တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ဆေး၊ ဆွမ်းပဒေသာပင်အလှူငွေများပေးအပ်လှူဒါန်း

 

နေပြည်တော် အောက်တိုဘာ ၂၀


တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊  စစ်သည်၊ အရာထမ်း၊ အမှု ထမ်းများနှင့် စေတနာရှင်အလှူရှင် များက       မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီး         ကျောင်းများ၊ သာသနာ့နွယ်ဝင်    သီလရှင် ကျောင်းများနှင့်      ဘာသာရေး ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်း ခြင်းများကို  ဆောင်ရွက်လျက်ရှိ သည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်          မွန်ပြည်နယ်  မော်လမြိုင်မြို့    ရွှေတောင် ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသ ကြီး မှော်ဘီမြို့နယ် ကုလားကုန်း ကျေးရွာရှိ    သဲအင်းဂူတောရ ကျောင်းတိုက်၊   ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ YGW မိဘမဲ့ ကလေးများ    စောင့်ရှောက်ရေး ကျောင်းနှင့်   ဟိုင်းကြီးကျွန်းမြို့ သီရိမင်္ဂလာ     မိုးကုတ်ကျောင်း တိုက်၊  စစ်ကိုင်းတိုင်းဒေသကြီး  ကလေးမြို့ မဟာစည်သာသနာ့ ရိပ်သာကျောင်းတိုက်၊ ခန္တီးမြို့နယ် ဖားမောင်ကျေးရွာ ထေရဝါဒဗုဒ္ဓ သာသနာပြု     ကျောင်းတိုက်နှင့် မန္တလေးတိုင်းဒေသကြီး မန္တလေး မြို့      ပြည်ကြီးတံခွန်မြို့နယ် မဟာသုန္ဒာရာမပရိယတ္တိ စာသင် တိုက်တို့ရှိ   ဆရာတော်၊  သံဃာ တော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအတွက် ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြု  ပစ္စည်းများ၊ နဝကမ္မအလှူငွေများ၊  နေ့ဆွမ်း များနှင့်  လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ    တိုင်းစစ်ဌာနချုပ် အသီးသီးမှ    တိုင်းမှူးများနှင့် တာဝန်ရှိသူများက   သွားရောက် ဆက်ကပ်   လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။          

သတင်းစဉ်