
နေပြည်တော် ဒီဇင်ဘာ ၁၀
တပ်မတော် နည်းပညာတက္ကသိုလ် ၏ (၂၃) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်း အနားကို ယနေ့မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်တပ်နယ်ရှိ တပ်မတော်နည်း ပညာတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပရာ တပ်မတော်နည်းပညာ တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ကြည်ခိုင်၊ တပ်မတော်နည်းပညာ တက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒုတိယ ဗိုလ်မှူးကြီး မြင့်ဝင်း၊ တပ်မတော် နည်းပညာတက္ကသိုလ်မှ ပညာရေး အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ တပ်မတော်နည်းပညာ တက္ကသိုလ် ကျောင်းအုပ်ကြီး၊ ခေတ္တ ပါမောက္ခချုပ်နှင့် ပညာ ရေးအဖွဲ့ဝင်များ ဘွဲ့နှင်းသဘင်ခန်းမသို့ ဝင်ရောက်၍ သတ်မှတ် နေရာများတွင် နေရာယူကြပြီး နိုင်ငံတော် သီချင်းတီးမှုတ်ကာ ဘွဲ့နှင်း သဘင်အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် ခေတ္တပါမောက္ခချုပ်က ဘွဲ့နှင်းသဘင် ကျင်းပကြောင်း ကြေညာ ပြီး ဘွဲ့ယူမည့်သူများ စောင့်ထိန်းရမည့် ကျင့်ဝတ်များကို လိုက်နာကျင့်သုံးရန် ကတိခံဝန်မှုပြုခြင်းကို ဆောင်ရွက်ကြ သည်။
ဘွဲ့လက်မှတ်များချီးမြှင့်
ဆက်လက်၍ ခေတ္တပါမောက္ခချုပ်က မဟာအင်ဂျင်နီယာဘွဲ့ ရရှိသူ ၂၄ ဦး၊ အင်ဂျင်နီယာ ဘွဲ့လွန်ဒီပလိုမာဘွဲ့ရရှိသူ ၇၅ ဦးနှင့် အင်ဂျင်နီယာဘွဲ့ရရှိသူ ၁၇၇ ဦးကို ဘွဲ့လက်မှတ်များချီးမြှင့် အပ်နှင်း သည်။ ထို့နောက် ခေတ္တပါမောက္ခချုပ် က ဘွဲ့ရသူများအား ဘွဲ့များနှင့် လျော်ညီသော အမှတ်လက္ခဏာဖြစ်သည့် ဝတ်စုံများကို ဝတ်ဆင်ခွင့်ပြုခဲ့ပြီး ဘွဲ့နှင်း သဘင် မှတ်တမ်းစာအုပ်တွင် လက်မှတ် ရေးထိုးသည်။
ယင်းနောက် ခေတ္တပါမောက္ခချုပ်က ဘွဲ့နှင်းသဘင်မိန့်ခွန်း ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းကြောင်း ကြေညာကာ တပ်မတော်နည်းပညာ တက္ကသိုလ်ကျောင်းအုပ်ကြီး၊ ခေတ္တ ပါမောက္ခချုပ်နှင့် ပညာရေးအဖွဲ့ဝင်များ သည် ဘွဲ့နှင်းသဘင်ခန်းမမှ ပြန်လည်ထွက်ခွာသွားကြသည်။
ဘွဲ့များ ပေးအပ်ချီးမြှင့်
တပ်မတော် နည်းပညာတက္ကသိုလ် အနေဖြင့် ယနေ့အချိန်အထိ ဂုဏ်ထူး ဆောင်အင်ဂျင်နီယာ ပါရဂူဘွဲ့ရရှိသူ နှစ်ဦး၊ အင်ဂျင်နီယာ ပါရဂူဘွဲ့ရရှိသူ ၁၀၃ ဦး၊ မဟာအင်ဂျင်နီယာဘွဲ့ ရရှိသူ ၅၀၉ ဦး၊ အင်ဂျင်နီယာ မဟာဒဿနဘွဲ့ ရရှိသူ ငါးဦး၊ အင်ဂျင်နီယာဘွဲ့လွန် ဒီပလိုမာဘွဲ့ရရှိသူ ၃၀၄ ဦးနှင့် အင်ဂျင် နီယာ ပညာသင်ကြားရေး ဒီပလိုမာဘွဲ့ ရရှိသူ ၉၄ ဦး၊ အင်ဂျင်နီယာ ဘွဲ့ရရှိသူ ၇၃၇၈ ဦးကို ဘွဲ့များ ပေးအပ်ချီးမြှင့် နိုင်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်