တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

နေပြည်တော် စက်တင်ဘာ ၁၀ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်း များနှင့် စေတနာရှင်အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများ၊ ဘာသာရေး ကျောင်းများနှင့် ဘိုးဘွားရိပ်သာများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေး ခြင်းများကို ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့ရှိ အောင်တော်မူကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာဒုံမြို့နယ် အနန်းပင်ရပ်ကွက်နှင့် ကြံခင်းစုရပ်ကွက်ရှိ ရွှေဥမင် တောရရိပ်သာကျောင်းတိုက်၊ အနန်းပင်တောရကျောင်းတိုက်၊ မြတောင် ညိုကျောင်းတိုက်၊ သုခိတာရုံကျောင်းတိုက်၊ စမ်းချောင်းကျောင်းတိုက်၊ အမှတ်(၃/ခ)ရပ်ကွက်ရှိ ရွှေစေတီကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ ဒက္ခိဏာရုံကျောင်းတိုက်၊ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ရှိ အေးစေတီဘုန်းတော်ကြီးကျောင်း၊ ဂွမြို့ရှိ တောရကျောင်း၊ မကွေးတိုင်း ဒေသကြီး တောင်တွင်းကြီးမြို့ မောင်းတိုင်(၂)ရပ်ကွက်ရှိ ငှက်ပစ်တောင် ကျောင်းတိုက်၊ ကွင်းမြှောင်ကျေးရွာရှိ အောင်တော်မူတပ်ဦးကျောင်း တိုက်၊ သရက်မြို့နယ် စမ်းအိုင့်ကျေးရွာရှိ စမ်းအိုင့်ရွာအရှေ့ ဘုန်းတော် ကြီးကျောင်း၊ ကျောက်အိုးကျေးရွာရှိ သမင်ဇာတောရတပ်ဦးကျောင်း၊ အောင်လံမြို့၊ ဇေယျဝတီရပ်ကွက်ရှိ မြို့ဦးစာသင်ကျောင်းတိုက်၊ ကျောက်ပန်းတောင်းကျေးရွာရှိ ကျောက်ပန်းတောင်းကျောင်းတိုက် နှင့် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ရွာဘဲရပ်ကွက်ရှိ ရတနာပါဒဘုန်းတော်ကြီးကျောင်းတို့မှ သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင် များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နဝကမ္မ အလှူငွေ များ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် များမှ တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းကြပြီး နယ်မြေခံဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေး ခြင်းများ ဆောင်ရွက်ပေးသည်။ ထို့အပြင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိ အသက် (၇၀) နှစ် အထက် သက်ကြီးရွယ်အို အဘိုး၊ အဘွား ၂၇ ဦးနှင့် မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့ မောင်းတိုင်(၂)ရပ်ကွက်ရှိ အဘိုး၊ အဘွားများအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အလှူ ငွေများ၊ လူသုံးကုန်ပစ္စည်းများနှင့် အာဟာရ ဖြည့်စားသောက်ဖွယ် ရာများ သွားရောက်လှူဒါန်းခဲ့ကြပြီး နယ်မြေခံဆေးအဖွဲ့များက လိုအပ် သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။ သတင်းစဉ်