
နေပြည်တော် မတ် ၂၆
တပ်မတော်(လေ)မှ လေ့ကျင့်ရေး ရဟတ်ယာဉ်ငယ်တစ်စင်းသည် ယနေ့နံနက်ပိုင်းတွင် ရဟတ်ယာဉ်မှူးတစ်ဦးနှင့် သင်တန်းသားတစ်ဦး လိုက်ပါ၍ လေ့ကျင့်ပျံသန်းလျက်ရှိစဉ် မိတ္ထီလာမြို့နယ် ပြည်သာယာ အနီးသို့ အရောက်၌ ရုတ်တရက် စက်ချို့ယွင်းမှုဖြစ်ပေါ်ခဲ့သဖြင့် မြေပြင် သို့ အရေးပေါ် ဆင်းသက်ခဲ့ရသည်။
ထိုသို့ ဆင်းသက်စဉ် ရဟတ်ယာဉ်မှူးနှင့် သင်တန်းသားတို့မှာ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့သော်လည်း လေ့ကျင့်ရေး ရဟတ်ယာဉ်ငယ်မှာ မတော်တဆ ပျက်စီးမှုရှိခဲ့ကြောင်းနှင့် သက်ဆိုင်ရာ တပ်ဌာနချုပ်သို့ ဆယ်တင်ဆောင်ရွက်ပြီးဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်