တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

 

နေပြည်တော်    ဩဂုတ်    ၃၁


တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင် များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်း များ၊    သာသနာ့နွယ်ဝင်    သီလရှင်ကျောင်းများ၊ ဘာသာရေးကျောင်းများနှင့် ဘိုးဘွားရိပ်သာများသို့ ဆွမ်းဆန်တော်၊  ဆီ၊  ဆား၊  ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊    နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများကို   ဆောင်ရွက်လျက် ရှိသည်။

 


ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန် တိုင်းဒေသကြီး  မင်္ဂလာဒုံမြို့နယ် ကြံခင်းစုရပ်ကွက်ရှိ ပဇ္ဇောတာရာမကျောင်းတိုက်၊ ဒိုက်ဦးကျောင်းတိုက်၊ ပွင့်ဦးကျောင်းတိုက်၊       ဘဝမ်းကျောင်းတိုက်နှင့် ပညာတံခွန်ကျောင်းတိုက်၊         မှော်ဘီမြို့နယ် မြိုင်သာယာကျေးရွာရှိ သာသနာ့ဗိမာန်ကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး    ပုသိမ်မြို့ရှိ    ကုန်းသာ ကျောင်းတိုက်၊ ဟင်္သာတမြို့ရှိ  မြသိင်္ဂီစာသင်တိုက်၊ မင်္ဂလာရာမသီလရှင်    စာသင်တိုက်၊    ရတနာမွန် သီလရှင်စာသင်တိုက်၊     အပြင်ပတ္တမြားသီလရှင် စာသင်တိုက်နှင့်  ရေတံခွန်သီလရှင်  စာသင်တိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ သာစည်ရပ်ကွက်ရှိ သာသနာဓမ္မသုခကျောင်းတိုက်နှင့် မန္တလေးတိုင်း ဒေသကြီး ပုသိမ်ကြီးမြို့နယ်  ရန်ကင်းတောင်ခြေရှိ ချမ်းမြရံသီပရိယတ္တိ စာသင်တိုက်၊ ပျော်ဘွယ်မြို့နယ် ရန်အောင်ကျေးရွာရှိ ဇေယျုတောင်တောရ ဘုန်းတော် ကြီးကျောင်း၊   မိတ္ထီလာမြို့နယ် မြှာကျေးရွာအုပ်စု ရဝေကျေးရွာရှိ တပ်ဦးတောရ ဘုန်းတော်ကြီးကျောင်း၊ ကျောင်းရွာတောရ ဘုန်းတော်ကြီးကျောင်း၊ သာစည် မြို့နယ်  ယင်းမာပင်ကျေးရွာရှိ   လုမ္ပနီသစ်တစ်ပင် တောင်ပေါ်ကျောင်းတို့မှ        သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး  အထောက်အကူ ပြုပစ္စည်းများ၊  နေ့ဆွမ်းများနှင့်   လှူဖွယ်ပစ္စည်း များကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ  တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ ကြပြီး   နယ်မြေခံဆေးအဖွဲ့များက   လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်