တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက  ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ဆေး၊ အလှူငွေများပေးအပ်လှူဒါန်း


 

နေပြည်တော်   ဒီဇင်ဘာ   ၁၃
တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊   စစ်သည်၊   အရာထမ်း၊ အမှုထမ်းများနှင့်     စေတနာရှင် အလှူရှင်များက မြို့နယ်အသီးသီး ရှိ    ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများ သို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုးနှင့် လှူဖွယ်ပစ္စည်း များလှူဒါန်းခြင်း၊    နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်း       နှင့် ကျန်းမာရေး     စစ်ဆေးပေးခြင်း များ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ  ယနေ့တွင် ရှမ်းပြည်နယ် (မြောက် ပိုင်း)    ကွမ်းလုံမြို့ရှိ   သာသနာ့ အလင်းရောင်   ဘုန်းတော်ကြီး ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသ ကြီး သန်လျင်မြို့နယ် ဘော့သပြေ ကန်ကျေးရွာရှိ    အလယ်ကျောင်း တိုက်၊    ဧရာဝတီတိုင်းဒေသကြီး  ဟိုင်းကြီးကျွန်းမြို့ရှိ သဒ္ဓမ္မဇောတိ ကာရုံ        ပရိယတ္တိစာသင်တိုက် (ယာပုံ)၊   ဓနုဖြူမြို့ရှိ   စိတ္တသုခ ကျောင်းတိုက်နှင့် မန္တလေးတိုင်း ဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ရှိ သာသနာသုံးဆူ ဘုန်းတော်ကြီး ကျောင်းတိုက်တို့မှ  ဆရာတော်၊ သံဃာတော်များနှင့်     သာသနာ့ နွယ်ဝင်    သီလရှင်များအတွက် ဆွမ်းဆန်တော်၊    ဆီ၊   ဆား၊   ပဲ အမယ် လေးမျိုး၊ နဝကမ္မအလှူငွေ များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေး     အထောက်အကူပြုပစ္စည်း များ၊    နေ့ဆွမ်းများနှင့်   လှူဖွယ် ပစ္စည်းများကို       သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်     အသီးသီးမှ တာဝန်ရှိသူများက   သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်