
နေပြည်တော် နိုဝင်ဘာ ၁၀
တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်း များနှင့် စေတနာရှင်အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေး ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ တောင်ပေါ်ကျောင်း၊ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့ နယ် စော်ဘွားကြီးကုန်းရပ်ကွက်ရှိ အာသောကာရုံကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် တောင်စလင်းတိုက်သစ် ရှိ အဂ္ဂမဟာသဒ္ဓမ္မဇောတိကကျောင်း၊ ပြင်ဦးလွင်မြို့ရှိ ဝိသုဒ္ဓါရုံကျောင်း တိုက်၊ ရွှေစေတီကျောင်းတိုက်၊ ဗြဟ္မဝိဟာရကျောင်းတိုက်၊ နားချိုက် ဘုန်းတော်ကြီးကျောင်းတိုက်နှင့် စဉ့်ကူးမြို့နယ် တောင်အင်းကျေးရွာဘုန်းတော်ကြီးကျောင်းတို့ရှိ ဆရာတော်၊ သံဃာတော်များနှင့် သာသနာ့ နွယ်ဝင် သီလရှင်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်