တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ဆေး၊ အလှူငွေများပေးအပ်လှူဒါန်း

 

နေပြည်တော်  ဒီဇင်ဘာ   ၂၅


တပ်မတော်  (ကြည်း၊ ရေ၊  လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှု ထမ်းများနှင့် စေတနာရှင်  အလှူ ရှင်များက      မြို့နယ်အသီးသီး ရှိ  ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင်            သီလရှင် ကျောင်းများနှင့်      ဘာသာရေး ကျောင်းများသို့  ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ  အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ   ဆက်ကပ်လှူဒါန်း ခြင်းများ      ဆောင်ရွက်လျက် ရှိသည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်       ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့  အမှတ်(၆)ရပ်ကွက်ရှိ အရဟံဘုန်းတော်ကြီး ကျောင်း၊  ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်   ထောက်ကြန့် တောင်ပိုင်းရပ်ကွက်ရှိ    ရသေ့ တောင်ကျောင်းတိုက် ၊ ဧရာဝတီတိုင်းဒေသကြီး  ပုသိမ်မြို့    ဓမ္မဗိမာန်ကျောင်းတိုက်၊   စစ်ကိုင်း တိုင်းဒေသကြီး  ခန္တီးမြို့ရှိ တပ်ဦး နန္ဒဝန်ကျောင်းတိုက်၊     မန္တလေး တိုင်းဒေသကြီး    အောင်မြေသာစံ မြို့နယ်  စန္ဒရံသီ  သီလရှင် စာသင် တိုက်တို့ရှိ     ဆရာတော်၊    သံဃာ တော်များနှင့်   သာသနာ့နွယ်ဝင် သီလရှင်များအတွက် ဆွမ်းဆန် တော်၊  ဆီ၊   ဆား၊  ပဲ   အမယ် လေးမျိုး၊   နဝကမ္မ    အလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ရေး အထောက်အကူပြု  ပစ္စည်းများ၊ နေ့ဆွမ်းများနှင့်  လှူဖွယ်ပစ္စည်း များကို   သက်ဆိုင်ရာ   တိုင်းစစ် ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူ များက   သွားရောက်ဆက်ကပ် လှူဒါန်းကြကြောင်း  သတင်းရရှိသည်။


သတင်းစဉ်