
နေပြည်တော် ဇန်နဝါရီ ၁
တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင် များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်း များ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန် တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် တောတိုက်ရပ်ကွက် ရှိ တောတိုက်ဓမ္မရိပ်သာကျောင်းတိုက်၊ ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့ လိပ်ဥကုန်း(စံပြ)ကျောင်း တိုက်၊ ရခိုင်ပြည်နယ် အမ်းမြို့နယ် စပ်စီကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ ဘူးသီးတောင်မြို့နယ် အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးမြို့ ပေါမိုင်းရပ်ကွက်ရှိ ထေရဝါဒဗုဒ္ဓ သာသနာပြု(ဗဟို)ကျောင်းတိုက်၊ မန္တလေးတိုင်းဒေသ ကြီး အောင်မြေသာဇံမြို့နယ် တိပိဋကရွှေဟင်္သာ ကျောင်းတိုက်တို့ရှိ ဆရာတော်၊ သံဃာတော်များနှင့် သာသနာ့နွယ်ဝင်သီလရှင်များအတွက် ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နဝကမ္မအလှူငွေ များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက် အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်း များကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်း ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်