နေပြည်တော် ဖေဖော်ဝါရီ ၁၈
မကွေးတိုင်းဒေသကြီး အတွင်း ရောက်ရှိနေသော တပ်မတော် နယ်လှည့် အထူးဆေးကုသရေး အဖွဲ့သည် ယနေ့တွင် တောင်တွင်း ကြီးမြို့နယ် ဆတ်သွားကျေးရွာရှိ ပေါ်တော်မူဆုတောင်းပြည့်ဘုရားကြီးကျောင်းဓမ္မာရုံ၌ အခြေပြု၍ အဆိုပါကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ စုစုပေါင်း ၉၉၅ ဦးကို ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေး သည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၂၄၅ ဦး၊ ခွဲစိတ်ရောဂါ ၇၆ ဦး၊ ကလေး ရောဂါ ၃၇ ဦး၊ သားဖွားမီးယပ် ရောဂါ ၃၉ ဦး၊ အရိုးရောဂါ ၂၂၇ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါ ၅၈ ဦး၊ မျက်စိရောဂါ ၂၂၄ ဦး၊ သွားရောဂါ၂၂ ဦးနှင့်အထွေထွေ ရောဂါ ၆၇ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးသည်။ ထို့ပြင် အထွေထွေ ခွဲစိတ်လူနာ ခြောက်ဦး၊ မျက်စိ ကုသမှုလူနာ ၁၀ ဦး၊ ဓာတ်မှန်ရိုက် လူနာ ၈၉ ဦး၊ Ultrasound ဖြင့် စမ်းသပ်စစ်ဆေးလူနာ ၇၅ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၇၄ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၇၄ ဦးတို့ကို ရွေ့လျားဓာတ်မှန်ရိုက် ယာဉ်နှင့် ရွေ့လျားဓာတ်ခွဲခန်း ယာဉ်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ် စစ်ဆေးပေးခြင်းများ ဆောင်ရွက် ပေးသည်။
ထို့ပြင် နယ်လှည့်အထူး ဆေးကုသရေးအဖွဲ့က ဒေသခံ ပြည်သူများကို သွေးတိုးရောဂါနှင့် ဆီးချို၊ သွေးချိုရောဂါများ အကြောင်း ကျန်းမာရေးအသိ ပညာပေး ဟောပြောဆွေးနွေးခြင်း များ ဆောင်ရွက်ပေးပြီး ဆေးကုသ မှုခံယူနေသည့် ဒေသခံပြည်သူ များအား စားရေးအဆင်ပြေစေရန် အတွက် တာဝန်ရှိသူများနှင့် အလှူရှင်များက နေ့လယ်စာဖြင့် ဧည့်ခံ ကျွေးမွေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်



