တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ဆေး၊ အလှူငွေများ ပေးအပ်လှူဒါန်း

 

 

နေပြည်တော် ဒီဇင်ဘာ  ၆
တပ်မတော်   (ကြည်း၊  ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်  အလှူရှင်  များက  မြို့နယ်အသီးသီးရှိ  ဘုန်းတော်ကြီးကျောင်းများ၊   သာသနာ့နွယ်ဝင်   သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့  ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး နှင့် လှူဖွယ်ပစ္စည်းများ  လှူဒါန်း ခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်  ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်  ကုလားဝဲကျေးရွာရှိ     ထော်သွန်ကျောင်းတိုက်၊   ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့    အောင်မြေဘုံသာကျောင်းတိုက် ကန်ကြီး ထောင့်မြို့ ရွှေကျင်နိကာယ ဓမ္မရက္ခိတကျောင်းတိုက်၊    မန္တလေးတိုင်းဒေသကြီး ပြည်ကြီး တံခွန်မြို့နယ်ရှိ မြဝတီသီလရှင်တိုက်တို့မှ   ဆရာတော်၊ သံဃာတော်များနှင့်   သာသနာ့နွယ်ဝင်သီလရှင် များအတွက် ဆွမ်းဆန်တော်၊  ဆီ၊  ဆား၊ ပဲ အမယ်လေးမျိုး၊  ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး  အထောက် အကူပြုပစ္စည်းများ၊   နေ့ဆွမ်းများနှင့်   လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ    တိုင်းစစ်ဌာနချုပ် အသီးသီးမှ   တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း   သတင်းရရှိသည်။
သတင်းစဉ်