
နေပြည်တော် အောက်တိုဘာ ၄
တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှု ထမ်းများနှင့် စေတနာရှင်အလှူရှင် များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင် ကျောင်းများနှင့် ဘာသာရေး ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်း ခြင်းနှင့် ကျန်းမာရေးစစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက် ရှိသည်။
ယနေ့တွင် ပဲခူးတိုင်းဒေသ ကြီး ပဲခူးမြို့ရှိ သီရိမင်္ဂလာ ကြခတ်ဝိုင်းပရိယတ္တိစာသင်တိုက် သို့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ တောင်ပိုင်းတိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်းနှင့် အဖွဲ့ဝင်များက သွားရောက်၍ သံဃာတော်များ အား ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး နှင့် လှူဖွယ် ပစ္စည်းများကို ဆက်ကပ်လှူဒါန်း ကြသည်။
အလားတူ ရန်ကုန်တိုင်းဒေသ ကြီး လှည်းကူးမြို့နယ် အင်းတိုင် ကျေးရွာရှိ ရွှေလမင်းသာပုဗ္ဗာရုံ ကျောင်းတိုက်၊ သန်လျင်မြို့နယ် အမှုထမ်းရပ်ကွက်ရှိ မိုင်းယောင်း ကျောင်းတိုက်၊ ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ရှိ လယ်တီ ကျောင်းတိုက်နှင့် မန္တလေးတိုင်း ဒေသကြီး ချမ်းအေးသာစံမြို့နယ်၊ ပက်ကုန်းပျော်ဘွယ်ရပ်ရှိ မဟာ ဝိဇိတာရုံ ပရိယတ္တိစာသင်တိုက် တို့မှဆရာတော်၊ သံဃာတော်များ နှင့် သာသနာ့နွယ်ဝင် သီလရှင်များ အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နေ့ဆွမ်းများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် လှူဖွယ်ပစ္စည်းများကို တိုင်းစစ် ဌာနချုပ်အသီးသီးမှ တိုင်းမှူးများ နှင့်တာဝန်ရှိသူများက သွား ရောက် ဆက်ကပ်လှူဒါန်းကြ သည်။ ထို့အပြင် ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ လယ်တီ ကျောင်းတိုက်မှ သံဃာတော်များ အား အနောက်တောင်တိုင်း စစ်ဌာနချုပ်ရှိ နယ်မြေခံဆေး အဖွဲ့က လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်