တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ဆေး၊ အလှူငွေများပေးအပ်လှူဒါန်း

 

 

နေပြည်တော်   နိုဝင်ဘာ    ၁၅
တပ်မတော် (ကြည်း၊ ရေ၊  လေ)   အရာရှိ၊   စစ်သည်၊ အရာထမ်း၊   အမှုထမ်းများနှင့်    စေတနာရှင်   အလှူရှင်များက မြို့နယ်အသီးသီး ရှိ   ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင်      သီလရှင် ကျောင်းများနှင့်    ဘာသာရေး ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်း ခြင်းများကို ဆောင်ရွက်လျက်ရှိ သည်။
ထိုသို့     ဆောင်ရွက်လျက် ရှိရာ   ယနေ့တွင်    ရှမ်းပြည်နယ် (တောင်ပိုင်း)    ကွန်ဟိန်းမြို့ရှိ အောင်မင်္ဂလာ  ဘုန်းတော်ကြီး ကျောင်း၊ ကရင်ပြည်နယ် မြဝတီ မြို့ရှိ မြသုခကျောင်းတိုက်၊ရန်ကုန် တိုင်းဒေသကြီး သန်လျင်မြို့နယ် ဘုရားကုန်းရပ်ကွက်ရှိ  ဓမ္မပါလ ကျောင်းတိုက်နှင့်   ဒလမြို့နယ် ညောင်ချောင်းကျေးရွာရှိ ညောင်  ချောင်း  ရွာဦးကျောင်းတိုက်တို့ရှိ ဆရာတော်၊ သံဃာတော်များနှင့် သာသနာ့နွယ်ဝင်   သီလရှင်များ အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ  အမယ် လေးမျိုး၊   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက် အကူပြုပစ္စည်းများ၊    နေ့ဆွမ်း များနှင့်   လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ   တိုင်းစစ်ဌာနချုပ် အသီးသီးမှ      တိုင်းမှူးများနှင့် တာဝန်ရှိသူများက   သွားရောက် ဆက်ကပ်  လှူဒါန်းကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်