွဲစိတ်ကုသရန် လိုအပ်သူ အထွေထွေခွဲစိတ်လူနာ နှစ်ဦး၊ မျက်စိခွဲစိတ်လူနာ ၁၂ ဦး၊ ဓာတ်မှန်ရိုက်လူနာ ခုနစ်ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ် စစ်ဆေးလူနာ ၆၃ ဦး၊ ECG ဖြင့် နှလုံးစမ်းသပ်လူနာ ၆၈ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၁၇ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသပေး ခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သည့် လူနာများအား နီးစပ်ရာ တပ်မတော်ဆေးရုံများ နှင့် ပြည်သူ့ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးသည်။
ညှိနှိုင်းဆောင်ရွက်
ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး တပ်မတော်ပင်လယ်သွား ဆေးရုံ ရေယာဉ် (သံလွင်) ပေါ်ရှိ ခွဲစိတ် လူနာများနှင့် မျက်စိခွဲစိတ်လူနာ များအား အာဟာရဖြည့်စားသောက် ဖွယ်ရာများ၊ လက်ဆောင်ပစ္စည်း များနှင့် မျက်မှန်များ ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးသည်။
ကျန်းမာရေး ဆောင်ရွက်ပေး မှုအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုလိုပဲ ကြား သိခဲ့ရပါတယ်-
“ဆရာဝန်ကပြောတယ် အမေ့ မျက်လုံးက အများကြီး ပိုဆိုး တယ်။ မျက်လုံးကို ခွဲမှဖြစ်လို့ လာပြီးကုသတာပါ။ အရမ်းလည်း ဝမ်းသာတယ်။ ကိုယ့်အမေ မမြင်ရ တော့ဘူးလို့ထင်ထားတာ။ အရမ်း လည်းဝမ်းနည်းမိတယ် ကိုယ့် အမေငယ်ငယ်ရွယ်ရွယ်နဲ့ မျက်လုံး ကန်းရဖို့ဆိုပြီးတော့ ကိုယ့်ကိုယ် ကိုယ်လည်း ဝမ်းနည်းကြေကွဲရ တယ်။ မရှိတဲ့လူတွေအဖို့မှာတော့ ဒီလို လာရောက်ကုသပေးတဲ့ အတွက် အများကြီး ကောင်းတာ ပေါ့။ ဒီလိုလာပေးတဲ့အတွက် အများကြီး ကျေးဇူးတင်တယ်။ သမီးအမေကို မျက်လုံးခွဲပေးတဲ့ အတွက်လည်း ဘယ်လိုကျေးဇူး တင်ရမယ်ဆိုတာ မပြောတတ်လို့ သမီးစိတ်ထဲမှာ တအားပဲကို ကျေးဇူးတင်မိတယ်။ ပျော်လည်း ပျော်တယ်။ သမီးတို့မြို့ကို တစ်နှစ်ကို တစ်ခါလောက်တော့ လာစေချင်တယ်။ ဘာလို့ဆိုရင် သမီးမိဘတွေအပြင် တခြားမရှိတဲ့ သူတွေကိုလည်း ကုချင်သချင် တယ်။ ခုလာကုတဲ့သူတွေလည်း ဘာမှပူစရာမလိုဘူး။ ထမင်းဆို ထမင်း၊ ရေဆို ရေ၊ အကုန်အစစ အရာရာလိုရာခပ်သိမ်း အကုန်လုံး လုပ်ပေးတယ်။ ထမင်းကျွေး တာကအစ ခွံ့ခက်ကျွေးတယ်။ အများကြီးလည်း တာဝန် ကျေတယ်။ ဒီလိုမျိုး ဆရာဝန်ကြီး တွေနဲ့ လုပ်ကိုင်ပေးတဲ့ လူတွေ အဖွဲ့အားလုံးကို သမီးက အများကြီး ကျေးဇူးတင်တယ်။ ပြောမပြတတ် အောင် ကျေးဇူးတင်ပါတယ်။”
“သင်္ဘောပေါ် တက်သွား ကတည်းက တယုတယ လိုလေ သေးမရှိ အကုန်တွဲပို့ တွဲချီ တွဲမ ခုတင်တွေ အဆင်သင့် စောင်တွေ လည်း အဆင်သင့်ရှိတယ်။ လိုလေ သေးမရှိ အိပ်ယာခေါင်းအုံးက အစ ပေါ့။ ညကြတော့ ထမင်းကျွေး တယ်။ လိုလေသေးမရှိ စားလို့ သောက်လို့ အလွန်အရသာရှိတာ။ အိမ်သာသွားချင်ရင်လည်း တယု တယ အကုန်တွဲပြီး ပို့တယ်။ ဒီလိုမျိုးကုပေးတဲ့ အဖွဲ့တွေကို လည်း အထူးအထူး ကျေးဇူးတင် တယ်။ အများကြီး ကျေးဇူးတင် တယ်။ လာမယ့်နှစ်တွေလည်း လာနိုင်ပါစေလို့ ဆုတောင်းပါ တယ်။”
“မျက်စိတစ်ဖက်မမြင်လို့ အခု တော့ကောင်းသွားပြီ၊ ကြည်သွား ပြီ ခွဲပေးတဲ့သူတွေကိုလည်း အများကြီး ကျေးဇူးတင်ပါတယ်။ သင်္ဘောကြီးပေါ်မှာ ထမင်းလည်း ကျွေးတယ်။ အကုန်လုံး အစစ အရာရာ လိုလေသေးမရှိဘူး။ မနက်စာလည်းကျွေးတယ်။ ညစာ လည်း ကျွေးတယ်။ အကုန်လုံး လည်း ဝမ်းသာပါတယ်။ သူတို့လုပ် ပေးတာကိုလည်း ပီတိတွေ ဖြစ်ပါ တယ်။ အခမဲ့လည်းကုပေးတယ်။ အကုန်လုံးအစစအရာရာ အဆင် ပြေအောင်လည်း လိုက်လုပ်ပေး တယ်။ တက်တာ ဆင်းတာက အစ အကုန်လိုက်လုပ်ပေးတယ်။ သူတို့လည်း ပင်ပန်းပါတယ်။ အကုန်လုံး ကျန်းကျန်းမာမာ ချမ်းချမ်းသာသာနဲ့ လိုရာခရီး တွေ ရောက်ပါစေလို့ ဆုတောင်း ပေးပါတယ်။”
“အဆီအကြိတ်လေးဖြစ်နေလို့ လာခွဲတာပေါ့။ ဒီရောက်လာတော့ သူတို့ နွေးနွေးထွေးထွေးပါပဲ ကြိုဆိုကြတယ်။ ကျွန်တော်တို့ ဒေသလေးက မြို့ပေါ်သာ ပြော တယ်။ မြို့လေးက သေးသေးလေး ဆိုတော့ ဖွံ့ဖြိုးမှုလည်း နည်းနည်း နောက်ကျတယ်လေ။ အဲ့တာ ကြောင့် ကျန်းမာရေးနဲ့ပတ်သက် လို့ ယခုလိုမျိုး အခမဲ့ လာရောက် ကုသပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။ အမြဲတမ်း လည်း မကြာမကြာ လာစေချင်ပါ တယ်။ ဆေးရုံက ခုတင် ၅၀ ပဲ ရှိတယ်လေ။ ခုတင် ၅၀ ပဲ ရှိတဲ့ အခါကြတော့ ဆရာဝန် အလုံ အလောက်မရှိဘူး။ ရောဂါတွေက လည်း မျိုးစုံရှိတယ်။ ဆရာဝန်က အလုံအလောက် မရှိတဲ့အခါကြ တော့ ခုလိုစုံစုံလင်လင်လာပြီး ကုသပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။ ခုလို လာရောက် ကုသပေးတဲ့အတွက် နိုင်ငံတော်အကြီးအကဲ အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ် တွေအားလုံး ကျေးဇူးအထူးတင် ရှိပါတယ်။”
သတင်းစဉ်