တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေး၊ ဆွမ်းပဒေသာပင်အလှူငွေများ လှူဒါန်း

နေပြည်တော်  စက်တင်ဘာ ၂၀


တပ်မတော်(ကြည်း၊ ရေ၊ လေ)  အရာရှိ၊  စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင် များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်း များ၊  သာသနာ့နွယ်ဝင်  သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမည် လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ  ဆောင်ရွက်လျက် ရှိသည်။


သွားရောက်ဆက်ကပ်လှူဒါန်း


ထိုသို့ဆောင်ရွက်လျက်ရှိရာ        ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်ရှိ ရတနာစံ   ပရိယတ္တိစာသင်တိုက်၊    ရွာသစ်ကြီး ကျောင်းတိုက်၊   မဟာဝိဇ္ဇာသိပ္ပံ   ကျောင်းတိုက်၊ တပ်ကုန်းမြို့နယ်ရှိ ကျောက်စရစ်ကုန်းကျောင်းတိုက်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)          နောင်ချိုမြို့ရှိ သဖန်းကိုင်း ပရဟိတဘုန်းတော်ကြီးကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ဥက္ကံမြို့ ဗိုလ်ချုပ်အောင်ဆန်း ရပ်ကွက်ရှိ မင်္ဂလာတိုက်ကျောင်း ကျောင်းတိုက်၊ သန်လျင်မြို့နယ် ကရင်ဆိပ်ကျေးရွာ ရှိ  အောင်မင်္ဂလာကျောင်းတိုက်၊    ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတမြို့ရှိ သကျဓီတာပညာပါရမီ ကျောင်း၊ သာပေါင်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် မန္တလေးတိုင်းဒေသကြီး အမရပူရ မြို့နယ် မဟာဂန္ဓာရုံကျောင်းတိုက်တို့ရှိ ဆရာတော်၊ သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များ အတွက်      ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမည် ‌လေးမျိုး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများနှင့်     လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ  တာဝန်ရှိသူ များက သွားရောက်ဆက်ကပ်လှူဒါန်းကြသည်။


ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးပေး


ထို့ပြင်  ရှမ်းပြည်နယ်(မြောက်ပိုင်း)  လားရှိုး မြို့ရှိ ကုန်းရုံးကျောင်းတိုက်နှင့် ဇောတိကကံအောင် မင်္ဂလာကျောင်းတိုက်တို့ရှိ ဆရာတော်၊ သံဃာတော် များနှင့် သာသနာ့နွယ်ဝင်သီလရှင်များအား အရှေ့ မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးအဖွဲ့များက မြို့နယ်ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်း များနှင့် ပူးပေါင်း၍ ယနေ့နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးပေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။    

             
 သတင်းစဉ်